နေ့စဥ်သတင်း

တောင်ကြီးနာရီစင်ဈေးဖျက်ကာ ကားပါကင်ဆောက်ရန် ခေါ်ယူညှိနှိုင်းမှု ဈေးသည်များအားလုံး လက်မခံ

မဲခေါင် 23 Feb - 2026
မဲခေါင်၊ ဖေဖော်ဝါရီ ၂၂ တောင်ကြီးမြို့ရှိ နာရီစင်ဈေးနေရာကို ဖျက်ကာ အထပ်မြင့်ကားပါကင် ဆောက်လုပ်ရန် City Square Shopping Centre လုပ်ငန်းစုဖြစ်သည့် သီဟကုမ္ပဏီက ဈေးကော်မတီနှင့် ဈေးသည် အယောက် ၃၀ ခန့်ကို အစည်းအဝေးခေါ်ယူခဲ့ပြီး ဈေးနေရာရွှေ့ပေးရန် တောင်းဆိုခဲ့ရာ ဈေးသည်တစ်ဦးမျှ လက်မခံကြကြောင်း ဒေသခံများထံမှ သိရသည်။ City Square Shopping Centre လုပ်ငန်းစုဖြစ်သည့် သီဟကုမ္ပဏီ ပိုင်ရှင်ဖြစ်သူ ဦးဇော်လင်းအောင်က ဖေဖော်ဝါရီ ၁၀ ရက်နေ့က အစည်းအဝေး ခေါ်ယူခဲ့ခြင်းဖြစ်သည်။ “ဦးဇော်လင်းအောင်ကိုယ်တိုင်ပြောတာ ရွှေ့ပေးဖို့ ခေါ်ညှိတာ။ ဘယ်နေ့၊ ဘယ်ရက်ရယ်တော့ သေချာမပြောသေးဘူး။ ဈေးသည်တွေကတော့ တစ်ယောက်မှလက်မခံဘူး။ သူကတော့ စည်ပင်နဲ့ပဲ ခြိမ်းခြောက်သွားတယ်”

မဲခေါင်၊ ဖေဖော်ဝါရီ ၂၂

တောင်ကြီးမြို့ရှိ နာရီစင်ဈေးနေရာကို ဖျက်ကာ အထပ်မြင့်ကားပါကင် ဆောက်လုပ်ရန် City Square Shopping Centre လုပ်ငန်းစုဖြစ်သည့် သီဟကုမ္ပဏီက ဈေးကော်မတီနှင့် ဈေးသည် အယောက် ၃၀ ခန့်ကို အစည်းအဝေးခေါ်ယူခဲ့ပြီး ဈေးနေရာရွှေ့ပေးရန် တောင်းဆိုခဲ့ရာ ဈေးသည်တစ်ဦးမျှ လက်မခံကြကြောင်း ဒေသခံများထံမှ သိရသည်။

City Square Shopping Centre လုပ်ငန်းစုဖြစ်သည့် သီဟကုမ္ပဏီ ပိုင်ရှင်ဖြစ်သူ ဦးဇော်လင်းအောင်က ဖေဖော်ဝါရီ ၁၀ ရက်နေ့က အစည်းအဝေး ခေါ်ယူခဲ့ခြင်းဖြစ်သည်။

“ဦးဇော်လင်းအောင်ကိုယ်တိုင်ပြောတာ ရွှေ့ပေးဖို့ ခေါ်ညှိတာ။ ဘယ်နေ့၊ ဘယ်ရက်ရယ်တော့ သေချာမပြောသေးဘူး။ ဈေးသည်တွေကတော့ တစ်ယောက်မှလက်မခံဘူး။ သူကတော့ စည်ပင်နဲ့ပဲ ခြိမ်းခြောက်သွားတယ်” ဟု ဈေးသည်တစ်ဦးက မဲခေါင်သို့ ပြောပြသည်။

