မဲခေါင်၊ ဇန်နဝါရီ ၁၇
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ ထူးချောင်းတိုက်ပွဲအတွင်း ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်ဟု ကယန်းအမျိုးသားတပ်မတော် – KNA က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။
KNA ၏ ၂၁၀၇ တပ်ရင်းမှ ရဲဘော် ဇင်လင်းဖြိုးသည် ဖက်ဒရယ်ဒီမိုကရေစီ နှင့် အဖိနှိပ်ခံ လူမျိုးပေါင်းစုံ အပါအဝင် ကယန်းအမျိုးသားများအတွက် တော်လှန်တိုက်ပွဲဝင်ရင်း ဇန်နဝါရီ ၁၄ ရက် ထူးချောင်းတိုက်ပွဲတွင် မြင့်မြတ်စွာ ကျဆုံးခဲ့သည်ဟု KNA ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
စစ်အာဏာရှင်စနစ်အား တော်လှန်ရင်း ကျဆုံးသွားသည့် ရဲဘော် ဇင်လင်းဖြိုး၏ ဈာပနအခမ်းအနားကို ကယန်းဒေသ တစ်နေရာတွင် ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် KNA က ဆိုသည်။
စစ်ကောင်စီအား တော်လှန်တိုက်ခိုက်ရင်း ကျဆုံးသွားသည့် ကယန်းအမျိုးသား ရဲဘော် ဇင်လင်းဖြိုးသည် အသက် ၁၈ နှစ်သာရှိသေးသည့် လူငယ်တစ်ဦး ဖြစ်သည်။
ကယန်းဒေသ အတွင်းရှိ ပြန့်ကျဲနေသည့် တော်လှန်ရေး တပ်ဖွဲ့များကို စုစည်းပြီး ဖွဲ့စည်းထားသည့် KNA သည် လက်ရှိတွင် တပ်ရင်း ၁၃ ရင်းဖြင့် စစ်အာဏာရှင်အား တော်လှန် တိုက်ခိုက်နေသည်။
#MeKongNews
#ကရင်နီ
#ထူးချောင်းတိုက်ပွဲ
#KNA
#ရဲဘော်တစ်ဦး
#ကျဆုံး








