မဲခေါင်၊ မတ် ၂၀
စစ်ကောင်စီ၏ တတိယအကြိမ် ရှမ်းပြည်လွှတ်တော်ကို တောင်ကြီးမြို့၌ ယနေ့ ပြုလုပ်ရာ ဖယ်ခုံမှ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ် စိုင်းလုံကျော်ကို ရွေးချယ်ကြောင်း ရှမ်းလွှတ်တော် အသိုင်းအဝန်းမှ သိရသည်။
ယနေ့ မတ်လ၂၀ ရက် နံနက် ၁၀ နာရီတွင် ပြုလုပ်သည့် အစည်းအဝေးမှ ဥက္ကဌအဖြစ် စိုင်းလုံကျော်နှင့် ဒုဥက္ကဌအဖြစ် မိုင်းပျဥ်း ကြံ့ခိုင်ရေးကိုယ်စားလှယ် စိုင်းထွန်းစိန်တို့ကို ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပြည်နယ်လွှတ်တော် ဥက္ကဌအဖြစ် ရွေးချယ် တင်မြှောက်ခံရသည့် စိုင်းလုံကျော်သည် NLD အစိုးရလက်ထက်က ရှမ်းအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ကြောင်း သိရသည်။
တတိယအကြိမ် ရှမ်းပြည်လွှတ်တော်သို့ တက်ရောက်ခွင့်ရှိသော လွှတ်တော်ကိုယ်စားလှယ် ၁၃၂ ဦးတွင် ကြံ့ခိုင်ရေးပါတီမှ ၅၉ ဦး၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ မှ ၂ဝ ဦး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) မှ ၁၁ ဦး၊ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီမှ ၃ ဦး၊ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီမှ ၃ ဦး၊ တိုင်းရင်း သားစည်းလုံးညီညွတ်ရေးပါတီမှ၂ ဦး၊ အာခါ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ တစ်ဦးနှင့် စစ်တပ်ကိုယ်စားလှယ် ၃၃ ဦးတို့ ပါဝင်ပြီး ယနေ့အစည်းအဝေးကို ပျက် ကွက်သူမရှိ အားလုံး တက်ရောက်ကြောင်း သိရသည်။
#MeKongNews
#ရှမ်းပြည်
#လွှတ်တော်ဥက္ကဌ
#ဖယ်ခုံကိုယ်စားလှယ်
#စိုင်းလုံကျော်