ယင်းအစည်းအဝေးတွင် ဦးဇော်လင်းအောင်က မြို့မဈေးတောင်ဘက် ကပ်လျက်၊ နာရီစင် ညဈေးနေရာတွင် ၎င်း၏ City Square Shopping Centre အတွက် အထပ်မြင့် ကားပါကင်ဆောက်မည် ဖြစ်ရာ ညဈေးအား ကားပါကင်ဆောက်လုပ်နေသည့် ကာလအတွင်း ဈေးမြောက်ဘက် ကပ်လျက်က ကုန်သည်လမ်းပေါ်သို့ ယာယီရွှေ့ပေးထားကာ ဆောက်လုပ်ပြီးစီးသွားပါက ကားပါကင်အဆောက်အအုံတွင် ဆိုင်ခန်းများပြန်ငှားပေးမည်ဟု ညှိနှိုင်းခဲ့သော်လည်း ဈေးသည်များက ကန့်ကွက်ခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။

ဦးဇော်လင်းအောင် ပြန်ချပေးမည့် ဆိုင်ခန်းများမှာ အကျယ် တဝက်ခန့်လျော့သွားမည်ဖြစ်ပြီး ဆိုင်ခန်းငှားရမည့် ငွေကြေးကိုလည်း မတတ်နိုင်ကြောင်း၊ ဈေးနေရာမရွှေ့ပေးပါက စည်ပင်မှ အတင်းအဓမ္မ ဖျက်သိမ်းခိုင်းမည်ကို ဈေးကော်မတီနှင့် ဈေးသည်များကစိုးရိမ်နေကြောင်း ဈေးကော်မတီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ဆိုင်ခန်းဆောက်ပြီး ပြန်ငှားပေးမယ်ပြောတယ်ဆိုပေမယ့် ဈေးကအဆမတန်မြင့်တက်သွားမှာ၊ ဘယ်သူမှမငှားနိုင်ဘူးရယ်။ ဈေးကော်မတီနဲ့ ဈေးသည်တွေကအဲ့ဒါကြောက်နေတာ။ ဧရိယာအကျယ်အဝန်းကလည်း အခုဈေးထက်များကြီးသေးတယ်။ ဘယ်လိုမှအဆင်မပြေနိုင်ဘူး။ ညဈေးဆိုင်တဆိုင်ကို မျက်နှာစာ ၁၈ ပေလောက်ရှိတယ်၊ သူတို့က ၁၀ပေအခန်းပဲပြန်ပေးမှာဆိုရင် စားသောက်ဆိုင်သမားတွေ ရပ်တည်ဖို့ မဖြစ်နိုင်ဘူး” ဟု ၎င်းက ပြောသည်။

ယင်းအစည်းအဝေးတွင် ဦးဇော်လင်းအောင်က ဒေသဖွံ့ဖြိုးရေး၊ မြို့တိုးတက်ရေးကို ရှေးရှုပြီး ကျပ် ၃ ဘီလျံ အကုန်ခံကာ လုပ်ရသည်ဟုသာ တသွင်သွင်ပြောနေခဲ့ပြီး ၎င်းအနေဖြင့် ဈေးသည်များ၏ အခက်အခဲနှင့် လူမှုဖူလုံရေးကို စဥ်းစားကာဆောင်ရွက်ရခြင်း ဖြစ်ပြီး ဈေးသည်များအနေဖြင့် မပြောင်းပေးလိုပါက စည်ပင်နဲ့သာ ရှင်းကြရန် ပြောဆိုခဲ့ကြောင်း အစည်းအဝေးတက်ရောက်သူများထံမှ သိရသည်။

“ခင်ဗျားတို့ အဆင်ပြေအောင် ကျနော်လုပ်ပေးနိုင်ပေမယ့် အဆင်မပြေတာကိုတော့ မလုပ်ပေးနိုင်ဘူး။ တိုက်ခန်းနဲ့ရောင်းဖို့ မတတ်နိုင်တာ၊ ရွှေ့တာ၊ မရွှေ့တာ စည်ပင်နဲ့ပဲဆိုင်တယ်” ဟု ဦးဇော်လင်းအောင်က ပြောဆိုသည်။

