နေ့စဥ်သတင်း

တိုက်ပွဲများအတွင်း PNO ၂၀ ခန့် သေဆုံးပြီး သေနတ်တစ်လက်ရ၊ လူသားဒိုင်း ဒေသခံ ၂ ဦးကို ကယ်တင်နိုင်ခဲ့

မဲခေါင် 8 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၈ စစ်ကောင်စီနှင့် ဖြစ်ပွားနေသည့် လက်ရှိ တိုက်ပွဲများအတွင်း စစ်ကောင်စီနှင့် လက်အောက်ခံ PNO တို့ဘက်မှ ၂၀ ဦး ထက်မနည်း သေဆုံးပြီး အလောင်း တစ်လောင်းနှင့် သေနတ်တစ်လက်ကိုလည်း သိမ်းဆည်းမိခဲ့ကာ လူသားဒိုင်းအဖြစ် အသုံးပြုနေသည့် ရွာသား ၂ ဦးကိုလည်း ကယ်တင်နိုင်ခဲ့ကြောင်း PNLA က ယနေ့ ထုတ်ပြန်သည်။ ကယ်တင်ခဲ့သူ ၂ ဦးမှာ မောက်မယ်မြို့နယ်၊ ဟိုနမ့်ကျေးရွာအုပ်စု၊ နောင်မီရဲ့ရွာမှ ခွန်အောင်နှင့် ခွန်ဝင်းတို့ ဖြစ်ကြောင်း သိရသည်။ ယခုလအတွင်း စစ်ကောင်စီနှင့် PNO က ၎င်းတို့ အခြေချ လှုပ်ရှားသည့် တောတွင်းအထိ ထိုးစစ်ဆင်လာခြင်းကြောင့် နေ့စဉ် တိုက်ပွဲ

မဲခေါင်၊ ဇန်နဝါရီ ၈

စစ်ကောင်စီနှင့် ဖြစ်ပွားနေသည့် လက်ရှိ တိုက်ပွဲများအတွင်း စစ်ကောင်စီနှင့် လက်အောက်ခံ PNO တို့ဘက်မှ ၂၀ ဦး ထက်မနည်း သေဆုံးပြီး အလောင်း တစ်လောင်းနှင့် သေနတ်တစ်လက်ကိုလည်း သိမ်းဆည်းမိခဲ့ကာ လူသားဒိုင်းအဖြစ် အသုံးပြုနေသည့် ရွာသား ၂ ဦးကိုလည်း ကယ်တင်နိုင်ခဲ့ကြောင်း PNLA က ယနေ့ ထုတ်ပြန်သည်။

ကယ်တင်ခဲ့သူ ၂ ဦးမှာ မောက်မယ်မြို့နယ်၊ ဟိုနမ့်ကျေးရွာအုပ်စု၊ နောင်မီရဲ့ရွာမှ ခွန်အောင်နှင့် ခွန်ဝင်းတို့ ဖြစ်ကြောင်း သိရသည်။

ယခုလအတွင်း စစ်ကောင်စီနှင့် PNO က ၎င်းတို့ အခြေချ လှုပ်ရှားသည့် တောတွင်းအထိ ထိုးစစ်ဆင်လာခြင်းကြောင့် နေ့စဉ် တိုက်ပွဲ ဖြစ်ပွားနေသည်ဟု PNLA ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

“ကျနော်တို့က တောတောင်တွေထဲပဲ နေတာပါ။ ဒါကို သူတို့က လိုက်တိုက်နေတာ၊ သူတို့ လာမတိုက်ရင် တိုက်ပွဲ မဖြစ်ပါဘူး။ ပြီးတော့ ဒေသခံတွေကိုလည်း လူသားဒိုင်းအနေနဲ့ အသုံးချနေတာ အပြင်းအထန် ကန့်ကွက်ပါတယ်”ဟု PNLA ပြောခွင့်ရ ခွန်ရိန်းယံက မဲခေါင်သို့ ပြောသည်။

“PNO ပြည်သူ့စစ်တွေက ကျနော်တို့ ပစ္စည်းသယ်ခိုင်းပြီး ရှေ့ဆုံးကနေ သွားခိုင်းတယ်။ ကျနော်တို့လည်း သွားရင်း တိုက်ပွဲဖြစ်တော့ နောက်ပြန်ဆုတ်လည်း မရတဲ့ အခြေအနေ ဆိုတော့ ပိုနီးတဲ့ PNLA ဘက်ကို ထွက်ပြေးလာလိုက်တာ။ ကျနော်တို့ရွာက တစ်ရက် ၃ ယောက် PNO တွေနဲ့ အတူသွားရတယ်။ ပစ္စည်းတွေ သယ်ရတယ်။ ထမင်းချက် ပေးရတယ်။ ရှေ့ဆုံးကနေ လမ်းကြောင်း ထိုးပေးရတယ်”ဟု လူသားဒိုင်း လုပ်ခံရသူတစ်ဦးက ပြောထားသည့် ရုပ်သံကို PNLA က ထုတ်ပြန်သည်။

အခြား မြေပြင်သတင်းအရ ရွာသား ၆ ဦးကို PNO က လူသားဒိုင်းလုပ်ပြီး သွားခိုင်းရာ တိုက်ပွဲဖြစ်ချိန်တွင် ရှေ့ဆုံးမှ ၂ ယောက်က PNLA တပ်နှင့် ပိုနီးသွားသဖြင့် ၎င်းတို့က ကယ်ထားလိုက်ပြီး ကျန် ၄ ယောက်မှာ ရွာကို ပြန်ပြေးလာကြောင်း သိရသည်။

စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်တို့သည် PNLO/PNLA ထိန်းချုပ်ထားသည့် ကဒူးကြီးဒေသ အပါအဝင် ထိုင်းနယ်စပ်နှင့် ကရင်နီပြည်၊ ရှားတောအထိ ထိုးစစ်ဆင်နေပြီး စစ်ကောင်စီနှင့် PNO အင်အား ၅၀၀ ကျော် ရှိနေကြောင်း အခြား သတင်းအရင်းအမြစ်အရ သိရသည်။

#MeKongNews
#တိုက်ပွဲ
#PNO
#သေဆုံး
#လူသားဒိုင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now