နေ့စဥ်သတင်း

ထိုင်းရောက် ပအိုဝ်းဆယ်လီ ခွန်သန်းထက်အား ဓားဖြင့်ခုတ်၍ ဘတ် ၇ ထောင်ကျော် ဓားပြတိုက်သွား

မဲခေါင် 10 May - 2026
မဲခေါင်၊ မေ ၁၀ PNO ၏ စစ်မှုထမ်းခေါ်ယူမှုကြောင့် ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်နေသည့် ပအိုဝ်းလူမျိုး နာမည်ကြီး ဆယ်လီတစ်ဦးဖြစ်သူ ခွန်သန်းထက်သည် ယမန်နေ့ မေ ၉ ရက် ညပိုင်းတွင် ဓားပြတိုက်ခံရပြီး ဓားဖြင့်ခုတ်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ၎င်းသည် ဘန်ကောက်မြို့ ဘန်ကပီကုန်တိုက်ဘက်မှ လမ်စလီဘက်သို့ လူကူးတံတားပေါ်မှ ပြန်လာစဉ် အမည်မသိလူများ၏ လုယက်တိုက်ခိုက်မှုကို ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ “ကျနော် စဖန်ပေါ် ပြန်လာတဲ့အချိန် ဓားပြတိုက်ခံရတာပါ။ ညဖက်ဆိုတော့ လူမရှိပါဘူး။ ကျနော့်ကိုလည်း ဓားနဲ့ ခုတ်သွားတယ် လက်နှစ်ဖက်စလုံး ဓားဒဏ်ရာတွေနဲ့ ပြီးရင် ခေါင်းကိုလည်း ထိုးတယ် ကျောနဲ့ ဗိုက်ကိုလည်း ကန်တယ်။ ညဖက် တစ်ယောက်တည်းဆိုရင်

မဲခေါင်၊ မေ ၁၀

PNO ၏ စစ်မှုထမ်းခေါ်ယူမှုကြောင့် ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်နေသည့် ပအိုဝ်းလူမျိုး နာမည်ကြီး ဆယ်လီတစ်ဦးဖြစ်သူ ခွန်သန်းထက်သည် ယမန်နေ့ မေ ၉ ရက် ညပိုင်းတွင် ဓားပြတိုက်ခံရပြီး ဓားဖြင့်ခုတ်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

၎င်းသည် ဘန်ကောက်မြို့ ဘန်ကပီကုန်တိုက်ဘက်မှ လမ်စလီဘက်သို့ လူကူးတံတားပေါ်မှ ပြန်လာစဉ် အမည်မသိလူများ၏ လုယက်တိုက်ခိုက်မှုကို ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“ကျနော် စဖန်ပေါ် ပြန်လာတဲ့အချိန် ဓားပြတိုက်ခံရတာပါ။ ညဖက်ဆိုတော့ လူမရှိပါဘူး။ ကျနော့်ကိုလည်း ဓားနဲ့ ခုတ်သွားတယ် လက်နှစ်ဖက်စလုံး ဓားဒဏ်ရာတွေနဲ့ ပြီးရင် ခေါင်းကိုလည်း ထိုးတယ် ကျောနဲ့ ဗိုက်ကိုလည်း ကန်တယ်။ ညဖက် တစ်ယောက်တည်းဆိုရင် လုံးဝမသွားပါနဲ့နော်”ဟု ၎င်း၏ လှုမှုကွန်ရက်စာမျက်နှာတွင် ငိုကြွေး မျှ‌ဝေထားသည်။

ယင်းဖြစ်စဉ်အတွင်း ခွန်သန်းထက်ထံမှ ထိုင်းဘတ်ငွေ ၇ ထောင်ကျော် ပါသွားခဲ့ပြီး ဓားဖြင့်ခုတ်ခံရသဖြင့် ထိခိုက်ဒဏ်ရာများလည်း ရရှိခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။

“အဲဒီလမ်စလီဖက် ပြန်တဲ့ တံတားကက ရှည်လည်းရှည်တယ်။ မှောင်လည်းမှောင်တယ် ဓားပြတိုက်ခံရတာ လုယက်ခံရတာတွေလည်း မကြာခန ကြားရတယ်။ ထိုင်းရောက်နေတဲ့ မြန်မာတွေအနေနဲ့ ညဖက်ဆို အဲလမ်း မသွားတာ ပိုလုံခြုံပါတယ်”ဟု ထိုင်းရောက် ‌ရွှေ့ပြောင်းလုပ်သားတစ်ဦးက ပြောသည်။

ခွန်သန်းထက်သည် မြန်မာနိုင်ငံတွင် ကျောင်းဆရာတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်ပြီး PNO ၏ စစ်မှုထမ်းခေါ်ယူမှုနှင့် ပတ်သက်သည့် အခြေအနေများကြောင့် ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ကြောင်း သိရသည်။

ခွန်သန်းထက်သည် ဟိုပုံးမြို့ဇာတိဖြစ်ပြီး “ပအိုဝ်းကောင်လေးပါ” သီချင်းဖြင့် လူမှုကွန်ရက်ပေါ်တွင် လူသိများလာ သည့် ပအိုဝ်းလူငယ်ဆယ်လီတစ်ဦး ဖြစ်သည်။

#MeKongNews
#ထိုင်းရောက်
#ခွန်သန်းထက်
#ဓားဖြင့်ခုတ်
#ဓားပြတိုက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now