နေ့စဥ်သတင်း

သီပေါမှ ခြံထွက်သီးနှံများ တင်ပို့ရာတွင် ထောက်ခံစာပေါင်းစုံ ယူနေရ၍ တောင်သူနှင့် လုပ်ငန်းရှင်များ အကျပ်ရိုက်

မဲခေါင် 16 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၁၆ ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်းရှိ ခြံထွက်သီးနှံများအား အခြားမြို့နယ်များသို့ တင်ပို့ရောင်းချရာတွင် စစ်ကောင်စီ ဌာနာဆိုင်ရာများမှ ထောက်ခံစာပေါင်းစုံ ယူနေရသဖြင့် လုပ်ငန်းများကြန့်ကြာကာ တောင်သူများ အခက်အခဲကြုံနေရကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ စစ်ကောင်စီ၏ စိုက်ပျိုးရေးဌာနနှင့် ထွေအုပ်တို့၏ ထောက်ခံချက်များ မပါပါက တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် ကုန်ပစ္စည်းများဟု စွပ်စွဲကာ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များက မတရားဖမ်းဆီးခြင်းနှင့် ငွေတောင်းခြင်းများ ပြုလုပ်ကြသဖြင့် ထောက်ခံစာများ ယူရခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။ “သူတို့ ထောက်ခံစာမပါရင် တရုတ်ပစ္စည်းဆိုပြီး ကားတွေလျှောက်ဖမ်း ငွေတွေ လျှောက်တောင်းတာဗျ။ ကိုယ့့် ခြေလက်နဲ့ စိုက်ပျိုးတဲ့ ကိုယ့်ခြံထွက်ပစ္စည်း ရောင်းတာတောင်မှ သူတို့ ထောက်ခံချက် ယူနေရတာမျိုးက မဟုတ်သေးဘူး၊

မဲခေါင်၊ ဇန်နဝါရီ ၁၆

ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်းရှိ ခြံထွက်သီးနှံများအား အခြားမြို့နယ်များသို့ တင်ပို့ရောင်းချရာတွင် စစ်ကောင်စီ ဌာနာဆိုင်ရာများမှ ထောက်ခံစာပေါင်းစုံ ယူနေရသဖြင့် လုပ်ငန်းများကြန့်ကြာကာ တောင်သူများ အခက်အခဲကြုံနေရကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ကောင်စီ၏ စိုက်ပျိုးရေးဌာနနှင့် ထွေအုပ်တို့၏ ထောက်ခံချက်များ မပါပါက တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် ကုန်ပစ္စည်းများဟု စွပ်စွဲကာ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များက မတရားဖမ်းဆီးခြင်းနှင့် ငွေတောင်းခြင်းများ ပြုလုပ်ကြသဖြင့် ထောက်ခံစာများ ယူရခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။

“သူတို့ ထောက်ခံစာမပါရင် တရုတ်ပစ္စည်းဆိုပြီး ကားတွေလျှောက်ဖမ်း ငွေတွေ လျှောက်တောင်းတာဗျ။ ကိုယ့့် ခြေလက်နဲ့ စိုက်ပျိုးတဲ့ ကိုယ့်ခြံထွက်ပစ္စည်း ရောင်းတာတောင်မှ သူတို့ ထောက်ခံချက် ယူနေရတာမျိုးက မဟုတ်သေးဘူး၊ လွတ်လပ်မှု မရှိဘူးပေါ့ဗျာ။ အကျိုးမရှိတဲ့ ကြိုးနီစနစ်တွေ”ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ထို့သို့ ထောက်ခံစာယူ၍ ခြံထွက်ပစ္စည်းကို ရောင်းဝယ်သော်လည်း လမ်းခရီးတွင်ရှိသည့် စစ်ကောင်စီဂိတ်များကိုမူ ငွေပေးနေရဆဲ ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

“ထောက်ခံစာက ထောက်ခံစာပဲ ကားတွေ ပစ္စည်းတွေ အဖမ်းမခံရအောင် ကူပေးနိုင်တာပဲ ရှိတယ်။ ဂိတ်ကတောင်းတဲ့ ပိုက်ဆံကိုတော့ မပေးမနေရပဲဟေ့”ဟု သီပေါမြို့နယ် သတင်းရင်းမြစ်တစ်ဦးကပြောသည်။

