နေ့စဥ်သတင်း

ကောင်းတပ်ရွာ ပေါက်ကွဲမှုအတွင်းမှ ပြည်သူများ၏ ရွှေ၊ ငွေကြေးနှင့် စာရွက်စာတမ်းများ ကယ်ဆယ်ရေးအဖွဲ့များ ရှာဖွေ အပ်နှံပေး

မဲခေါင် 4 Jun - 2026
မဲခေါင်၊ ဇွန် ၄ တအာင်းတပ်ဖွဲ့ – TNLAထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာတွင် ဖြစ်ပွားသည့် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုအတွင်း ပြည်သူများ၏ ရွှေငွေ စာရင်းအင်းများကို ရှာဖွေကာ ပိုင်ရှင်ထံ ပြန်လည်အပ်နှံခဲ့သည်ဟု မြေပြင်ကယ်ဆယ်ရေး လုပ်ဆောင်နေသူတစ်ဦးကပြောသည်။ ပိုင်ရှင်များ၏ အကူအညီ တောင်းခံမှုအရ ကယ်ဆယ်ရေးအဖွဲ့များက ပြန်လည်ရှာဖွေပေးခြင်းဖြစ်ပြီး ရှာဖွေမှုအတွင်း ရွှေ၊ ငွေကြေးများနှင့် အိမ်ထောင်စုဇယား စသည်များကို တွေ့ရှိခြင်းဖြစ်ကြောင်း ၎င်းသတင်းရင်းမြစ်က ပြောသည်။ “ပျက်စီးသွားတဲ့ အိမ်တွေ ပြိုလဲထားတဲ့ အိမ်တွေပေါ့။ လူက ဘေးကင်းတဲ့အိမ်တွေက မိသားစုဝင်တွေက အကူအညီတောင်းတယ်။ အိပ်ရာ ဒီနား ဒီနားလေးမှာရှိတယ်။ ကျနော်တို့ရဲ့ ဖုန်းတွေ ရွှေတွေ ငွေတွေ အိမ်ထောင်စုတွေ ကျန်ခဲ့တယ်ပေါ့၊ တချို့က

မဲခေါင်၊ ဇွန် ၄

တအာင်းတပ်ဖွဲ့ – TNLAထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာတွင် ဖြစ်ပွားသည့် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုအတွင်း ပြည်သူများ၏ ရွှေငွေ စာရင်းအင်းများကို ရှာဖွေကာ ပိုင်ရှင်ထံ ပြန်လည်အပ်နှံခဲ့သည်ဟု မြေပြင်ကယ်ဆယ်ရေး လုပ်ဆောင်နေသူတစ်ဦးကပြောသည်။

ပိုင်ရှင်များ၏ အကူအညီ တောင်းခံမှုအရ ကယ်ဆယ်ရေးအဖွဲ့များက ပြန်လည်ရှာဖွေပေးခြင်းဖြစ်ပြီး ရှာဖွေမှုအတွင်း ရွှေ၊ ငွေကြေးများနှင့် အိမ်ထောင်စုဇယား စသည်များကို တွေ့ရှိခြင်းဖြစ်ကြောင်း ၎င်းသတင်းရင်းမြစ်က ပြောသည်။

“ပျက်စီးသွားတဲ့ အိမ်တွေ ပြိုလဲထားတဲ့ အိမ်တွေပေါ့။ လူက ဘေးကင်းတဲ့အိမ်တွေက မိသားစုဝင်တွေက အကူအညီတောင်းတယ်။ အိပ်ရာ ဒီနား ဒီနားလေးမှာရှိတယ်။ ကျနော်တို့ရဲ့ ဖုန်းတွေ ရွှေတွေ ငွေတွေ အိမ်ထောင်စုတွေ ကျန်ခဲ့တယ်ပေါ့၊ တချို့က ပလတ်စတစ်နဲ့ လောင်းထားတယ်။ ကျနော်တို့ ရှာဖွေပေးပြီးတော့ အိမ်ထောင်စုတွေ ရွှေတွေ ငွေတွေ စမတ်ကတ်တွေ အနည်းအများဖြစ်ဖြစ် တွေ့ရှိလာတာတွေကို မိသားစုဝင်တွေကို ပြန်လည်အပ်နှံပေးတာရှိပါတယ်”ဟု မြေပြင်ကယ်ဆယ်ရေးလုပ်ဆောင်နေသူတစ်ဦးက ပြောသည်။

