နေ့စဥ်သတင်း

လားရှိုးအမှတ် (၁) ရဲစခန်းမှူး ညိုဝင်းနှင့် အမှုစစ်တို့ ကုန်ကားသမားကိုဖမ်းပြီး ကုန်သည်ထံမှ ငွေညှစ်

မဲခေါင် 16 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၁၆ စစ်ကောင်စီထိန်းချုပ်ထားသည့် ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့၊ အမှတ် (၁) ရဲစခန်းမှူး ဒုရဲမှူး ညိုဝင်းနှင့် အမှုစစ် ဒုရဲအုပ် ဝင်းမောင်ထွန်းတို့သည် ကုန်တင်ကားနှင့် ကုန်ကားသမားများကို ဖမ်းဆီးကာ ကုန်သည်ထံမှ ငွေညှစ်တောင်းခံခြင်း၊ လာဘ်ငွေယူကာ ပြန်လွှတ်ပေးခြင်းများ ပြုလုပ်နေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၆ ရက်နေ့က မူဆယ်ဘက်မှလာသည့် တရုတ်ကုန်တင် ၆ ဘီး (ကန်တာအမျိုးအစား) ယာဉ်တစ်စီးကို လားရှိုးခရိုင် ဒုစရိုက်နှိမ်နင်းရေးမှ ရဲအုပ် ဇော်မင်းထွန်းက ဖမ်းဆီးခဲ့ပြီးနောက် အမှတ် (၁) ရဲစခန်းတွင် အမှုဖွင့်ထားစဉ်အတွင်း စခန်းမှူးနှင့် အမှုစစ်တို့က ကုန်သည်ထံ ဖုန်းဆက်ကာ ငွေတောင်းခံခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

မဲခေါင်၊ ဇန်နဝါရီ ၁၆

စစ်ကောင်စီထိန်းချုပ်ထားသည့် ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့၊ အမှတ် (၁) ရဲစခန်းမှူး ဒုရဲမှူး ညိုဝင်းနှင့် အမှုစစ် ဒုရဲအုပ် ဝင်းမောင်ထွန်းတို့သည် ကုန်တင်ကားနှင့် ကုန်ကားသမားများကို ဖမ်းဆီးကာ ကုန်သည်ထံမှ ငွေညှစ်တောင်းခံခြင်း၊ လာဘ်ငွေယူကာ ပြန်လွှတ်ပေးခြင်းများ ပြုလုပ်နေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၆ ရက်နေ့က မူဆယ်ဘက်မှလာသည့် တရုတ်ကုန်တင် ၆ ဘီး (ကန်တာအမျိုးအစား) ယာဉ်တစ်စီးကို လားရှိုးခရိုင် ဒုစရိုက်နှိမ်နင်းရေးမှ ရဲအုပ် ဇော်မင်းထွန်းက ဖမ်းဆီးခဲ့ပြီးနောက် အမှတ် (၁) ရဲစခန်းတွင် အမှုဖွင့်ထားစဉ်အတွင်း စခန်းမှူးနှင့် အမှုစစ်တို့က ကုန်သည်ထံ ဖုန်းဆက်ကာ ငွေတောင်းခံခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“အမှုဖွင့်ပြီး ကားသမားကို ဖမ်းဆီးစစ်ဆေးကာ အချုပ်ထဲထည့်ထားတယ်။ စခန်းမှူး ဒုရဲမှူး ညိုဝင်းနဲ့ သူ့တပည့် အမှုစစ် ဒုရဲအုပ် ဝင်းမောင်ထွန်းက ကုန်သည်ဆီ ဖုန်းဆက်ပြီး ကွင်းဆက်ဖော်မယ်လို့ ခြိမ်းခြောက်တယ်။ အဲဒီလို မလုပ်စေချင်ရင် သိန်း ၂၀၀ ပေးဖို့ တောင်းတာ။ ကုန်သည်က နောက်ပိုင်း ဇယားရှုပ်မှာစိုးလို့ သိန်း ၁၂၀ ပေးလိုက်ရတယ်” ဟု ၎င်းက ပြောသည်။

