မဲခေါင်၊ ဇန်နဝါရီ ၂၀
ပြီးခဲ့သည့် ဇန်နဝါရီ ၁၈ ရက်က ဖားဆောင်းမြို့၊ မယ်စဲရှိ ကရင်နီတပ်များ၏ အကျဉ်းထောင်များမှ စစ်ကောင်စီ တပ်သား အယောက် ၁၀၀ ဝန်းကျင် ထွက်ပြေး လွတ်မြောက်သွားရာ ယနေ့ ဇန်နဝါရီ ၂၀ ရက်တွင် နယ်စပ် ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်၊ ဟိုင်တွန်နန် စစ်ဆေးရေးဂိတ်သို့ ရောက်ရှိကာ ထိုင်းတပ်ဖွဲ့ထံ ခိုလှုံခဲ့သည်ဟု ထိုင်းသတင်းများအရ သိရသည်။
ကရင်နီ တော်လှန်ရေးတပ်ဖွဲ့ ထုတ်ပြန်ချက်အရ စစ်သား ၈၂ ယောက် လွတ်မြောက်သွားပြီး ၅၉ ယောက်မှာ စစ်ကောင်စီတပ် အသီသီးမှ တပ်သားများဖြစ်ကာ ကျန်လူများမှာ ရဲတပ်ဖွဲ့ဝင်များဖြစ်သည်ဟု ဆိုသည်။
လက်ရှိတွင် ကရင်နီတပ်ဖွဲ့က လွတ်မြောက်သွားသူများကို ပြန်လည် ရှာဖွေနေပြီး ယနေ့ နံနက်ပိုင်းက အယောက် ၃၀ ထိုင်းဘက်သို့ ရောက်ရှိလာခြင်းဖြစ်သည်ဟု ဆိုသည်။
ထိုင်းနယ်ခြားစောင့်တပ်က နယ်စပ်နေပြည်သူများ စိုးရိမ်စရာမလိုဘဲ သတင်းထူးလျှင်သာ အကြောင်းကြားရန်နှင့် နယ်စပ်ကို ၂၄ နာရီ ကင်းလှည့် စောင့်ရှောက်ပေးနေသည်ဟု ထုတ်ပြန် ကြေညာခဲ့သည်။
Ref: amarintv
#MeKongNews
#ကရင်နီ
#အကျဉ်းထောင်
#စစ်ကောင်စီ
#ထွက်ပြေး








