နေ့စဥ်သတင်း

အောင်ပန်း-လွိုင်ကော် ရထားလမ်းဘေးမြေနေရာ လက်မှတ်စစ် ကိုယ်ကျိုးသုံးနေ

မဲခေါင် 7 Mar - 2026
မဲခေါင်၊ မတ် ၇ အောင်ပန်း-လွိုင်ကော် ရထားလမ်း၊ အောင်ပန်းဘူတာအနီးရှိ သံလမ်းဘေး မြေနေရာများကို ရထားလက်မှတ်စစ်ဖြစ်သူ ဦးညီညီထွန်းဆိုသူက ကိုယ်ကျိုးအတွက် အသုံးပြုနေကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းလက်မှတ်စစ်သည် အောင်ပန်းမြို့၊ ညောင်ပင်သာရပ်ကွက်၊ နယ်မြေ (၅) ဘက်အထွက်ရှိ ရထားလမ်းဘေး မြေနေရာတွင် ၎င်းပိုင် အဆောက်အအုံကို လမ်းပိတ်ဆောက်လုပ်နေခြင်းဖြစ်ပြီး အခြားပြည်သူများ၏ နေအိမ်များကိုမူ ပေ ၅၀ အထိ နောက်ဆုတ်ကာ ဖျက်ခိုင်းကြောင်း ဒေသခံများက ပြောသည်။ “အများပြည်သူကိုတော့ လမ်းဘေး ပေ ၅၀ အထိ နောက်ဆုတ်ခိုင်းပြီး အိမ်တွေဖျက်ခိုင်းခဲ့တာ။ အခု လက်မှတ်စစ်က အဲဒီဖျက်လိုက်ရတဲ့ လမ်းဘေးက အများပြည်သူသွားလမ်းမှာ လမ်းပိတ်ပြီး အိမ်ဆောက်နေတာ။ အထက်က တိုင်းအင်ဂျင်နီယာတွေကလည်း

မဲခေါင်၊ မတ် ၇

အောင်ပန်း-လွိုင်ကော် ရထားလမ်း၊ အောင်ပန်းဘူတာအနီးရှိ သံလမ်းဘေး မြေနေရာများကို ရထားလက်မှတ်စစ်ဖြစ်သူ ဦးညီညီထွန်းဆိုသူက ကိုယ်ကျိုးအတွက် အသုံးပြုနေကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းလက်မှတ်စစ်သည် အောင်ပန်းမြို့၊ ညောင်ပင်သာရပ်ကွက်၊ နယ်မြေ (၅) ဘက်အထွက်ရှိ ရထားလမ်းဘေး မြေနေရာတွင် ၎င်းပိုင် အဆောက်အအုံကို လမ်းပိတ်ဆောက်လုပ်နေခြင်းဖြစ်ပြီး အခြားပြည်သူများ၏ နေအိမ်များကိုမူ ပေ ၅၀ အထိ နောက်ဆုတ်ကာ ဖျက်ခိုင်းကြောင်း ဒေသခံများက ပြောသည်။

“အများပြည်သူကိုတော့ လမ်းဘေး ပေ ၅၀ အထိ နောက်ဆုတ်ခိုင်းပြီး အိမ်တွေဖျက်ခိုင်းခဲ့တာ။ အခု လက်မှတ်စစ်က အဲဒီဖျက်လိုက်ရတဲ့ လမ်းဘေးက အများပြည်သူသွားလမ်းမှာ လမ်းပိတ်ပြီး အိမ်ဆောက်နေတာ။ အထက်က တိုင်းအင်ဂျင်နီယာတွေကလည်း ခွင့်ပြုတယ်လို့ ကြားတယ်။ ရထားမြေပေါ်မှာ ကိုယ်ကျိုးရှာ ဆောက်နေတာဖြစ်သလို အများပြည်သူသွားလမ်းကိုလည်း ပိတ်ထားတာ။ ကန့်ကွက်လည်း ဂရုမစိုက်ဘူး” ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။

