နေ့စဥ်သတင်း

ရှမ်းပြည်တွင် စက်သုံးဆီ တစ်လီတာ ပျမ်းမျှ တစ်သောင်းခွဲကျပ် အထိရှိလာ

မဲခေါင် 27 Mar - 2026
မဲခေါင် ၊ မတ် ၂၇ ရှမ်းပြည်တွင် ဓာတ်ဆီ၊ ဒီဇယ်များ တစ်လီတာလျှင် တသောင်းခွဲကျပ် ပျှမ်းမျှဈေးဖြင့် ဝယ်သုံးနေရသည်ဟု ပြည်သူများက ပြောသည်။ စစ်ကောင်စီ၏ ရည်ညွှန်းဈေးနှုန်းမှာ ပျှမ်းမျှ ၆ ထောက်ကျပ်ဝန်းကျင် ဖြစ်သော်လည်း ပြည်သူများအမှန်တကယ် ဝယ်သုံးနေရသည့် ဈေးနှုန်းများမှာ ပျှမ်းမျှတစ်သောင်းခွဲကျပ်အထိ ရှိလာသည်။ ကျေးသီး၊ မိုင်းရှူး၊ လားရှိုး၊ မိုင်းကိုင်၊ မိုင်းနောင်၊ လဲချား စသည့်မြို့နယ်များတွင် ဓာတ်ဆီတစ်လီတာကျပ်အထိ ပေးဝယ်နေရပြီဖြစ်သည်။ “မနေ့က ၁၂၀၀၀ ကျပ်ပေးရတယ်။ ဒီမနက်ကျတော့ ချက်ချင်းကြီး ၁၅၀၀၀ ဖြစ်သွားတယ်”ဟု မိုင်းကိုင် ဒေသခံတစ်ဦးက ပြောသည်။ ထို့ပြင် လားရှိုးမြို့တွင် ဓာတ်ဆီ၊ ဒီဇယ် ဝယ်ယူခွင့်ရရန် ပြည်သူများသည် ညကတည်းကပင်

မဲခေါင် ၊ မတ် ၂၇

ရှမ်းပြည်တွင် ဓာတ်ဆီ၊ ဒီဇယ်များ တစ်လီတာလျှင် တသောင်းခွဲကျပ် ပျှမ်းမျှဈေးဖြင့် ဝယ်သုံးနေရသည်ဟု ပြည်သူများက ပြောသည်။

စစ်ကောင်စီ၏ ရည်ညွှန်းဈေးနှုန်းမှာ ပျှမ်းမျှ ၆ ထောက်ကျပ်ဝန်းကျင် ဖြစ်သော်လည်း ပြည်သူများအမှန်တကယ် ဝယ်သုံးနေရသည့် ဈေးနှုန်းများမှာ ပျှမ်းမျှတစ်သောင်းခွဲကျပ်အထိ ရှိလာသည်။

ကျေးသီး၊ မိုင်းရှူး၊ လားရှိုး၊ မိုင်းကိုင်၊ မိုင်းနောင်၊ လဲချား စသည့်မြို့နယ်များတွင် ဓာတ်ဆီတစ်လီတာကျပ်အထိ ပေးဝယ်နေရပြီဖြစ်သည်။

“မနေ့က ၁၂၀၀၀ ကျပ်ပေးရတယ်။ ဒီမနက်ကျတော့ ချက်ချင်းကြီး ၁၅၀၀၀ ဖြစ်သွားတယ်”ဟု မိုင်းကိုင် ဒေသခံတစ်ဦးက ပြောသည်။

ထို့ပြင် လားရှိုးမြို့တွင် ဓာတ်ဆီ၊ ဒီဇယ် ဝယ်ယူခွင့်ရရန် ပြည်သူများသည် ညကတည်းကပင် ဆီဆိုင်ရှေ့တွင် ကြိုတင် တန်းစီနေရသည်။

“ဆိုင်ကယ်စီးတဲ့ ဝန်ထမ်းတွေက တစ်ပတ်ကို ၃ လီတာ တန်းဆီစရာမလိုပဲ ဝယ်ခွင့်ပေးထားတယ်။ ဌာနဆိုင်ရာ အကြီးအကဲတွေ စစ်တပ်ကလူတွေကတော့ လိုသလောက် ရောင်းပေးရတယ်။ ပြည်သူကတော့ တန်းစီပြီး ဝယ်ရတယ်၊ တန်းမစီနိုင်ရင် အပြင်မှောင်ခိုဝယ်သုံးရတယ်”ဟု လားရှိုးမြို့ခံတစ်ဦးက ပြောသည်။

