နေ့စဥ်သတင်း

မိုင်းလားတွင် NDAA ရဲတပ်ဖွဲ့နှင့် တရုတ်လုံခြုံရေးဗျူရို ပူးပေါင်း၍ အွန်လိုင်းငွေလိမ်နှင့် လူကုန်ကူးဂိုဏ်းတစ်ခုကို ဝင်ရောက်စီးနင်း

မဲခေါင် 27 May - 2026
မဲခေါင်၊ မေ ၂၇ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) ထိန်းချုပ်ရာ အထူးဒေသ (၄) မိုင်းလားမြို့တွင် မိုင်းလားဒေသရဲတပ်ဖွဲ့နှင့် တရုတ်အစိုးရ ပြည်သူ့လုံခြုံရေးဗျူရိုတို့ ပူးပေါင်းကာ ယမန်နေ့ညပိုင်းက အွန်လိုင်းငွေလိမ်နှင့် လူကုန်ကူးဂိုဏ်းတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ယမန်နေ့ မေလ ၂၆ ရက် ညပိုင်းက မိုင်းလားမြို့ရှိ တရုတ်နိုင်ငံသား လုပ်ငန်းရှင်တစ်ဦး ခေါင်းဆောင်ဖွင့်လှစ်ထားသည့် ကျားဖြန့် အွန်လိုင်းငွေလိမ်နှင့် လူကုန်ကူးဂိုဏ်း အခြေစိုက်ရာ တိုက်ခန်းတစ်ခုကို မိုင်းလားဒေသရဲတပ်ဖွဲ့နှင့် တရုတ်ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ အရပ်ဝတ်များဖြင့် ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။ ယင်းဂိုဏ်းအခြေစိုက်ရာ တိုက်ခန်းအတွင်း၌ လူကုန်ကူးခံရပြီး လိင်ကျွန်ပြုခံထားရသည့် တရုတ်နိုင်ငံသား အမျိုးသမီးငယ်များနှင့် မြန်မာပြည်မမှ မိန်းကလေးငယ်များကို အသုံးချကာ ညစ်ညမ်းဗီဒီယိုများ ရိုက်ကူးထုတ်လုပ်

မဲခေါင်၊ မေ ၂၇

အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) ထိန်းချုပ်ရာ အထူးဒေသ (၄) မိုင်းလားမြို့တွင် မိုင်းလားဒေသရဲတပ်ဖွဲ့နှင့် တရုတ်အစိုးရ ပြည်သူ့လုံခြုံရေးဗျူရိုတို့ ပူးပေါင်းကာ ယမန်နေ့ညပိုင်းက အွန်လိုင်းငွေလိမ်နှင့် လူကုန်ကူးဂိုဏ်းတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ယမန်နေ့ မေလ ၂၆ ရက် ညပိုင်းက မိုင်းလားမြို့ရှိ တရုတ်နိုင်ငံသား လုပ်ငန်းရှင်တစ်ဦး ခေါင်းဆောင်ဖွင့်လှစ်ထားသည့် ကျားဖြန့် အွန်လိုင်းငွေလိမ်နှင့် လူကုန်ကူးဂိုဏ်း အခြေစိုက်ရာ တိုက်ခန်းတစ်ခုကို မိုင်းလားဒေသရဲတပ်ဖွဲ့နှင့် တရုတ်ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ အရပ်ဝတ်များဖြင့် ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။

ယင်းဂိုဏ်းအခြေစိုက်ရာ တိုက်ခန်းအတွင်း၌ လူကုန်ကူးခံရပြီး လိင်ကျွန်ပြုခံထားရသည့် တရုတ်နိုင်ငံသား အမျိုးသမီးငယ်များနှင့် မြန်မာပြည်မမှ မိန်းကလေးငယ်များကို အသုံးချကာ ညစ်ညမ်းဗီဒီယိုများ ရိုက်ကူးထုတ်လုပ် ဖြန့်ချိနေသည်ကိုပါ စစ်ဆေးတွေ့ရှိရသဖြင့် သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

“လက်ရှိ ဖမ်းဆီးရမိတဲ့ လူဦးရေအတိအကျကိုတော့ စာရင်းမရသေးပါဘူး။ အခုက မိုင်းလားမှာ တရုတ်ရဲတပ်ဖွဲ့က ရုံးခွဲငယ်တစ်ခု ဖွင့်လှစ်ပြီး စစ်ဆင်ရေးသဘောမျိုး ပူးပေါင်းလုပ်ဆောင်နေတာ ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

ယခုလက်ရှိတွင် တရုတ်အစိုးရ ပြည်သူ့လုံခြုံရေးဗျူရိုသည် မိုင်းလားဒေသတွင် ရုံးခွဲငယ်တစ်ခု ဖွင့်လှစ်ထားရှိပြီး မိုင်းလားဒေသရဲတပ်ဖွဲ့ကို ခေတ်မီအထောက်အကူပြု ကိရိယာများ တပ်ဆင်ပေးခြင်းအပါအဝင် လိုအပ်သည့် နည်းပညာနှင့် ပံ့ပိုးမှုများ ပေးထားကြောင်း သိရသည်။

ပြီးခဲ့သည့် သီတင်းပတ်များအတွင်းကလည်း တရုတ်အစိုးရက ဖမ်းဝရမ်းထုတ်ထားသည့် ကျားဖြန့်ငွေလိမ်ဂိုဏ်းများနှင့် ပတ်သက်ဆက်နွှယ်သူ တရုတ်နိုင်ငံသား ၃၀၀ နှင့် ၄၀၀ ကြားကို ဖမ်းဆီးရမိခဲ့ပြီး တရုတ်နိုင်ငံဘက်သို့ တာလော့နယ်စပ်ဂိတ်မှတစ်ဆင့် လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

#MeKongNews
#မိုင်းလား
#အထူးဒေသ၄
#ကျားဖြန့်
#တရုတ်အစိုးရ
#လူကုန်ကူး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now