ထို့ပြင် မီးရထားဝန်ထမ်းအိမ်ရာကိုလည်း အောက်ပြည်သာယာဈေး ဆက်စပ်လမ်းအထိ တိုးချဲ့တည်ဆောက်နေခြင်းမှာ ရထားမြေပေါ် ကျော်လွန်လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“မီးရထားမြေကို ပွင့်လင်းမြင်သာမှုမရှိဘဲ ငှားသုံးနေတာ။ မြေငှားခ သွင်းပြီး လုပ်ပိုင်ခွင့်ချပေးရာမှာလည်း တစ်ဦးတည်းကိုပဲ ပေးထားတာ။ တိုင်းအရာရှိတွေက ဦးညီညီထွန်း တောင်းတဲ့ မြေနေရာတွေကိုပဲ လုပ်ပိုင်ခွင့်ပေးပြီး အခြားသူတွေကိုကျတော့ မပေးဘူး။ ဒါဟာ လက်သိပ်ထိုး လုပ်ရပ်ပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းလုပ်ဆောင်ချက်များကို ရထားပို့ဆောင်ရေးဌာန၊ မြို့ပြအင်ဂျင်နီယာဌာနနှင့် စက်မှုအင်ဂျင်နီယာဌာနမှ တိုင်းအရာရှိ ၃ ဦးက လုပ်ဆောင်ခိုင်းခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အောင်ပန်း-လွိုင်ကော် မီးရထားလမ်းမှာ ရထားပြေးဆွဲခြင်း မရှိတော့သဖြင့် ယခုကဲ့သို့ ဌာနဆိုင်ရာမှ လူအချို့က ကိုယ်ကျိုးအတွက် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဒေသခံများက စွပ်စွဲကန့်ကွက်နေကြခြင်း ဖြစ်သည်။

#MeKongNews
#အောင်ပန်း
#ရထားလမ်း
#လက်မှတ်စစ်
#ကိုယ်ကျိုးသုံးစွဲ
#အောင်ပန်းဘူတာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်က ရဲအုပ်စိန်အေး တရားခံဧည့်တွေ့ခွင့် တစ်ယောက် ဘတ် ၅၀၀၀ တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၅ တာချီလိတ်မြိုနယ်နှင့် ခရိုင်ရုံးတွင် တာဝန်ကျနေသည့် ရဲအုပ်စိန်အေးသည် တရားရုံ၌ တရားခံဧည့်တွေ့ခွင့်အတွက် တစ်ကြိမ်လျှင် ဘတ် ၅၀၀၀
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး မယ်ဟန်စစ်ဆေးရေးဂိတ်တွင် တပ်ထိန်းက စစ်ဆေးရေးလုပ်ငန်းများအားလုံးကို တစ်ဦးတည်းချယ်လှယ်ကာ ငွေတောင်းလည်းကြမ်းနေ

မဲခေါင်၊ အောက်တိုဘာ ၅ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီ ထိန်းချုပ်ထားသည့် လားရှိုးမြို့၊ မယ်ဟန် မြို့ဝင်၊ မြို့ထွက် စစ်ဆေးရေးဂိတ်တွင် တာဝန်ယူနေသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်ဗျူဟာမှ G2 ညီညီအောင်သွေး စာရင်းဖျောက်ရောင်းစားသည့်ထဲတွင် အွန်လိုင်းဂိမ်းနှင့် ကျားဖြန့်များမှ သိမ်းထားသည့်ဖုန်းပင် အလုံး ၁၀၀၀ ကျော်ရှိ

