မဲခေါင်၊ ဇန်နဝါရီ ၁၀
ရှမ်းပြည်မြောက်ပိုင်း၊ မိုင်းရယ်မြို့နယ်တွင် တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်က ဗုံးကြဲခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဇန်နဝါရီလ ၉ ရက်၊ နံနက် ၁၁ နာရီခန့်၌ မိုင်းရယ်မြို့နယ်၊ ရှန်တော် ကျေးရွာအနီးသို့ စစ်ကောင်စီက ဂျက်လေယာဥ် ၂ စီးဖြင့် လာရောက် ဗုံးကြဲခဲ့ခြင်း ဖြစ်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
“အဲနေရာက အရင် ကျားဖြန့် တွေရှိတယ် ကြားပေမယ့် ခုတော့မသိဘူး။ တိုက်ပွဲဖြစ်တာလည်း မကြားတော့ ဘာကြောင့်လည်း မသိရဘူး၊ အထိအခိုက်လည်း မသိရဘူး။ ရွေးကောက်ပွဲက တအား ကပ်နေချိန် ခုလိုဖြစ်တာ လူထုကတော့ စိုးရိမ်တယ်” ဟု ၎င်းက ဆိုသည်။
လာမည့် ဇန်နဝါရီ ၁၁ ရက်တွင် ပြုလုပ်မည့် စစ်ကောက်စီ ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် မိုင်းရယ်မြို့ နယ်လည်း ပါဝင်သည်။
စစ်ကောင်စီတပ်က ယခု ဗုံးကြဲခဲ့သည့် ရှန်တော်နေရာမှာ မိုင်းရယ်မြို့၏ အနောက်ဘက် မိုင် ၅၀ ကျော် အကွာတွင် ရှိပြီး မိုင်းရယ်မြို့နယ်နှင့် သီပေါမြို့နယ်ကြား ဖြစ်ကာ စစ်ကောင်စီတပ်၊ SSPP/SSA၊ MN DAA တပ်များ သွားလာ လှုပ်ရှားသည့်နယ်မြေ ဖြစ်ပြီး တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိခဲ့သည့် နေရာဖြစ်ကြောင်း သိရသည်။
#MeKongNews
#မိုင်းရယ်
#တိုက်ပွဲ
#စစ်ကောင်စီ
#ဗုံးကြဲ