ထို့ပြင် သီပေါမြို့နယ်ထွက် ပျားလိမ္မော်များကို ရန်ကုန်သို့ပို့ရန် ထောက်ခံစာယူနေရပြီး သီပေါတံတား ပိတ်ထားသဖြင့်လည်း စိုက်ပျိုးရေးခြံနှင့် တောင်သူများ အခက်ကြုံ နေကြရကြောင်း သိရသည်။

ပျားလိမ္မော်များ သယ်ယူရန် ဒေသထွက်ကုန် ဖြစ်ကြောင်း သီပေါရှိ စစ်ကောင်စီ၏ ထွေအုပ်နှင့် စိုက်ပျိုးရေးဦးစီးမှူး ထောက်ခံစာပါမှသာ ရန်ကုန်သို့ ပို့ခွင့်ရပြီး နေ့စဉ် ယူနေရသဖြင့် အခက်အခဲ ကြုံနေရခြင်းဖြစ်ကြောင်း သိရသည်။

ပျားလိမ္မော်ခြံများမှာ သီပေါမှ လားရှိုးသွားလမ်း မြို့ဟောင်းနှင့် ကွန်ခိုက်အုပ်စု၊ နမ့်အွန် ကျေးရွာများတွင် အများအပြား ရှိနေပြီး သီပေါတံတားကို ခြေလျင်ဖြတ်၍ ထောက်ခံစာများ သွာရောက် ယူနေကြရခြင်း ဖြစ်သည်။

“သီပေါ ပျားလိမ္မော် တင်ဖို့ကို ထောက်ခံစာပါမှ တင်လို့ရတယ်။ ဒီစာရွက်မပါရင် တင်မရဘူး။ သီပေါသွားပြီး လုပ်လို့ရတာ သီပေါတံတားလည်း ပိတ်နေတုန်းပဲ အခုထိ လမ်းလျှောက် သွားယူရတာ နေ့တိုင်းပဲ။ ခြေထောက် ညောင်းကိုက်နေပြီ နေ့တိုင်းသွားယူနေတော့”ဟု လုပ်ငန်းရှင်တစ်ဦးက ၎င်း၏ လူမှုကွန်ရက်တွင် ပြောထားသည်။

ရှမ်းမြောက်မှ တရုတ်ကုန်စည် တင်သွင်းမှုများကို တရားမဝင် ကုန်စည်အဖြစ် စစ်ကောင်စီက တားဆီး ပိတ်ပင်ခဲ့ပြီးနောက် ဖမ်းဆီးမှုများ ပြုလုပ်လာခဲ့ရာ ပြည်တွင်း စိုက်ပျိုးတောင်သူများ အတွက်ပါ အခက်ကြုံလာရခြင်း ဖြစ်သည်။

အထူးသဖြင့် ပြည်တွင်း စိုက်ပျိုးရေးသီးနှံများပင် တင်ပို့ခွင့် ခက်ခဲလာနေခြင်း ဖြစ်သည်။

“ထောက်ခံစာပြလည်း ပေးတာက ပေးရတာပါပဲ၊ အဆင်မပြေရင် အသီးတင်ဖာတွေ ပျက်စီးတဲ့အထိ စစ်ဆေး မခံနိုင်တော့ ပေးရတာပေါ့။ မှတ်ထားတာ ရန်ကုန်အထိ ၅ ထောင်၊ တစ်သောင်း ပေးရတဲ့ ဂိတ်အစုံ ၂၃ ဂိတ် ရှိတယ်”ဟု ယာဥ်မောင်းတစ်ဦးက ပြောသည်။

ရှမ်းမြောက်မှ သယ်ယူလာသည့် ကုန်များကို တရားမဝင် ကုန်စည်များဟု အမည်တပ်ကာ စစ်ကောင်စီတပ်က မတရား ဖမ်းဆီးနေပြီး ယခု ဇန်နဝါရီလအတွင်း ကုန်ကားအစီး ၈၀ ထက်မနည်း ဖမ်းဆီးခဲ့သည်။

#MeKongNews
#သီပေါ
#ခြံထွက်သီးနှံ
#တင်ပို့
#ထောက်ခံစာ
#တောင်သူ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now