ထို့ပြင် တရုတ်ဘက်က ဆီတင်သွင်းခွင့် ပြန်မဖွင့်သေးသဖြင့် ရှမ်းပြည်မြောက်ပိုင်းရှိ နမ့်ခမ်းမြို့နယ်ဘက်တွင်မူ တလီတာလျှင် ၂ သောင်းခွဲကျပ်အထိ ဝယ်သုံးနေရသည်။

“နမ့်ခမ်းမှာက ဆီကားတွေ တရုတ်ကနေ ထပ်မဝင်လာသေးလိ ထင်တယ်။ ဆီပန့်ဆိုင်တွေ အကုန်ပိတ်ထားတယ်။ အပြင်မှာပဲ ဝယ်သုံးရတာ တစ်လီတာဗူး ၂၅၀၀၀ ပေးရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့ပြင် ကိုးကန့်တပ်ဖွဲ့က ထိန်းချုပ်ထားသည့် ကွတ်ခိုင်၊ သိန္နီမြို့များတွင်လည်း ဆီတစ်လီတာ ၁၆၀၀၀ ကျပ်အထိ ပေးဝယ်ရသည်။

“အခုက မြို့နယ်တိုင်းလိုလိုမှာ ပျမ်းမျှ တစ်သောင်းခွဲပေးဝယ်ပြီး သုံးနေရတာပေါ့ဗျာ။ ပန့်ဆိုင်မှာက လူတိုင်းဝယ်လို့ မရဘူးလေ။ ထမင်းက နေ့တိုင်းစားဖို့လိုတော့ အလုပ်က နေ့တိုင်းလုပ်ရတယ်မလား၊ ဆီလည်း နေ့တိုင်းသွားလာဖို့ သုံးရတယ်လေဗျာ”ဟု သိန္နီဒေသခံတစ်ဦးက ပြောသည်။

ကွတ်ခိုင်မြို့တွင်မူ ဆီပန့်ဆိုင်များတွင် တစ်လီတာကို တစ်သောင်းခွဲကျပ်ဖြင့် ရောင်းချပေးလျက်ရှိပြီး လမ်းဘေးဆိုင်များတွင်မူ တစ်လီတာခွဲတစ်ဗူး ၂ သောင်းခွဲကျပ်ဖြင့် ရောင်းချနေကြသည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ရှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင်မူ ဆီပန့်ဆိုင်များတွင် ဓာတ်ဆီ၊ ဒီဇယ်တစ်လီတာ ကျပ် ၆ ထောင်ဝန်းကျင် ရည်ညွှန်းဈေးဖြင့် ရောင်းချသော်လည်း လူတိုင်း၊ ယာဉ်တိုင်း ဝယ်ယူခွင့်ရရန် ခက်ခဲသဖြင့် မှောင်ခိုဈေးကွက်တွင် ကျပ်တစ်သောင်းကျော်အထိ ဝယ်သုံးနေရသည်။

“ပန့်ဆိုင်မှာ တန်းစီနိုင်ရင်တော့ ရည်ညွှန်းဈေးနဲ့ ရနိုင်ပါတယ်။ ဒါပေမယ့် ဆီသွားတန်းရင်လည်း အလုပ်ကို ပစ်ထားရပြန်ရော၊ ကျူအာကုဒ်နဲ့ပဲ ရောင်းတော့မယ်လို့လည်း စာတွေ ကပ်ထားကြတယ်။ ရှမ်းပြည်မှာ သုံးတဲ့ ကား၊ ဆိုင်ကယ် အများစုက လိုင်စင်မဲ့တွေ များပါတယ်။ ဒါကြောင့် မှောင်ခိုဈေးကွက်တွေပဲ ကြီးထွားဦးမှာပါ”ဟု တောင်ကြီးမြို့ခံတစ်ဦးက ပြောသည်။

လောင်စာဆီများ စက်သုံးဆီများ အဆမတန် ဈေးနှုန်း မြင့်တက်လာခြင်းကြောင့် တောင်သူလယ် သမားလူတန်းစား အများဆုံးဖြစ်သည့် ရှမ်းပြည်တွင် လယ်ယာထွက်ကုန်များ ကူးသန်း ရောင်းဝယ်ရေး ကဏ္ဍကိုပါ ထိခိုက်လာပြီး အထွေထွေ လူမှုစီးပွား ပိုမို ကျပ်တည်းလာနေသည်။

#MeKongNews
#ရှမ်းပြည်
#စက်သုံးဆီ
#တစ်လီတာ
#ပျမ်းမျှဈေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now