နေ့စဥ်သတင်း

မူဆယ် လောင်းကစားဂိမ်းဆိုင်တွင် အမှတ်ခိုးထည့်သည်ဟုဆိုကာ ပြည်သူ့စစ်များ ဝိုင်းရိုက်သဖြင့် ကစားသူ သေဆုံး

မဲခေါင် 22 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၂၁ လောင်းကစားဂိမ်းရုံတွင် အမှတ်ခိုးထည့်သည်ဟု စွပ်စွဲကာ ဆိုင်လုံခြုံရေး ပြည်သူ့စစ်များက ဝိုင်းဝန်းရိုက်နှက်သဖြင့် ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့ရှိ ဂိမ်းဆိုင်တစ်ဆိုင်တွင် လာရောက်ကစားသူတစ်ဦး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၁၉ ရက် မွန်းလွဲ ၁ နာရီခန့်တွင် မူဆယ်မြို့ စွမ်စော (၁)လမ်း၊ ဟုန်ရန်တည်းခိုခန်း၏ အရှေ့ဘက်၊ SKY KTV မှ ၂ လမ်းကျော်ရှိ ခေတ်သစ်ကစားဝိုင်း ဂိမ်းဆိုင်၌ အသက် ၂၈ နှစ်အရွယ် မောင်လှမြင့်က သူငယ်ချင်းဖြစ်သူ အမျိုးသမီးတစ်ဦးနှင့်အတူ လာရောက် ကစားနေစဥ် အမှတ်ထည့်သည့် စာရေးမက ၎င်းအား လက်ညိုးထိုး၍ အမှတ် ခိုးထည့်နေကြောင်း ဆိုင်လုံခြုံရေး ပြည်သူ့စစ်ကို

မဲခေါင်၊ ဇန်နဝါရီ ၂၁

လောင်းကစားဂိမ်းရုံတွင် အမှတ်ခိုးထည့်သည်ဟု စွပ်စွဲကာ ဆိုင်လုံခြုံရေး ပြည်သူ့စစ်များက ဝိုင်းဝန်းရိုက်နှက်သဖြင့် ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့ရှိ ဂိမ်းဆိုင်တစ်ဆိုင်တွင် လာရောက်ကစားသူတစ်ဦး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၉ ရက် မွန်းလွဲ ၁ နာရီခန့်တွင် မူဆယ်မြို့ စွမ်စော (၁)လမ်း၊ ဟုန်ရန်တည်းခိုခန်း၏ အရှေ့ဘက်၊ SKY KTV မှ ၂ လမ်းကျော်ရှိ ခေတ်သစ်ကစားဝိုင်း ဂိမ်းဆိုင်၌ အသက် ၂၈ နှစ်အရွယ် မောင်လှမြင့်က သူငယ်ချင်းဖြစ်သူ အမျိုးသမီးတစ်ဦးနှင့်အတူ လာရောက် ကစားနေစဥ် အမှတ်ထည့်သည့် စာရေးမက ၎င်းအား လက်ညိုးထိုး၍ အမှတ် ခိုးထည့်နေကြောင်း ဆိုင်လုံခြုံရေး ပြည်သူ့စစ်ကို သွားပြောသည်ဟု မျက်မြင်တွေ့သူများက ဆိုသည်။

ထို့နောက် ပြည်သူ့စစ် ၂ ဦးက မောင်လှမြင့်ကို ထိုးကြိတ်ကာ သေနတ်ဒင်များဖြင့် ဆောင့်သည့်အပြင် နောက်ထပ် ပြည်သူ့စစ်တစ်ဦး ရောက်လာပြီး သုံးဦးပေါင်း ရိုက်နှက် ထိုးကြိတ်ခဲ့ရာ ယင်းဂိမ်းဆိုင်အတွင်းပင် သေဆုံးသွားကြောင်း သိရသည်။

“အမှတ်ခိုးမထည့်ဘူး၊ စာရေးမစကားကို ယုံပြီး ပြည်သူ့စစ်တွေက ဝိုင်းရိုက်ကြတာ။ ပြည်သူ့စစ်တစ်ယောက်က ‘ဟေ့ကောင်တွေ တော်တော့ သေပြီ’ ပြောမှ ကြောက်ပြီး ပြန်လာခဲ့တာ။ သူသေပြီဆိုတာ သေချာတယ်။ ၂ ညရှိပြီ၊ အခု နေ့လည်ထိ ပြန်မှမလာတော့တာ”ဟု မျက်မြင်သိသူတစ်ဦးက ဖွင့်ဟပြောဆိုသည်။

ထို့နောက် သေဆုံးသူနှင့် အတူနေ ကိုမြင့်ဆောင်ဆိုသူက နောက်တစ်ရက် နံနက် ၉ နာရီတွင် စခန်းသို့ သွားရောက်တိုင်ကြားရာ ဂတ်စာရေးက ကိုမြင့်ဆောင်၏ ဖုန်းနံပါတ်ယူထားပြီး ဆက်သွယ်မည်ဟု ဆိုသော်လည်း လက်ရှိအချိန်အထိ မဆက်သွယ်လာသေးဘဲ ဂိမ်းဆိုင်လည်း ဖွင့်ထားဆဲဖြစ်ကြောင်း ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။

ခေတ်သစ်ဂိမ်းဆိုင်သည် မြို့မပြည်သူ့စစ်က လိုင်းကြေးတာဝန်ခံယူကာ ဖွင့်ထားသည့်ဆိုင်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

မောင်လှမြင့် အသတ်ခံရမှုနှင့် ပတ်သက်၍ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ရဲနောင်က ၎င်းမသိကြောင်း ဆိုသည်။

မူဆယ်တွင် နေ့စဥ်နီးပါး ဓားပြမှု၊ လုယက်မှု၊ ပြန်ပေးဆွဲမှု၊ လူသတ်မှုများ ဖြစ်နေရာ ရဲတပ်ဖွဲ့က ဖော်ထုတ် အရေးယူပေးခြင်းမရှိဘဲ အကြမ်းဖက်သမားများ လုပ်ကြောင်း ခေါင်းစဥ်တပ်၍ အမှုပိတ်နေကြကြောင်း သိရသည်။

မူဆယ်မြို့တွင် တရားမဝင်လုပ်ငန်းများ ဖြစ်သည့် ကျားဖြန့်ရုံ၊ KTV၊ ပြည့်တန်ဆာရုံ၊ အနှိပ်ခန်း၊ လောင်းကစားရုံနှင့် အပေါင်ဆိုင် အများအပြားသည် လိုင်စင်ရသဖွယ် ပြောင်ပြောင်တင်းတင်း လုပ်ကိုင်နေကြပြီး မူဆယ်ရဲတပ်ဖွဲ့နှင့် ဌာနေပြည်သူ့စစ်များက လိုင်းကြေးယူ အကာအကွယ် ပေးနေကြသည်။

ယင်းလုပ်ငန်းများကြောင့် နောက်ဆက်တွဲ ဖြစ်ပွားလာသည့် ရာဇဝတ်မှုများကိုလည်း ခရိုင်မှူး ဒုရဲမှူးကြီး ပြည့်ဝင်းအောင် ဦးဆောင်သည့် မူဆယ်ရဲတပ်ဖွဲ့က လိုင်းကြေး ယူထားသဖြင့် ထိရောက်သည့် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခြင်းလည်း မရှိပေ။

#MeKongNews
#မူဆယ်
#ဂိမ်းဆိုင်
#ပြည်သူ့စစ်
#ဝိုင်းရိုက်
#သေဆုံး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now