သို့သော် အချို့နေအိမ်များမှာ မြေကြီးဖုံးသွားသဖြင့် ရှာဖွေရခက်ခဲခြင်း၊ မိုးရွာသဖြင့် အချို့ အိမ်ရှင်များ၏ စာရွက်စာတမ်းများမှာ ပျက်စီးသွားခြင်းလည်းရှိကြောင်း ၎င်းကပြောသည်။

“တချို့အိမ်ကတော့ မြေကြီးဖုံးသွားတော့ ရှာဖွေမရတာတွေ ရှိသေးတယ်။ ပြီးတော့ ရှာဖွေတွေ့ရှိတဲ့ ဟာတွေလည်း မိုးတွေရွာထားတော့ အိမ်ထောင်စုဇယားတွေ စာချုပ်စာတန်းတွေကို ပလတ်စတစ် မလောင်းထားတော့ ပျက်စီးသွားတဲ့ဟာတွေလည်း ရှိတယ်။ ရှာဖွေတွေ့ရှိတဲ့ ခန့်မှန်းခြေ တန်ဖိုးတွေကိုတော့ ကျနော်တို့လည်း မပြောပြတတ်၊ မတွက်တတ်ဘူး”ဟု ၎င်းက ပြောသည်။

ထို့ပြင် ဆုံးရှုံးမှုများသည့် ယင်းပေါက်ကွဲမှုအတွင်း ထိခိုက်ခံစားရသည့် ပြည်သူများအား ပြန်လည် ထူထောင်ပေးရန် အကူအညီများလည်း လိုအပ်နေသည်ဟု ဆိုသည်။

ကောင်းတပ်ကျေးရွာတွင် သိုလှောင်ထားသည့် ယမ်းပျော့များ ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၄၃ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၁၂ ဦးရှိသည်ဟု တအာင်းတပ်ဖွဲ့ – TNLA က ယမန်နေ့ညတွင် သတင်းထုတ်ပြန်ထားပြီး လက်ရှိတွင် သေဆုံးသူတစ်ဦး ထပ်မံ တွေ့ရှိသဖြင့် သေဆုံးသူ အရေအတွက်လည်း တိုးလာလျက်ရှိသည်။

နမ့်ခမ်းမြို့ကပ်လျက်တွင် တည်ရှိသည့် ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေးလုပ်ငန်း၌ အသုံးပြုရန် သိုလှောင်ထားသည့် TNLA စီးပွားရေးဌာနပိုင် ယမ်းပျော့များ မေ ၃၁.ရက်တွင် ပေါက်ကွဲမှု ဖြစ်ပွားရာ ထိခိုက်သေဆုံးမှု အများအပြားရှိနေခြင်း ဖြစ်သည်။

ယင်းအလွန်ပြင်းထန်သည့် ယမ်းပျော့များ ပေါက်ကွဲမှုကြောင့် ကောင်းတပ်ကျေးရွာ တစ်ခုလုံးနီးပါး ပျက်စီးသွားပြီဖြစ်ပြီး ပြန်လည် ထူထောင်ရေးအတွက် အကူအညီများစွာ လိုအပ်နေသည်ဟုလည်း မြေပြင်တွင် ကူညီရေးလုပ်ငန်း ဆောင်ရွက်နေသူများကပြောသည်။

#MeKongNews
#ကောင်းတပ်ရွာ
#ပေါက်ကွဲမှု
#ပြည်သူများ
#ကယ်ဆယ်ရေးအဖွဲ့များ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now