မဲခေါင်၊ ဇန်နဝါရီ ၂
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး – ကလလတ မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်ဟု ယင်းတပ်ဖွဲ့က ယနေ့တွင် သတင်း ထုတ်ပြန်သည်။
ကလလတ တပ်ရင်းအမှတ် – ၆၂၆၊ တပ်ခွဲ – ၃တွင် တာဝန် ထမ်းဆောင်နေသော ရဲဘော်မားရ်ကို (ခ) မောင်ပိုသည် စစ်ကောင်စီတပ်ကို တော်လှန် တိုက်ခိုက်ရင်း ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက် ဒေါငံခါးတိုက်ပွဲ ရှေ့တန်း တစ်နေရာတွင် ကျဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
“ကျွန်ုပ်တို့အနေဖြင့် ပြည်သူ့အတွက် ရဲဝံ့စွန့်စားစွာ ပေးဆပ်လေသော အာဇာနည် သူရဲကောင်းအား အစဥ်ထာဝရ လေးစားဂုဏ်ယူ အမှတ်ရကာ တော်လှန်ရေး ဆုံးခန်းတိုင် ပြည်သူလူထုအပေါ် သစ္စာရှိသွားပါမည်။”ဟု ကလလတက ထုတ်ပြန်ချက်တွင် ပြောသည်။
ရဲဘော်မားရ်ကို (ခ) မောင်ပို ကျဆုံးခဲ့ရမှုအတွက် မိသားစုနှင့် ထပ်တူ ဝမ်းနည်းကြေကွဲရပြီး အာဇာ နည် သူရဲကောင်းအဖြစ် လေးစား ဂုဏ်ယူနေမည် ဖြစ်ကြောင်း ကျဆုံးသွားသည့် ရဲဘော်မောင်ပို၏ စျာပန အခမ်းအနားကို ဒီဇင်ဘာ ၃၁ ရက်တွင် ကရင်နီပြည် တစ်နေရာ၌ ပြုလုပ်ပေးခဲ့ကြောင်း ကလလတက ဆိုသည်။
#MeKongNews
#ဒီးမော့ဆို
#တိုက်ပွဲ
#ကလလတ
#ရဲဘော်








