မဲခေါင်၊ မတ် ၅
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ – RCSS နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ – SSPP ထိပ်သီးခေါင်းဆောင်အဖွဲ့များ ရှမ်းပြည်တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ် တစ်နေရာတွင် တွေ့ဆုံခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ယင်း၂ ဖွဲ့ တွေ့ဆုံမှုအတွင်း RCSS ဖက်မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ် ကိုယ်တိုင်ဦးဆောင်ပြီး SS PP ဖက်တွင်မူ ဒုဥက္ကဌ(၃) ဒုဗိုလ် ချုပ်ကြီးစဝ်းဆေပိုင်ဖနှင့် အတွင်း ရေးမှူး ဗိုလ်မှူးကြီး စိုင်းဆု ဦး ဆောင် ပါဝင်သည်ဟု သိရသည်။
ကွန်ဟိန်းမြို့နယ်ရှိ မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ လာရောက်ရာမှ ၂ ဖက်တပ်ဖွဲ့ တွေ့ဆုံခြင်းဖြစ်ကာ RCSS စခန်းတစ်နေရာတတွင် ညစာစားပွဲကိုလည်း အတူကျင်းပခဲ့သည်ဟုလည်း RCSS နှင့်နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။
“ထီးတင်ပွဲကိုတော့ မိုင်းဖုန်းဆရာ တော်လည်း လာတယ်လေ၊ ထီး တင်ပွဲကို အကြောင်းပြုပြီး ၂ ဖက်ခေါင်းဆောင်တွေလည်း တွေ့ကြတာပါ။ ၂ ဖက် နိုင်ငံရေး ဆွေး နွေးပွဲ ပုံစံတွေ့တာတော့ မဟုတ်ဘူး။ အလွတ်သဘော ဆွေးနွေးတာပဲ ရှိတယ်။ ချစ်ကြည်ရင်းနှီးမှုနဲ့ ယုံကြည်မှု ပြန်တည် ဆောက်ဖို့အတွက် တွေ့ဆုံတာပါ။ ပြီးတော့ ၂ ဖက်ခေါင်း ဆောင်တွေ ညစာစားပွဲ အတူကျင်းပကြတယ်။”ဟု သတင်း ရင်းမြစ်က ပြောသည်။
မွေတော်နမ့်ဆွမ်ထီးတင်ပွဲကို မတ် ၂ ရက်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ကာ ထီးတင်ပွဲအပြီးတွင် ၂ ဖက်အဖွဲ့ ခေါင်းဆောင်များ ညစာစားပွဲ ပြုလုပ်ကာ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။
ထိုသို့ ၂ ဖက်ခေါင်းဆောင် တွေ့ ဆုံကြကြောင်းကိုလည်း လူမှုကွန် ရက်စာမျက်နှာတွင် ဗီဒီယိုင်ဖိုင်များ ပေါ်ထွက်လာခဲ့သည်။
ယင်းဗီဒီယိုဖိုင်တွင် “ကျနော်တို့မှာ ပြည်တွေ ရွာတွေရှိတယ်။ ဒီပြည်ကို ရှမ်းပဲ ပိုင်တာမဟုတ်ဘူး။ ဒီပြည်အတွင်းမှာနေထိုင်တဲ့ ရှမ်း၊ “ဝ”၊ လားဟူ၊ အာခါ၊ တအာင်းစတဲ့ တိုင်းရင်းသားတွေက အတူတူပိုင်တာဖြစ်တယ်။ အရင်တုန်းက အချင်းချင်း တိုက်ခိုက်လာခဲ့ရတာကလည်း ဘာကြောင့်လဲဆိုတာ လူတိုင်းသိပြီးသား ဖြစ်တယ်။ နောက်ကွယ်ကနေ တိုက်ခိုက်ဖို့အကြောင်းကို သွေးထိုးဖန်တီးနေတဲ့ သူတွေကြောင့်ဖြစ်တယ်”ဟု တွေ့ဆုံမှုတွင် RCSS ဥက္ကဌ ဗိုလ် ချုပ်ကြီးယွက်ဆစ်က ပြော သည်။
ထို့တူ SSPP ဒုတိယ ဥက္ကဌ (၃) ဒု ဗိုလ်ချုပ်ကြီး စဝ်ဆေပိုင်ဖကလည်း”အခုလိုမျိုး တွေ့ဆုံရ ညစာအတူစားရတာက အလွန် ဝမ်းသာရပါတယ်။ ကျနော်တော်တို့တွေ တစ်စုတစည်းတည်း တစ်ဖွဲ့တည်း ညီ ညွတ်စွာရှိနေဖို့အတွက် ကျနော်တို့ မျိုးဆက်သစ်အပေါ်မှာ တာဝန်ရှိပါတယ်”ဟု ဆိုသည်။
RCSS နှင့် SSPP တပ်ဖွဲ့သည် ယ ခင်တွင် အချင်းချင်း တိုက်ခိုက်လာခဲ့ရာမှ ၂၀၂၃ခုနှစ်၊ နိုဝင် ဘာ၂၉ ရက်တွင် ၂ ဖက် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကြောင်း သ ဘောတူ လက်မှတ်ရေးထိုးခဲ့သည်။
၎င်းတို့ ၂ ဖွဲ့သည် စစ်ကောင်စီနှင့်လည်း တွေ့ဆုံဆွေးနွေးမှု ပြုလုပ်နေသည့် အဖွဲ့များဖြစ်သည်။
#MeKongNews
#RCSS
#SSPP
#ကွန်ဟိန်း
#တွေ့ဆုံ








