နေ့စဥ်သတင်း

တောင်ကြီးအားကစားကွင်းမှ ဆိုင်ခန်းနှင့် လူနေတိုက်ခန်းများ ဖယ်ရှားမှုကြောင့် လူနေမှုဘဝများ ကြီးမားစွာ ထိခိုက်

မဲခေါင် 17 Mar - 2026
မဲခေါင်၊ မတ် ၁၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်ရှိ ဆိုင်ခန်းနှင့် လူနေတိုက်ခန်းများအား ဖယ်ရှားခိုင်းခြင်း​ကြောင့် ဆိုင်ရှင်နှင့် နေထိုင်သူများ လက်ရှိတွင် အလျင်အမြန် ပြောင်းရွှေ့နေရပြီး လူနေမှုနှင့် စီးပွားရေးလုပ်ငန်းတွင် ကြီးမားသော အခက်အခဲများ ကြုံတွေ့နေကြရသည်။ ယင်းအဆောက်အဦများကို ယခုလ ၂၀ ရက်တွင် အပြီးဖယ်ရှားရန် စစ်ကောင်စီ အုပ်ချုပ်ရေးပိုင်းက အသိပေးထားပြီး အထူးသဖြင့် မူလအခန်းပိုင်ဖြင့် နေထိုင်လာသူများအတွက် ယခုလို အချိန်တိုအတွင်း အိမ်ဌားဘဝ ရောက်ရခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာနှင့် စီးပွားရေးပိုင်း အလွန် ထိခိုက်စေကြောင်း အခန်းပိုင်ရှင်များက ပြောသည်။ “ကျမတို့လို အဖြစ်ဆိုး မကြုံပါစေနဲ့လို့ပဲ ဆုတောင်းပါတယ်။ နေ့ချင်းညချင်း အိမ်ပိုင်ဘဝကနေ အိမ်ဌားဘဝ ဖြစ်သွားတယ်၊ အိမ်ဌားခတွေကလည်း

မဲခေါင်၊ မတ် ၁၇

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်ရှိ ဆိုင်ခန်းနှင့် လူနေတိုက်ခန်းများအား ဖယ်ရှားခိုင်းခြင်း​ကြောင့် ဆိုင်ရှင်နှင့် နေထိုင်သူများ လက်ရှိတွင် အလျင်အမြန် ပြောင်းရွှေ့နေရပြီး လူနေမှုနှင့် စီးပွားရေးလုပ်ငန်းတွင် ကြီးမားသော အခက်အခဲများ ကြုံတွေ့နေကြရသည်။

ယင်းအဆောက်အဦများကို ယခုလ ၂၀ ရက်တွင် အပြီးဖယ်ရှားရန် စစ်ကောင်စီ အုပ်ချုပ်ရေးပိုင်းက အသိပေးထားပြီး အထူးသဖြင့် မူလအခန်းပိုင်ဖြင့် နေထိုင်လာသူများအတွက် ယခုလို အချိန်တိုအတွင်း အိမ်ဌားဘဝ ရောက်ရခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာနှင့် စီးပွားရေးပိုင်း အလွန် ထိခိုက်စေကြောင်း အခန်းပိုင်ရှင်များက ပြောသည်။

“ကျမတို့လို အဖြစ်ဆိုး မကြုံပါစေနဲ့လို့ပဲ ဆုတောင်းပါတယ်။ နေ့ချင်းညချင်း အိမ်ပိုင်ဘဝကနေ အိမ်ဌားဘဝ ဖြစ်သွားတယ်၊ အိမ်ဌားခတွေကလည်း အရမ်းဈေးကြီးနေပြီး ကုန်ဈေးနှုန်းလည်း တက်နေတော့ ဘာလုပ်စားရမလဲ ဆိုတာတောင် မသိတော့ဘူး။ ဘဝတွေ ပျက်သွားသလို ခံစားရပါတယ်” ဟု အခန်းပိုင်ရှင် အမျိုးသမီးတစ်ဦးက မဲခေါင်သို့ ရင်ဖွင့်ပြောဆိုသည်။

ပြောင်းရွှေ့ရမည့် နေရာများအဖြစ် လူနေတိုက်ခန်းများကို အေးသာယာမြို့ရှိ မင်းကျန်စစ်အိမ်ရာ၊ စားသောက်ဆိုင်များကို အဝေရာ မီးပုံးပျံကွင်းအနီးနှင့် ကားပစ္စည်းဆိုင်များကို ညိုမီးဘက်ရှိ တည်ဆောက်ဆဲ ကားကြီးကွင်းအတွင်းသို့ ချထားပေးမည်ဟု သိရသည်။

သို့သော် ပြောင်းရွှေ့ရန် သတ်မှတ်ထားသည့် နေရာများမှာ လက်ရှိအချိန်အထိ အဆင်သင့် မဖြစ်သေးခြင်းကြောင့် လုပ်ငန်းရှင်များအတွက် နေရာရှာဖွေရန်နှင့် စီးပွားရေး ဆက်လက်လုပ်ကိုင်ရန် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။

“ပြောင်းရွှေ့ဖို့တော့ ပြောထားပေမယ့် တကယ်သွားနေဖို့ နေရာက အဆင်သင့် မဖြစ်သေးဘူး။ ဒီကြားထဲမှာ ကျနော်တို့ အလုပ်ရပ်သွားရင် ဝင်ငွေ မရှိတော့ဘူး၊ အရင်လို ဆက်လက် ရပ်တည်နိုင်မလားဆိုတာလည်း မသေချာတော့ဘူး။ ဒီအချိန်အတွင်း ဝင်ငွေမရှိရင် မိသားစုအတွက်ပါ ထိခိုက်လာနိုင်တယ်”ဟု ကားပစ္စည်း ဆိုင်ရှင်တစ်ဦးကလည်း ဆိုသည်။

ထို့ပြင် ဆိုင်ခန်းငှားခများလည်း မြင့်တက်နေခြင်းကြောင့် စားသောက်ဆိုင်များနှင့် လုပ်ငန်းရှင်များအတွက် ပြန်လည်စတင်ရန် ခက်ခဲနေပြီး အချို့မှာ ယာယီ ရပ်နားထားရကြောင်း သိရသည်။

အားကစားကွင်း ပတ်လည်တွင် ဆိုင်ခန်းနှင့် လူနေတိုက်ခန်း စုစုပေါင်း ၁၅၀ ကျော်ရှိပြီး အများစုမှာ ကားပစ္စည်းဆိုင်များ၊ စားသောက်ဆိုင်များနှင့် လူနေအဆောက်အဦများ ဖြစ်ကြသည်။

ထိုအဆောက်အဦများအား သတ်မှတ်ရက်အတွင်း မဖယ်ရှားပါက သက်ဆိုင်ရာ ဥပဒေအရ ဖယ်ရှားသွားမည်ဟု သတိပေးထားပြီး၊ ယင်းနေရာတွင် နိုင်ငံတကာအဆင့်မီ အားကစားဆိုင်ရာ အဆောက်အဦများ တည်ဆောက်ရန် စီစဉ်ထားကြောင်း သိရသော်လည်း အသေးစိတ် အချက်အလက်များကို မထုတ်ပြန်သေးပေ။

#MeKongNews
#တောင်ကြီးအားကစားကွင်း
#ဆိုင်ခန်း
#လူနေတိုက်ခန်း
#ဖယ်ရှားမှု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now