မဲခေါင်၊ ဇန်နဝါရီ ၆
ရှမ်းပြည်မြောက်ပိုင်း၊ ချင်းရွှေဟော် နယ်စပ်ဂိတ်မှတစ်ဆင့် နေ့စဉ် ကုန်တင်ယာဉ်အစီးရေ ၂၀၀ ကျော်ဖြင့် တရုတ် ဘက်သို့ ကုန်စည်များ တင်ပို့နေသည်ဟု ကိုးကန့်တပ်ဖွဲ့ – MNDAA က သတင်း ထုတ်ပြန်သည်။
ယင်းပို့ကုန်များအနက် ၅၀ ရာခိုင်နှုန်းကျော်မှာ ကြံများဖြစ်ပြီး ၄၀ ရာခိုင်နှုန်းခန့်မှာ ပြောင်းများဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
ကုန်စည်ပစ္စည်းများ ဈေးကွက်သို့ အချိန်မီ ရောက်ရှိနိုင်ရေး တရုတ်နှင့် ညှိနှိုင်းကာ ပြောင်းကားများကို ဦးစားပေး လမ်းကြောင်းဖြင့် ဖြတ်သန်းခွင့် ပြုထားပြီး ကြံတင်ပို့မှုကိုလည်း စနစ်တကျ အာမခံပေးထားသည်ဟု MNDAA က ဆိုသည်။
လက်ရှိအချိန်သည် တောင်သူများ၏ စိုက်ပျိုးရာသီ ထွက်ကုန်များကို ရောင်းချချိန်ဖြစ်၍ လမ်းကြောင်း ပိတ်ဆို့ခြင်း မရှိဘဲ လွယ်ကူ မြန်ဆန်စွာ ကုန်စည်များ တင်ပို့နိုင်ရန် ဆောင်ရွက်နေကြောင်းလည်း MNDAA က ဆိုသည်။
ချင်းရွှေဟော်ဂိတ်ကို စစ်ကောင်စီနှင့် MNDAA တို့ အပစ်ခတ် ရပ်ပြီးနောက် ၂၀၂၄ ခုနှစ်တွင် နယ်စပ်ဂိတ်ကို ပြန်လည် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး တရုတ်က ခွင့်ပြုသည့် ကုန်စည်အချို့ကို ကုန်သွယ်မှုများ ပြန်လည် ဆောင်ရွက်ခဲ့သည်။
#MeKongNews
#ချင်းရွှေဟော်
#တရုတ်
#ကုန်ပို့
#MNDAA








