နေ့စဥ်သတင်း

သီပေါတွင် စစ်ကောင်စီတပ်နှင့် လက်နက်ကိုင်တပ်ဖွဲ့တစ်ခု လူ့အခွင့်အရေး ချိုးဖောက်မှု ရှမ်းကျောင်းသားသမဂ္ဂ ကန့်ကွက်

မဲခေါင် 1 Feb - 2026
မဲခေါင်၊ ဖေဖော်ဝါရီ ၁ ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက ဒေသခံပြည်သူများ အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ရှမ်းကျောင်းသားသမဂ္ဂက ယနေ့တွင် ထုတ်ပြန်သည်။ ယင်းထုတ်ပြန်ချက်တွင် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုမှာ MNDAA ဟု ရည်ညွှန်းထားပြီး ယင်းအဖွဲ့များသည် ပြည်သူများကို နှိပ်စက်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးရိုက်နှက်ခြင်းနှင့် ပစ္စည်းလုယူခြင်းများ ကျူးလွန်ခဲ့သည်ဟု ဖော်ပြထားသည်။ ယခုနစ် ဇန်နဝါရီလ ဒုတိယပတ်အတွင်း ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ် မန်ပန်း ကျေးရွာအုပ်စု အတွင်းသို့ ရောက်ရှိနေသော စစ်ကောင်စီတပ်သားများက ကျေးရွာတစ်ခုတွင် ဒေသခံပြည်သူများ နေအိမ်အတွင်းသို့ အဓမ္မ ဝင်ရောက်ကာ အိမ်မွေးတိရစ္ဆာန်များကို သတ်ဖြတ် စားသောက်ခြင်း၊ ဆိုင်များအတွင်းများမှ ပစ္စည်းများအား လုယူခြင်း၊ ယာဥ်များ

မဲခေါင်၊ ဖေဖော်ဝါရီ ၁

ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက ဒေသခံပြည်သူများ အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ရှမ်းကျောင်းသားသမဂ္ဂက ယနေ့တွင် ထုတ်ပြန်သည်။

ယင်းထုတ်ပြန်ချက်တွင် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုမှာ MNDAA ဟု ရည်ညွှန်းထားပြီး ယင်းအဖွဲ့များသည် ပြည်သူများကို နှိပ်စက်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးရိုက်နှက်ခြင်းနှင့် ပစ္စည်းလုယူခြင်းများ ကျူးလွန်ခဲ့သည်ဟု ဖော်ပြထားသည်။

ယခုနစ် ဇန်နဝါရီလ ဒုတိယပတ်အတွင်း ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ် မန်ပန်း ကျေးရွာအုပ်စု အတွင်းသို့ ရောက်ရှိနေသော စစ်ကောင်စီတပ်သားများက ကျေးရွာတစ်ခုတွင် ဒေသခံပြည်သူများ နေအိမ်အတွင်းသို့ အဓမ္မ ဝင်ရောက်ကာ အိမ်မွေးတိရစ္ဆာန်များကို သတ်ဖြတ် စားသောက်ခြင်း၊ ဆိုင်များအတွင်းများမှ ပစ္စည်းများအား လုယူခြင်း၊ ယာဥ်များ လုယူစီးနင်းခြင်း၊ ရွှေ အပါအဝင် တန်ဖိုးကြီးပစ္စည်းများကို အဓမ္မ ယူဆောင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် ပိန်းညောင်ကျေးရွာမှ အမျိုးသားတစ်ဦးအား ဖမ်းဆီးရိုက်နှက်ခြင်းနှင့် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးအား ဖမ်းဆီးကာ ကားသိမ်းယူခြင်းများ ပြုလုပ်ခဲ့ပြီး လက်ရှိအချိန်အထိ စစ်ကောင်စီတပ်ဖွဲ့သည် ယင်းကျေးရွာများအတွင်း ပြည်သူလူထု၏ ပစ္စည်းများကို လုယူခြင်း ရိုက်နှက်ခြင်းများ ပြုလုပ်နေဆဲဖြစ်သည်ဟု ဆိုသည်။

အလားတူ ပင်ဇန်နဝါရီ ၂၉ ရက်တွင် သီပေါမြို့နယ်၊ ပန်မြိုင်းကျေးရွာအနီးတွင် စစ်ဆေးရေးဂိတ် ဖွင့်လှစ်ထားသော MNDAA တပ်ဖွဲ့က ကျေးရွာအပြင်ဘက်ရှိ တောင်ယာသို့သွားသော ဒေသခံပြည်သူ လုံးပန်ကို ဖမ်းဆီးရိုက်နှက်ခဲ့ရာ နေအိမ်သို့ ပြန်ရောက်ပြီးနောက် ရိုက်နှက်ခံရသော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

“သီပေါကနေ ဆောင်ကြဲ မိုင်းရယ် သွားလမ်းမှာဖြစ်တာ၊ သေသူက အသက် ၄၀ ရှိတဲ့ ပြည်သူတစ်ဦးပါ။ ခုလို တရားမဲ့ ရိုက်နှက်လို့ သေဆုံးရတာမျိုး မဖြစ်သင့်ဘူး”ဟု ရှမ်းကျောင်းသားသမဂ္ဂ တာဝန်ခံတစ်ဦးက မဲခေါင်သို့ ပြောသည်။

ထိုကဲ့သို့ အရပ်သားပြည်သူများ၏ ပစ္စည်းဥစ္စာကို လုယူခြင်း၊ ပြည်သူများကို ရိုက်နှက် သတ်ဖြတ်ခြင်းသည် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ပြီး ရှမ်းကျောင်းသားသမဂ္ဂမှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်ဟု ၎င်းက ဆိုသည်။

#MeKongNews
#သီပေါ
#စစ်ကောင်စီတပ်
#လက်နက်ကိုင်တပ်ဖွဲ့
#လူ့အခွင့်အရေး
#ချိုးဖောက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now