မဲခေါင်၊ အောက်တိုဘာ ၅ တာချီလိတ်အခြေချ စစ်ဗျူဟာမှ G2 ဗိုလ်မှူးညီညီအောင်သွေးက ဗျူဟာမှူးသိမ်းခိုင်းသည်ဟုဆိုကာ အွန်လိုင်းဂိမ်းနှင့် ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းရမိသည့် ဖုန်းများအား စာရင်းဖျောက်ကာ ရောင်းစားထားသည်မှာ အလုံး ၁၀၀၀ ကျော်ရှိကြောင်း ဖမ်းဆီးရေးအဖွဲ့များနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ကျပ်သိန်း ၈၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လူ ၂ ဦး ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၄ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင် ဒေသကာလတန်ဖိုး ကျပ် ၈၈၈ ဒသမ ၉၃ သိန်းခန့်ရှိ မူးယစ်ဆေးဝါးများနှင့်အတူ အမျိုးသား ၂ ဦးကို အောက်တိုဘာ ၃ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ကားနှင့် ဆိုင်ကယ်တိုက်မိ၍ အမျိုးသားတစ်ဦး စိုးရိမ်ရဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၄ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အောက်တိုဘာ ၃ ရက် ညပိုင်းက ကားနှင့် ဆိုင်ကယ်တိုက်မိရာ ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားတစ်ဦး ဦးခေါင်းနှင့် မျက်လုံးများ ထိခိုက်ဒဏ်ရာရပြီး စိုးရိမ်ရသည့် အခြေအနေဖြင့် ဆေးရုံတင်ပို့ခဲ့ရကြောင်း သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်ခရိုင် သာသနာရေးမှူးရုံး ထောက်ခံစာပါ သစ်ကား မိုင်းတွင်း၌ ဖမ်းဆီးခံရ

မဲခေါင်၊ အောက်တိုဘာ ၄ ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်၊ နားကောင်းမူးကျေးရွာမှ တာချီလိတ်မြို့သို့ သယ်ဆောင်လာသည့် သစ်ကားတစ်စီးကို မိုင်းဆတ်မြို့နယ်အတွင်းရှိ မိုင်းတွင်းစုပေါင်းဂိတ်၌ တရားမဝင် သစ်မှောင်ခိုမှုဖြင့် စက်တင်ဘာလ နောက်ဆုံးပတ်အတွင်းက ဖမ်းဆီးအရေးယူထားကြောင်း သတင်းရရှိသည်။ ယင်းသစ်ကား ပေါ်တွင် ကျွန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တရုတ်အမျိုးသားနေ့နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအစည်းအဝေးကာလအတွင်း “ဝ”တပ်ဖွဲ့က နယ်စပ်ကင်းလှည့် လုံခြုံရေးမြှင့်မည်

မဲခေါင်၊ အောက်တိုဘာ ၂ တရုတ်နိုင်ငံ၏ အမျိုးသားနေ့နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အစည်းအဝေးကာလအတွင်း နယ်စပ်ဒေသလုံခြုံရေးနှင့် ထိန်းချုပ်မှုများ တိုးမြှင့်ဆောင်ရွက်မည်ဟု “ဝ”တပ်ဖွဲ့ (UWSA) လက်အောက်ခံ “ဝ”ပြည်နယ် တရားရေးကော်မတီက (WSP) က ယမန်နေ့တွင် ညွှန်ကြားချက်ထုတ်ပြန်လိုက်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရလခ စစ်တိုင်းမှူးအသစ် ခန့်အပ်ပြီး ကရင်နီနှင့် နေပြည်တော် နယ်မြေများသို့ စစ်ဆင်ရေးအာဏာ တိုးမြှင့် သုံးစွဲလာနိုင်

မဲခေါင်၊ အောက်တိုဘာ ၁ ​စစ်ကောင်စီသည် ဒေသကွပ်ကဲရေးမှူး (လွိုင်ကော်) ဖြစ်သူ ဗိုလ်မှူးချုပ် ဝေလင်းအောင် (DSA 42) အား အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) ၏ တိုင်းမှူးအဖြစ် တိုးမြှင့်ခန့်အပ်လိုက်ကြောင်း သိရသည်။ ​အလားတူ ခိုလန်မြို့ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now