နေ့စဥ်သတင်း

လူထုအပေါ် ဦးတည်တိုက်ခိုက်မှုမပြုလုပ်ရန် TNLA နှင့် MNDAA ထံ တအာင်းအရပ်ဖက်အဖွဲ့အစည်းများ တောင်းဆို

မဲခေါင် 24 Feb - 2026
မဲခေါင် ၊ ဖေဖော်ဝါရီ ၂၄ TNLA နှင့် MNDAA တပ်ဖွဲ့များအနေဖြင့် နှစ်ဘက်တပ်ဖွဲ့များအကြား ဖြစ်ပွားနေသည့် တင်းမာမှုအတွင်း လူထုအပေါ် ဦးတည်တိုက်ခိုက်မှု မပြုလုပ်ရန် တအာင်းအရပ်ဖက်အဖွဲ့အစည်းများက ယနေ့တွင် စုပေါင်းတောင်းဆိုလိုက်သည်။ ၁ဝ၂၇စစ်ဆင်ရေးနောက်ပိုင်း TNLA ထိန်းချုပ်သည့် ရှမ်းမြောက် ကွတ်ခိုင်မြို့တွင် TNLA နှင့် MNDAA တို့အကြား ၂ဝ၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ စပြီး မြေပြင်တွင် တင်းမာမှုဖြစ်ပွားခဲ့သည်မှာ တစ်ပတ်ကျော် ကြာခဲ့ပြီဖြစ်ပြီး တင်းမာမှုအတွင်း ဒေသခံလူထုများပါ ရိုက်နှက်ခံရမှုများ ရှိနေသည်။ နှစ်ဖက်တပ်ဖွဲ့ကား ဖြစ်ပေါ်နေသည့် တင်းမာမှုအတွင်း အပြန်အလှန်ရိုက်နှက်မှုကြောင့် နှစ်ဖက်တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရခြင်း၊ တပ်ဖွဲ့ဝင်ချင်း ဖမ်းဆီးထိန်းသိမ်းခြင်းများစသည့် ရန်လိုမှုအပြုအမူများ ဖြစ်ပွားနေသည်ကို

မဲခေါင် ၊ ဖေဖော်ဝါရီ ၂၄

TNLA နှင့် MNDAA တပ်ဖွဲ့များအနေဖြင့် နှစ်ဘက်တပ်ဖွဲ့များအကြား ဖြစ်ပွားနေသည့် တင်းမာမှုအတွင်း လူထုအပေါ် ဦးတည်တိုက်ခိုက်မှု မပြုလုပ်ရန် တအာင်းအရပ်ဖက်အဖွဲ့အစည်းများက ယနေ့တွင် စုပေါင်းတောင်းဆိုလိုက်သည်။

၁ဝ၂၇စစ်ဆင်ရေးနောက်ပိုင်း TNLA ထိန်းချုပ်သည့် ရှမ်းမြောက် ကွတ်ခိုင်မြို့တွင် TNLA နှင့် MNDAA တို့အကြား ၂ဝ၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ စပြီး မြေပြင်တွင် တင်းမာမှုဖြစ်ပွားခဲ့သည်မှာ တစ်ပတ်ကျော် ကြာခဲ့ပြီဖြစ်ပြီး တင်းမာမှုအတွင်း ဒေသခံလူထုများပါ ရိုက်နှက်ခံရမှုများ ရှိနေသည်။

နှစ်ဖက်တပ်ဖွဲ့ကား ဖြစ်ပေါ်နေသည့် တင်းမာမှုအတွင်း အပြန်အလှန်ရိုက်နှက်မှုကြောင့် နှစ်ဖက်တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရခြင်း၊ တပ်ဖွဲ့ဝင်ချင်း ဖမ်းဆီးထိန်းသိမ်းခြင်းများစသည့် ရန်လိုမှုအပြုအမူများ ဖြစ်ပွားနေသည်ကို သိရှိရသည်မှာ များစွာ စိတ်မကောင်းဖြစ်ရသည်ဟု တအာင်းအရပ်ဖက်အဖွဲ့အစည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“နှစ်ဖက်တပ်ဖွဲ့ကြား အငြင်းပွားမှုနောက်ဆက်တွဲအနေဖြင့် တင်းမာမှုအကြား မြေပြင်ရှိ ပြည်သူလူထုများသည် ကြားညှပ်ပြီး ဓားစာခံအဖြစ် ခါးစည်းခံရလျက်ရှိသည်” ဟု တအာင်းရပ်ဖက်အဖွဲ့အစည်းများကပြောသည်။

