နေ့စဥ်သတင်း

ဗန်းမတ်ကို PNA တိုက်ခိုက်နေခြင်းသည် ငြိမ်းချမ်းရေးနှင့် အလှမ်းဝေးစေဟု PNLA ဆို

မဲခေါင် 6 Feb - 2026
မဲခေါင်၊ ဖေဖော်ဝါရီ ၆ ရှမ်းပြည်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ကဒူကြီးနယ်မြေရှိ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် – PNLA အခြေစိုက် ဗန်းမတ်ကို စစ်ကောင်စီလက်အောက်ခံ PNA က ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းသည် ငြိမ်းချမ်းရေးကို ပိုမိုဝေးကွာစေသည့် လုပ်ရပ်ဖြစ်ကြောင်း PNLA က မဲခေါင်သတင်းဌာနသို့ ပြောသည်။ လက်ရှိ ကဒူကြီးနယ်မြေ၊ ဗန်းမတ်ကို PNA က ဆုတ်လိုက်တက်လိုက်ဖြင့် လက်နက်ကြီး အကူအညီယူကာ ထိုးစစ်ဆင်နေမှုအပေါ် PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက မှတ်ချက်ပြုခြင်း ဖြစ်သည်။ “နေ့တိုင်း တိုက်ပွဲဖြစ်နေတာ၊ မဖြစ်တဲ့နေ့မရှိဘူး။ PNLA က NCA ထိုးပြီး ဆက်သွယ်ရ လွယ်အောင် ထိုင်းနယ်စပ်ကနေ ဗန်းမတ်ကို ရွှေ့လာတာ။

မဲခေါင်၊ ဖေဖော်ဝါရီ ၆

ရှမ်းပြည်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ကဒူကြီးနယ်မြေရှိ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် – PNLA အခြေစိုက် ဗန်းမတ်ကို စစ်ကောင်စီလက်အောက်ခံ PNA က ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းသည် ငြိမ်းချမ်းရေးကို ပိုမိုဝေးကွာစေသည့် လုပ်ရပ်ဖြစ်ကြောင်း PNLA က မဲခေါင်သတင်းဌာနသို့ ပြောသည်။

လက်ရှိ ကဒူကြီးနယ်မြေ၊ ဗန်းမတ်ကို PNA က ဆုတ်လိုက်တက်လိုက်ဖြင့် လက်နက်ကြီး အကူအညီယူကာ ထိုးစစ်ဆင်နေမှုအပေါ် PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက မှတ်ချက်ပြုခြင်း ဖြစ်သည်။

“နေ့တိုင်း တိုက်ပွဲဖြစ်နေတာ၊ မဖြစ်တဲ့နေ့မရှိဘူး။ PNLA က NCA ထိုးပြီး ဆက်သွယ်ရ လွယ်အောင် ထိုင်းနယ်စပ်ကနေ ဗန်းမတ်ကို ရွှေ့လာတာ။ အခု စစ်ကြောင်းတွေနဲ့ ထိုးစစ်ဆင်နေတာက ငြိမ်းချမ်းရေး အလှမ်းဝေးစေတဲ့ အပြင် အနာဂတ် ဆက်ဆံရေးကိုပါ ထိခိုက်စေတယ်။ တော်လှန်ရေးဆိုတာ နှလုံးသားထဲက လာတာဖြစ်လို့ ဗန်း မတ်ကို တိုက်နေပေမဲ့ မရနိုင်ဘူး” ဟု ၎င်းက ဆိုသည်။

PNA ဘက်မှ နောင်ထောင်၊ ဗန်းမောက်၊ ဟန်းဗွကျေးရွာများကို လက်နက်ကြီး၊ ဒရုန်းများဖြင့် နေ့စဉ် ထိုးစစ်ဆင် တိုက်ခိုက်နေမှုကြောင့် ရွာခံများလည်း ဘေးလွတ်ရာသို့ ထွက်ပြေး ပုန်းအောင်းနေကြရသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်က အင်အားရာချီဖြင့် စစ်ကြောင်းထိုးလာသည့် PNA စစ်ကြောင်းမှာ PNLA ၏ စောင့်ကြို တိုက်ခိုက်မှုကြောင့် အထိနာကာ သေဆုံး အလောင်းများကိုပင် မကောက်နိုင်ဘဲ ဆုတ်ခွာခဲ့ရကြောင်း၊ ထို့နောက်ပိုင်းတွင် အဝေးမှလက်နက်ကြီး၊ ဒရုန်းများဖြင့်သာ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁ ရက်မှစ၍ စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် – PNO တို့က မောက်မယ်မြို့နယ်၊ ဟိုနမ့် ကျေးရွာအုပ်စုမှ PNLA လှုပ်ရှားရာသို့ ထိုးစစ်ဆင်လာခြင်းကြောင့် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။

#MeKongnews
#ဗန်းမတ်
#PNA
#တိုက်ခိုက်
#ငြိမ်းချမ်းရေး
#PNLA

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now