ကားပေါ်တွင် တရုတ်ထုတ် အထည်အလိပ်၊ ဆပ်ပြာရည်နှင့် ဆိုင်ကယ်အပိုပစ္စည်းများ တင်ဆောင်လာခြင်းဖြစ်ပြီး ကားသမားကို ပို့ကုန်/သွင်းကုန် ဥပဒေပုဒ်မ (၈) ဖြင့် အမှုဖွင့်ထားပြီး ကားနှင့်ကုန်ပစ္စည်းများကို စခန်းတွင် သိမ်းဆည်းထားကြောင်း ရဲစခန်းအသိုင်းအဝိုင်းမှ သိရသည်။

၎င်းတို့သည် လွန်ခဲ့သည့် ၃ ရက်ခန့်ကလည်း ဆီသယ်သည့် ၆ ဘီးကားတစ်စီးကို ထောက်ခံချက်မပါဟုဆိုကာ ဖမ်းဆီးပြီးနောက် သိန်း ၅၀ ယူကာ ပြန်လည်လွှတ်ပေးခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။

“ပြည်သူကို ဒုက္ခမျိုးစုံပေးနေတဲ့ ညိုဝင်းနဲ့ ဝင်းမောင်ထွန်းကို ဘယ်သူမှမတားကြဘူး။ သူတို့က အထက်ကိုလည်း ပိုင်သလို အပေးအကမ်းလည်း ရက်ရောတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

စစ်ကောင်စီသည် တရုတ်နိုင်ငံဘက်မှ ဝင်ရောက်လာသည့် ကုန်ပစ္စည်းများကို တရားမဝင် အကောက်ခွန်မဲ့ကုန်စည်ဟု သတ်မှတ်ကာ ဖမ်းဆီးနေခြင်းဖြစ်သည်။

သီပေါ ၉ မိုင်လမ်းခွဲ၌ ပြီးခဲ့သည့်ရက်ပိုင်းက ကားစီးရေ ၇၇ စီး ဖမ်းဆီးခဲ့ပြီး တန့်ယန်းဘက်၌လည်း ယနေ့နေ့လယ်ပိုင်းက ဖမ်းဆီးမှုများ ရှိနေကြောင်း သိရသည်။

စီမံချက်အရ ဇန်နဝါရီ ၁၈ နှင့် ၂၁ ရက်များတွင်လည်း ထပ်မံဖမ်းဆီးရန် ရှိနေကြောင်း သိရသည်။

စစ်တပ်က ဖမ်းဆီးပြီး ရဲလက်အပ်ကာ အမှုဖွင့်ပြီးနောက် ရဲများက ကုန်ပစ္စည်းများကို ကိုယ်ကျိုးယူသုံးခြင်း၊ ငွေယူ၍ လွှတ်ပေးနေခြင်း၊ တရားရုံးများ၌ ငွေကုန်ကြေးကျ များပြားနေခြင်းတို့အပြင် နောက်ဆက်တွဲအဖြစ် ငွေကြေးခဝါချမှုဖြင့်ပါ အရေးယူမှုများ ရှိလာနေကြောင်း သိရသည်။

ငွေကြေးခဝါချမှုဖြင့် အရေးယူပါက ပိုင်ဆိုင်မှုအရပ်ရပ်ကို သိမ်းယူနိုင်သဖြင့် ရဲများက ယင်းအချက်ကို အသုံးချကာ ခြိမ်းခြောက်ငွေတောင်းမှုများ ပိုမိုလုပ်ဆောင်လာနေခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ပုံအညွှန်း – ဖမ်းဆီးခံရသည့် ၆ ဘီးကား

#MeKongNewsလား
#လားရှိုး
#ရဲတပ်ဖွဲ့
#ကုန်တင်ကား
#စခန်းမှူး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now