နေ့စဥ်သတင်း

စစ်ရေးလေ့ကျင့်ရန် သင်တန်းသားများထံမှ ကျည်တစ်ထောင့် ၃ ထောင်ကျပ် PNO တောင်း

မဲခေါင် 15 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၁၅ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် စစ်သင်တန်းတက်ရသော သင်တန်းသားများ စစ်ရေးလေ့ကျင့်မှုတွင် ပအိုဝ်းပြည်သူ့စစ် – PNO က ကျည်တစ်ထောင့် ၃ ထောင်ကျပ်နှုန်း ‌တောင်းနေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ထီတလီတောင်ခြေ၊ ရင်းမှီးတပ် လေ့ကျင့်ရေးကွင်းတွင် ဖွင့်ထားသော စစ်သင်တန်းတွင် ပြီးခဲ့သည့် နှစ်များက သင်တန်းသားတစ်ဦးလျှင် ကျည် ၅ ထောင့်ဖြင့် လေ့ကျင့်ပစ်ခွင့် ရှိသော်လည်း ယခုတွင် ကျည်တစ်ထောင့် ၃ ထောင်ကျပ်ပေးမှသာ လက်တွေ့ပစ်ခတ်ခွင့်ရကြောင်း သိရသည်။ “အရင်ဆို ပိုက်ဆံပေးဖို့ မလိုဘူး၊ အခုကျ ပိုက်ဆံပေးဖို့လိုတယ်။ အလကားမပေးဘူး အများစုက သေနတ်ပစ်ဖို့အတွက် အိမ်ကမိဘ ထောက်ပံ့ပေးရတယ်။ တချို့ကျတော့ ရွာက ရန်ပုံငွေနဲ့

မဲခေါင်၊ ဇန်နဝါရီ ၁၅

ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် စစ်သင်တန်းတက်ရသော သင်တန်းသားများ စစ်ရေးလေ့ကျင့်မှုတွင် ပအိုဝ်းပြည်သူ့စစ် – PNO က ကျည်တစ်ထောင့် ၃ ထောင်ကျပ်နှုန်း ‌တောင်းနေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ထီတလီတောင်ခြေ၊ ရင်းမှီးတပ် လေ့ကျင့်ရေးကွင်းတွင် ဖွင့်ထားသော စစ်သင်တန်းတွင် ပြီးခဲ့သည့် နှစ်များက သင်တန်းသားတစ်ဦးလျှင် ကျည် ၅ ထောင့်ဖြင့် လေ့ကျင့်ပစ်ခွင့် ရှိသော်လည်း ယခုတွင် ကျည်တစ်ထောင့် ၃ ထောင်ကျပ်ပေးမှသာ လက်တွေ့ပစ်ခတ်ခွင့်ရကြောင်း သိရသည်။

“အရင်ဆို ပိုက်ဆံပေးဖို့ မလိုဘူး၊ အခုကျ ပိုက်ဆံပေးဖို့လိုတယ်။ အလကားမပေးဘူး အများစုက သေနတ်ပစ်ဖို့အတွက် အိမ်ကမိဘ ထောက်ပံ့ပေးရတယ်။ တချို့ကျတော့ ရွာက ရန်ပုံငွေနဲ့ ထောက်ပံ့တာ ရှိကြတယ်။ ရွာမှာ အလှည့်ကျနဲ့ တက်ရတဲ့သူက ပိုက်ဆံလည်း မရှိတော့ မပစ်ရဘူး”ဟု သတင်းရင်းမြစ်တစ်ဦးက မဲခေါင်သို့ ပြောသည်။

ယင်းစစ်သင်တန်းကို ၁၅ ရက် ပြုလုပ်ပြီး ပင်လောင်းမြို့ တောင်ဘက်ရှိ စင်းတောင်းအုပ်စု၊ ဘန်းဖြာအုပ်စု၊ လိန်းညာအုပ်စု၊ တောင်ထီဗွာ ကျေးရွာအုပ်စုရှိ ကျေးရွာ ၂၀ မှ လူငယ် ၁၀၀ နီးပါး တက်နေရကြောင်း ၎င်းက ဆိုသည်။

သင်တန်းဆင်းပြီးသည့် ဒေသခံများကို တပ်ဖွဲ့အတွင်း စစ်မှုထမ်းရန်နှင့်၊ ကျေးရွာနှင့် အနီးတစ်ဝိုက် အခြေအနေများကို သတင်းပေးပို့ရန်၊ ရွာတွင်းလုံခြုံရေး ဆောင်ရွက်ပေးရန်လည်း ညွန်ကြားထားကြောင်း ၎င်းက ဆက်ပြောသည်။

PNO သည် ပအိုဝ်းဒေသရှိ ပြည်သူများထံ ဆက်ကြေးအမျိုးမျိုး လစဉ် ကောက်ခံနေသည့်အပြင် လူငယ် များကိုလည်း စစ်သားအဖြစ် အတင်းအဓ္ဓ စုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။

PNO တပ်ဖွဲ့သည် ယခင်က တော်လှန်ရေးတပ်ဖွဲ့ ဖြစ်ဖူးသော်လည်း ၁၉၉၁ ခုနှစ်က စစ်တပ်နှင့် အပစ်ရပ်ကာ ၂၀၀၉ ခုနှစ်တွင် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီတပ်နှင့်အတူ တော်လှန်ရေးတပ်ဖွဲ့များကို တိုက်ခိုက်နေသည်။

#MeKongNews
#စစ်ရေးလေ့ကျင့်
#သင်တန်းသား
#PNO
#ပင်လောင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now