နေ့စဥ်သတင်း

ရှမ်းအရှေ့နှင့် ရှမ်းတောင်မှ မြို့နယ်အချို့တွင် မိုးသက်လေပြင်းကျ

မဲခေါင် 28 Apr - 2026
မဲခေါင်၊ ဧပြီ ၂၈ ဧပြီလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသည့် အပူပိုင်းမိုးသက်လေပြင်းနှင့် မိုးသည်းထန်မှုများကြောင့် ရှမ်းပြည်ဒေသအချို့တွင် သဘာဝဘေးဒဏ်များ ခံစားခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ ဧပြီလ ၂၈ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် လေပြင်းတိုက်ခတ်မှုကြောင့် ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်၊ မိုင်းကန်ကျေးရွာအုပ်စုရှိ ကျကျီးလုံကျေးရွာတစ်ရွာလုံးနီးပါး အိမ်အမိုးများ လေနှင့်အတူ လွင့်ပါပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ထို့အတူ မိုင်းတုံမြို့နယ်၊ မိုင်းဟန်ကျေးရွာအုပ်စု၊ နားကောင်းမူးကျေးရွာရှိ သတိပဋ္ဌာန်ဘုန်းကြီးကျောင်းလမ်းတွင်လည်း သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့မှုများ ဖြစ်ပွားခဲ့သည်။ ပြီးခဲ့သည့် ဧပြီလ ၂၇ ရက် ညပိုင်းက လေဒဏ်မိုးဒဏ် ခံခဲ့ရသည့် တာချီလိတ်မြို့တွင်လည်း ယနေ့ ဧပြီလ ၂၈ ရက်၊ ညနေ ၃ နာရီခွဲခန့်၌

မဲခေါင်၊ ဧပြီ ၂၈

ဧပြီလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသည့် အပူပိုင်းမိုးသက်လေပြင်းနှင့် မိုးသည်းထန်မှုများကြောင့် ရှမ်းပြည်ဒေသအချို့တွင် သဘာဝဘေးဒဏ်များ ခံစားခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ ဧပြီလ ၂၈ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် လေပြင်းတိုက်ခတ်မှုကြောင့် ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်၊ မိုင်းကန်ကျေးရွာအုပ်စုရှိ ကျကျီးလုံကျေးရွာတစ်ရွာလုံးနီးပါး အိမ်အမိုးများ လေနှင့်အတူ လွင့်ပါပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အတူ မိုင်းတုံမြို့နယ်၊ မိုင်းဟန်ကျေးရွာအုပ်စု၊ နားကောင်းမူးကျေးရွာရှိ သတိပဋ္ဌာန်ဘုန်းကြီးကျောင်းလမ်းတွင်လည်း သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့မှုများ ဖြစ်ပွားခဲ့သည်။

ပြီးခဲ့သည့် ဧပြီလ ၂၇ ရက် ညပိုင်းက လေဒဏ်မိုးဒဏ် ခံခဲ့ရသည့် တာချီလိတ်မြို့တွင်လည်း ယနေ့ ဧပြီလ ၂၈ ရက်၊ ညနေ ၃ နာရီခွဲခန့်၌ မိုးသက်လေပြင်း ထပ်မံကျရောက်ခဲ့သည်။

ယင်းကြောင့် ကျိုင်းတုံ-တာချီလိတ် လမ်းမကြီးပေါ်ရှိ ဟွေခိုက် (၅၂၆) ကွေ့တွင် သစ်ပင်များလဲပြိုခြင်းနှင့် သစ်ကိုင်းများ ကျိုးကျခြင်းတို့ကြောင့် လမ်းခဏတာ ပိတ်ဆို့ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့တွင်လည်း ယနေ့ ညနေ ၄ နာရီခန့်က လေပြင်းတိုက်ခတ်မှုကြောင့် ပြည်ထောင်စုလမ်းနှင့် မြနန္ဒာရေထွက်ဦးလမ်းဆုံရှိ သီရိမင်္ဂလာအောင်ချမ်းသာစေတီတော် ထီးတော်တင်လှူပွဲအတွက် ပြုလုပ်ထားသော အဝင်မုခ်ဦး ပြိုကျပျက်စီးသွားခဲ့သည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မေလ ၄ ရက်နေ့အထိ ခန့်မှန်းချက်တွင် မိုးတိမ်တောင်များကြောင့် မိုးရွာသွန်းချိန်၌ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်တတ်သဖြင့် ပြည်သူများအနေဖြင့် လုံခြုံသော အဆောက်အအုံအတွင်း နေထိုင်ကြရန် သတိပေးနှိုးဆော်ထားသည်။

#MeKongNews
#ရှမ်းပြည်
#မိုးသက်လေပြင်း
#သဘာဝဘေး
#တာချီလိတ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now