မဲခေါင်၊ ဇန်နဝါရီ ၂၀
ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ပြည်ထောင်စုလမ်းမကြီးတွင် တွဲကားနှင့် အိမ်စီးကားတိုက်မိ၍ ၃ ဦး ဒဏ်ရာရကာ တစ်ဦးစိုးရိမ်ရကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ညနေ ၃ နာရီဝန်းကျင်တွင် ကလောမြို့နယ် ရေယောင်းမအတက်၌ ရန်ကုန်မှ လာသည့် PARADO အိမ် စီးကားနှင့် ကလောဘက်မှ ဆင်းလာသည့် ကျောက်မီးသွေးတင် တွဲကားတို့ တိုက်မိကြခြင်း ဖြစ်သည်။
“ကွေ့မှာ အရှိနိမထိန်းကြလို့ ဖြစ်နိုင်တယ်၊ တွဲကားကလည်း အရမ်းမောင်း၊ ရန်ကုန်ကလည်း လမ်းအယူမကျွမ်း တာပါမယ်။ တွဲကားနောက်ပိုင်းနဲ့ ချိတ်ပြီး ပရာဒိုက လည်သွားတာ၊ လမ်းဘေး အိမ်သွားဆောင့်တာ၊ တည့်သာ တိုက်ရင် အိမ်ပြိုကျမှာ”ဟု ရေယောင်းမ နယ်ခံတစ်ဦး ကမဲခေါင်သို့ ပြောသည်။
PARADO ကားပေါ်ပါ လူ ၄ ဦးအနက် ၃ဦးဒဏ်ရာရကာ တစ်ဦးမှာ စိုးရိမ်ရကြောင်း ၎င်းက ပြောသည်။
“ခေါင်းထိတဲ့ တစ်ယောက် စိုးရိမ်ရနိုင်တယ်၊ ကျန်လူတွေကတော့ မစိုးရိမ်ရနိုင်ဘူး။ အိမ်ထဲလည်း အထိအခိုက် မရှိ ဘူး”ဟု အခြားနယ်ခံတစ်ဦးက ဆိုသည်။
အခင်းဖြစ်ပွားရာသို့ ရဲများနှင့် လူနာတင်ကား ရောက်လာကာ ထိခိုက်ဒဏ်ရာသူများကို ကလောဘက်သို့ သယ် ဆောင်သွားသည်ဟု မျက်မြင်များက ပြောသည်။
ကလောအတက် ကွေ့များတွင် ကားများ မတော်တဆ ဖြစ်ပွားနိုင်သဖြင့် လမ်းကွေ့ကြော ယူတတ်ရန်နှင့် အရှိန် လျှော့မောင်းရန်တို့ လိုအပ်ကြောင်း ကားသမားများက အကြံပြုထားကြသည်။
#MeKongNews
#ကလော
#တွဲကား
#အိမ်စီးကား
#ဒဏ်ရာရ