လွန်ခဲ့သည့် ၁၀ နှစ်ကျော်က City Square Shopping Centre စီမံကိန်းနေရာတွင် မူလကရှိခဲ့သည် စည်ပင်သားငါးဈေးကို ဖျက်သိမ်းစဥ်ကလည်း Shopping Centre ဆောက်ပြီးသည့်အခါ ဆိုင်ခန်းတစ်ခန်းစီပြန်ပေးမည်ဟုဆိုကာ ဦးဇော်လင်းအောင်၏ သီဟကုမ္ပဏီက လက်မှတ်ရေးထိုးပြီး ဖယ်ခိုင်းစေခဲ့သော်လည်း အမှန်တကယ် ဆိုင်ခန်းမရခဲ့သည့် ဈေးသည်များ ရှိခဲ့ကြောင်း၊ ယင်းထဲတွင် ယခုနာရီစင် ညဈေးတွင် ရောင်းချနေကြသူများလည်း ပါဝင်နေကြသဖြင့် သီဟကုမ္ပဏီ၏ ကတိကဝတ်များအပေါ် ယုံကြည်မှု အားနည်းနေခြင်းဖြစ်ကြောင်း ဈေးသည်အမျိုးသမီးတစ်ဦးက ဆိုသည်။

“ကျမတို့ဆီလာတဲ့ လူတန်းစားက အစုံရှိတယ်၊ ကျမတို့ကလည်း အခြေခံလူတန်းစား၊ အခြေခံဈေးနဲ့ပဲရောင်းတာ၊ ဆိုင်ခန်းနဲ့ဖြစ်သွားရင် ဒီလိုဈေးနဲ့ မရောင်းနိုင်တော့ဘူး။ အဲ့တာအပြင် ဒီဈေးမှာ ကျမတို့ဈေးဆိုင်တွေကို မှီခိုရတဲ့ ပျံကျသည်တွေ၊ လက်တွန်းလှည်းသည်တွေလည်း ရှိသေးတယ်။ ဒါကြောင့်မို့ ကျမတို့ဈေးသည် အားလုံးက ဒီတိုင်းပဲဆက်ရောင်းချင်တယ်။ အရင်တခေါက်(City Square Shopping Centre ဆောက်လုပ်ခဲ့စဥ်) ကလည်း ခံခဲ့ရဖူးပြီးပြီ နေရာပြန်ရမယ်ပြောပြီး မရခဲ့ဖူး။ ဈေးသည်အားလုံးကတော့ ဈေးကိုဖျက်သိမ်းတာ၊ နေရာပြောင်းတာ လက်မခံနိုင်ဘူး” ဟု၎င်းက ပြောသည်။

ယင်းနာရီစင်ဈေးသည် မနက်ခင်းမှ ညနေထိ ပျံကျဈေးသည်များက အသီးအရွက်၊ အသားငါးများ ရောင်းချကြပြီး စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များကမူ ညဦးပိုင်းစ၍ ညလုံးပေါက် ဆိုင်ခင်းရောင်းချကြသည့် ဈေးဖြစ်ပြီး ဈေးသည် ၅၀၀ ခန့်ရှိသည်။

ဈေးမျက်နှာစာ ၅၇ ပေ၊ အရှည် ပေ ၄၀၀ ကျော်ရှိပြီး ၁၉၆၀ကျော်ကတည်းက တိုင်းမှူး ဗိုလ်ချုပ်မောင်ဘို ခွင့်ပြုချက်ဖြင့် တွင် ညလုံးပေါက်ရောင်းချသည့် တစ်ခုထဲသော ညဈေးတန်းအဖြစ် စတင်ရောင်းချခဲ့ခြင်းဖြစ်ကြောင်း ရှေ့မှီနောက်မှီဒေသခံများထံမှ သိရသည်။ ခေတ်ကာလ ပေါက်ဈေးအရ သိန်းပေါင်း တစ်သိန်းနှစ်သောင်း ခန့်ရှိသည်ဟု မြို့ခံ အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူများက ဆိုသည်။

သီဟကုမ္ပဏီက City Square Shopping Centre ၏ ၇၊ ၈၊ ၉ အလွှာများတွင် ဟိုတယ်ဖွင့်ရန် နှစ် ၅၀ ငှားရမ်းခွင့်ရထားရာ ယင်းညဈေးနေရာတွင် ၆ထပ် ကားပါကင် အဆောက်အဦဆောက်လုပ်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

#CitySquareShoppingCentre
#သီဟကုမ္ပဏီ
#ဦးဇော်လင်းအောင်
#တောင်ကြီးမြို့
#နာရီစင်ညဈေး
#စည်ပင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now