နေ့စဥ်သတင်း

ကရင်နီပြည် ဖားဆောင်း သံလွင်တံတား တိုက်ခိုက် ဖျက်ဆီးခံရ

မဲခေါင် 17 Feb - 2026
မဲခေါင်၊ ဖေဖော်ဝါရီ ၁၇ ကရင်နီပြည်၊ ဖားဆောင်းမြို့တွင် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားပြီးနောက် ယနေ့နံနက်ပိုင်းတွင် သံလွင်မြစ်ကူးတံတား တိုက်ခိုက်ဖျက်ဆီးခံရပြီး ကျိုးပျက်သွားကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့နံနက်တွင် ကျယ်လောင်သည့် ပေါက်ကွဲသံကြားရပြီးနောက် တံတားကျိုးကျသွားသည်ကို သိရခြင်းဖြစ်သည်ဟုလည်း သတင်းရင်းမြစ်တစ်ဦးကပြော သည်။ “ပေါက်ကွဲသံ အကျယ်ကြီး ကြားရပြီးတော့ တံတားကျိုးကျသွားတယ် ဆိုတာကို သိရတာ။ ဘယ်သူက လုပ်တာလည်းတော့ မသိရသေးဘူး။ စစ်ရေးအခြေအနေအရ တံတားပေါ် သွားလာခွင့်လည်း ပိတ်ထားတယ်လေ၊ ဖားဆောင်းမြို့ထဲလည်း စစ်ကောင်စီတွေက ရှိတယ်”ဟု ကရင်နီ ဒေသခံတစ်ဦးက ပြောသည်။ ယင်းတံတား ကျိုးပျက်မှုနှင့်ပတ်သက်ပြီး လက်ရှိအချိန်ထိ မည်သည့် အဖွဲ့အစည်းကမှ တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပေ။ သို့ရာတွင် ယခင်ရက်များတွင်လည်း

မဲခေါင်၊ ဖေဖော်ဝါရီ ၁၇

ကရင်နီပြည်၊ ဖားဆောင်းမြို့တွင် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားပြီးနောက် ယနေ့နံနက်ပိုင်းတွင် သံလွင်မြစ်ကူးတံတား တိုက်ခိုက်ဖျက်ဆီးခံရပြီး ကျိုးပျက်သွားကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။

ယနေ့နံနက်တွင် ကျယ်လောင်သည့် ပေါက်ကွဲသံကြားရပြီးနောက် တံတားကျိုးကျသွားသည်ကို သိရခြင်းဖြစ်သည်ဟုလည်း သတင်းရင်းမြစ်တစ်ဦးကပြော သည်။

“ပေါက်ကွဲသံ အကျယ်ကြီး ကြားရပြီးတော့ တံတားကျိုးကျသွားတယ် ဆိုတာကို သိရတာ။ ဘယ်သူက လုပ်တာလည်းတော့ မသိရသေးဘူး။ စစ်ရေးအခြေအနေအရ တံတားပေါ် သွားလာခွင့်လည်း ပိတ်ထားတယ်လေ၊ ဖားဆောင်းမြို့ထဲလည်း စစ်ကောင်စီတွေက ရှိတယ်”ဟု ကရင်နီ ဒေသခံတစ်ဦးက ပြောသည်။

ယင်းတံတား ကျိုးပျက်မှုနှင့်ပတ်သက်ပြီး လက်ရှိအချိန်ထိ မည်သည့် အဖွဲ့အစည်းကမှ တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပေ။

သို့ရာတွင် ယခင်ရက်များတွင်လည်း စစ်ကောင်စီတပ်က ဖားဆောင်းတံတားကို အသေခံဒရုန်းဖြင့် တိုက်ခိုက်ခြင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်သဖြင့် လက်နက်ကြီးကြောင့် ပြိုကျခြင်းလည်း ဖြစ်နိုင်သည်ဟုလည်း ကရင်နီမြေပြင် သတင်းရင်းမြစ်တစ်ဦးက သုံးသပ်သည်။

“ပေါက်ကွဲတဲ့နေရာရဲ့ ပတ်ဝန်းကျင်ပုံစံကြည့်ရတာ ပတ်ပတ်လည်တဝိုက် တော်တော်ကျယ်ကျယ် သစ်ပင်တွေပါ ကျိုးကျသေဆုံး ခြောက်သွေ့ကုန်တာ တွေ့ရတယ်ပေါ့နော်။ ဒီပုံစံဖြစ်လောက်တဲ့အထိ တော်လှန်ရေးတပ်ဖွဲ့တွေဆီမှာ ပေါက်ကွဲအားပြင်းတဲ့ဗုံး မရှိဘူး” ဟု ၎င်းက ဆို သည်။

ဖားဆောင်း သံလွင်တံတားသည် ဖားဆောင်း – မယ်စဲ့ရှိ ဒေသခံများ အဓိက သွားလာအသုံးပြုသည့် တံတားတစ်စင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။

စစ်ကောင်စီတပ်က ယမန်နှစ် စက်တင်ဘာလမှ စတင်ကာ ဘောလခဲ – ထူးချောင်း – ဖားဆောင်း ဆက်သွယ်ရေးလမ်းကြောင်းကို အဓိက အသုံးပြုပြီး ထိုးစစ်ဆင်နေကာ လက်ရှိတွင် ဖားဆောင်းမြို့ထဲ ပြန်လည်ဝင်ရောက်နိုင်ခဲ့သည်။

ဖားဆောင်းမြို့ အပြင်ဘက်ကိုမူ တော်လှန်ရေးတပ်များက ဝိုင်းရံ ပိတ်ဆို့ထားဆဲဖြစ်ပြီး တိုက်ပွဲများပြင်းထန်နေသည်။

#MeKongNews
#ကရင်နီ
#ဖားဆောင်း
#သံလွင်တံတား
#တိုက်ခိုက်
#ဖျက်ဆီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now