နှစ်ဖက်တပ်ဖွဲ့တင်းမာမှု၏ နောက်ဆက်တွဲပြဿနာကြောင့် လူထုအား ပစ်မှတ်ထား ရိုက်နှက်ခြင်း၊ ဖမ်းဆီး ခြင်း၊ ဖြတ်သန်းသွားလာခွင့် ကန့်သတ်ခြင်း၊ ကုန်စည်စီးဆင်းမှု ပိတ်ဆို့တားဆီးခြင်း စသည့် လူထုအား ပစ်မှတ်ထားသည့်လုပ်ရပ်များအပြင် အွန်လိုင်းစာမျက်နှာများတွင်လည်း အမုန်းစကားဖြန့်ဝေခြင်း၊ မဟုတ်မမှန် ဓာတ်ပုံ/ဗီဒီယိုများ အသုံးချကာ သွေးခွဲခြင်းစသည့် လူမျိုးရေးပဋိပက္ခ အသွင်ဆောင်သည့် ပြဿနာဖန်တီးနေသည့် အပြုအမူများ ဖြစ်ပွားလျက်ရှိသည်ကို တွေ့မြင်နေရကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

TNLA နှင့် MNDAA တပ်ဖွဲ့တို့သည် စစ်အာဏာရှင်စနစ်ပြုတ်ကျရေး၊ တိုင်းရင်းသားလူမျိုးများ အဖိနှိပ်ခံ ဘဝမှ လွတ်မြောက်ရေးနှင့် သက်ဆိုင်ရာနယ်မြေအသီးသီးရှိ ပြည်သူလူထုများအား ကာကွယ်ရေး စသည့် ရည်မှန်းချက်များဖြင့် တော်လှန်တိုက်ပွဲဝင်ခဲ့ကြသည့်အလျောက် မဟာမိတ်တပ်ဖွဲ့ချင်း ဖြစ်ပွားနေသည့် ပြဿနာများကို ပြည်သူလူထုအပေါ်ပုံချကာ ရန်လိုခြင်း၊ ဖမ်းဆီးရိုက်နှက်ခြင်း၊ သွားလာခွင့်ပိတ်ပင်ခြင်း၊ ကုန်စည်သယ်ဆောင်ခွင့်တားဆီးခြင်းနှင့် လုထုအား အကြမ်းဖက် ခြင်းများ မပြုလုပ်ရန် တောင်းဆိုအပ်ပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ကွတ်ခိုင်မြို့ ပေါ်အတွင်း MNDAA နှင့် TNLA နှစ်ဖက်အကြား အပြန်အလှန် ဖမ်းဆီး၊ ထိုးကြိတ်မှုများ စတင်ဖြစ်ပွားခဲ့ရာမှ ယနေ့အချိန်ထိ နှစ်ဖက်တပ်အကြား တင်းမာမှု ဖြစ်ပွားနေလျက်ရှိသည်။

ထို့ကြောင့် နှစ်ဖက်တပ်ဖွဲ့အကြား ဖြစ်ပွားနေသည့် အငြင်းပွားမှုများကို ဆွေးနွေးညှိနှိုင်းမှု လမ်းစဉ်ဖြင့် မဟာမိတ်ချင်း အမြန်ဆုံးပြေလည်မှုရရှိနိုင်ရေး ဖြေရှင်းကြပါရန် တအာင်းအရပ်ဖက် အဖွဲ့အစည်းမျာက တိုက်တွန်းထားသည်။

ယခုတောင်းဆိုချက်ကို တအာင်းအရပ်ဖက်အဖွဲ့အစည်းများဖြစ်သည့် တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့ – TSYU ၊ တအာင်းအမျိုးသမီးအဖွဲ့အစည်း – TWO ၊ တအာင်းဥပဒေအထောက်အကူပြု ဖောင်ဒေးရှင်း – TLAF၊ တအာင်းကျန်းမာရေးအဖွဲ့အစည်း – THO၊ တအာင်းသဘာဝပတ်ဝန်းကျင် စောင့်ကြည့်ရေတးအဖွဲ့ – TEWG၊ တအာင်းပညာရေးအင်စတီကျူ – TEIတို့က စုပေါင်းထုတ်ပြန်ခြင်းဖြစ်သည်။

#MeKongNews
#TNLA
#MNDAA
#တအာင်းအရပ်ဖက်အဖွဲ့အစည်း
#မဟာမိတ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now