နေ့စဥ်သတင်း

အင်းလေး မဟာမိတ်အင်အားစုများ စုပေါင်းပြီး အင်းလေးဒေသ လွတ်မြောက်ရေးအဖွဲ့ အဖြစ် အရှိန်မြှင့်

မဲခေါင် 22 Feb - 2026
မဲခေါင်၊ ဖေဖော်ဝါရီ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးဒေသအတွင်း စစ်အုပ်စုကို တော်လှန်လှုပ်ရှားနေသည့် မဟာမိတ်အင်အားစုများ စုပေါင်း၍ အင်းလေးဒေသ လွတ်မြောက်ရေးအဖွဲ့ – Inle Region Liberation Organization (IRLO) ကို ယနေ့ ဖေဖော်ဝါရီ ၂၂ရက် တွင် အဆင့်မြင့်တင်၍ တရားဝင် ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ယင်းဖွဲ့စည်းလိုက်သည့် IRLO အဖွဲ့တွင် အင်းလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – IPDF၊ အင်းလေးအမျိုး သမီးသမဂ္ဂ – IWU၊ အင်းလေး ဖယ်ဒရယ်ဒီမိုကရေစီလှုပ်ရှားမှု – IFDM၊ ညောင်ရွှေမြို့နယ် ပညာရေးဘုတ်အဖွဲ့ – Boe Nyaung Shwe နှင့် အင်းလေးဆေးအဖွဲ့

မဲခေါင်၊ ဖေဖော်ဝါရီ ၂၂

ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးဒေသအတွင်း စစ်အုပ်စုကို တော်လှန်လှုပ်ရှားနေသည့် မဟာမိတ်အင်အားစုများ စုပေါင်း၍ အင်းလေးဒေသ လွတ်မြောက်ရေးအဖွဲ့ – Inle Region Liberation Organization (IRLO) ကို ယနေ့ ဖေဖော်ဝါရီ ၂၂ရက် တွင် အဆင့်မြင့်တင်၍ တရားဝင် ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ယင်းဖွဲ့စည်းလိုက်သည့် IRLO အဖွဲ့တွင် အင်းလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – IPDF၊ အင်းလေးအမျိုး သမီးသမဂ္ဂ – IWU၊ အင်းလေး ဖယ်ဒရယ်ဒီမိုကရေစီလှုပ်ရှားမှု – IFDM၊ ညောင်ရွှေမြို့နယ် ပညာရေးဘုတ်အဖွဲ့ – Boe Nyaung Shwe နှင့် အင်းလေးဆေးအဖွဲ့ – Inle Medical Team အပါအဝင် အင်းလေးလူထုလှုပ်ရှားမှုအဖွဲ့ – Inle Peoples Movement ၏ မဟာမိတ်အင်အားစု အားလုံးစုပေါင်း ပါဝင်ကြောင်း သိရသည်။

ယင်းသို့ အမည် ပြောင်းလဲ ဖွဲ့စည်းပြီးနောက် ရှေ့လုပ်ငန်းစဥ်များ အဖြစ် ကိုယ်တိုင်ဖန်တီး စီမံနိုင်သော ဒေသန္တရအုပ်ချုပ်ရေး – Local Self-Governance ကို အကောင်အထည်ဖော် တည်ဆောက်သွားရန်၊ အင်းလေးဒေသနှင့် ထိုက်တန်သော တန်းတူညီမျှမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုနှင့် လူ့အခွင့်အရေး ပြည့်ဝမှုကို အခြေခံ၍ တည်ဆောက်သွားရန်၊ ပျက်စီးယိုယွင်းနေသော အင်းလေးကန်ကြီးကို ပြန်လည် ကုစားရန်နှင့် သဘာဝပတ်ဝန်းကျင် ရေရှည် တည်တံ့စေရန် အစွမ်းကုန် ကြိုးပမ်းဆောင် ရွက်သွားရေးတို့ကို ချမှတ်ထားကြောင်း ဖော်ပြထားသည်။

ထို့ပြင် အကြမ်းဖက် စစ်အာဏာရှင်စနစ်ကို ဖယ်ရှားကာ စစ်မှန်သည့် ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု IRLO က အသိပေးထားသည်။

အင်းသား၊ တောင်ရိုး၊ ရှမ်း၊ ပအိုဝ်း စသည့် တိုင်းရင်းသားအားလုံး တန်းတူညီမျှ ပါဝင်နိုင်သော ဒေသန္တရ အုပ်ချုပ်ရေးစနစ်ကို အကောင်အထည် ဖော်သွားမည်ဟုလည်း IRLO က ဆိုသည်။

ထို့နောက် အင်းလေးဒေသ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် လွတ်မြောက်ရေးအတွက် အဖွဲ့နှင့်အတူ ပူးပေါင်း ပါဝင်ကြရန် ပြည်သူလူထုနှင့် နိုင်ငံတကာရောက် အင်းလေးနွယ်ဖွားများ အားလုံးကို IRLO က တိုက်တွန်းလိုက်သည်။

#MeKongNews
#အင်းလေး
#မဟာမိတ်အင်အားစု
#စုပေါင်း
#IRLO

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now