နေ့စဥ်သတင်း

သီပေါတံတားမှ MNDAA တပ်များ ဆုတ်ခွာ၊ စစ်ကောင်စီ ဝင်‌ရောက်တပ်စွဲ

မဲခေါင် 1 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၁ ရှမ်းပြည်မြောက်ပိုင်း၊ သီပေါတံတားတွင် တပ်စွဲထားသည့် MNDAA တပ်များ ယနေ့ နံနက်ပိုင်းက ဆုတ်ခွာသွားပြီး စစ်ကောင်စီတပ်က ဝင်ရောက် တပ်စွဲလိုက်ပြီဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းတွင် သီပေါတံတား၊ လားရှိူးဘက်ခြမ်း ရှိ MNDAA တပ်များထွက်ခွာသွားပြီး ယင်းနေရာတွင် သီပေါတွင် လက်ရှိ အထိုင်ချနေသည့် ခမရ – ၅၀၆ က ဝင်ရောက် တပ်စွဲလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ “ဒီမနက်ပဲ ကိုးကန့်တပ်တွေ အလံတွေပါ ဖြုတ်သိမ်းသွားကြလို့ တံတားတစ်ခုလုံး စစ်တပ် တပ်စွဲလိုက်ပြီ၊ မိုင်းတို့ ဘာတို့ နေရာရှင်းလင်းရေး လုပ်နေတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁

ရှမ်းပြည်မြောက်ပိုင်း၊ သီပေါတံတားတွင် တပ်စွဲထားသည့် MNDAA တပ်များ ယနေ့ နံနက်ပိုင်းက ဆုတ်ခွာသွားပြီး စစ်ကောင်စီတပ်က ဝင်ရောက် တပ်စွဲလိုက်ပြီဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ယနေ့ ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းတွင် သီပေါတံတား၊ လားရှိူးဘက်ခြမ်း ရှိ MNDAA တပ်များထွက်ခွာသွားပြီး ယင်းနေရာတွင် သီပေါတွင် လက်ရှိ အထိုင်ချနေသည့် ခမရ – ၅၀၆ က ဝင်ရောက် တပ်စွဲလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

“ဒီမနက်ပဲ ကိုးကန့်တပ်တွေ အလံတွေပါ ဖြုတ်သိမ်းသွားကြလို့ တံတားတစ်ခုလုံး စစ်တပ် တပ်စွဲလိုက်ပြီ၊ မိုင်းတို့ ဘာတို့ နေရာရှင်းလင်းရေး လုပ်နေတယ်။ တံတားလည်း မကြာဘူး တစ်ရက် ၂ ရက်အတွင်း ဖွင့်မယ်ထင်တယ်”ဟု သီပေါ သတင်းရင်းမြစ်က မဲခေါင်သို့ ပြောသည်။

၁၀၂၇ စစ်ဆင်ရေးကတည်းက သီပေါတံတားတွင်တပ်စွဲထားသည့် MNDAA တပ်များ ယနေ့ ဆုတ်ခွာသွားကာ ပြီးခဲ့သည့် နိုဝင်ဘာ ၁၄ ရက်က ပိတ်ထားသည့် သီပေါတံတား တစ်ခုလုံး စစ်ကောင်စီတပ် ထိန်းချုပ်မှုအောက် ရောက်ရှိသွားပြီ ဖြစ်သည်။

ထို့ပြင် သီပေါနှင့် လားရှိုးကြားက ၉ မိုင်လမ်းခွဲထိ ကိုးကန့်တပ်များ ဆုတ်ခွာသွားပြီ ဖြစ်ကြောင်းလည်း သတင်းရင်းမြစ်က ဆိုသည်။

“ကိုးကန့်က အကုန် စုပြုံဆုတ်တာ မဟုတ်ဘဲ နည်းနည်းချင်း ဆုတ်ပေးနေတာ။ ၉ မိုင်လမ်းဆုံအထိ ပေးလိုက်ပြီ၊ တရုတ်ကိုယ်တိုင် နယ်နိမိတ် လာသတ်မှတ်တာ” ဟု ၎င်းကပြောသည်။

ယင်းမှာ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၉ ရက်က လားရှိူးမြို့၊ ဆင်နှစ်ကောင်ဟိုတယ် တွေ့ဆုံပွဲမှ ရလဒ်များ ဖြစ်ပြီး လက်ရှိတွင် လားရှိုးပတ်လည်အထိ စစ်တပ် ထိန်းချုပ်လာနိုင်ပြီ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် သီပေါတံတား ၉ မိုင်လမ်းခွဲနှင့် လားရှိုးမြို့ပြင် မယ်ဟန်ဂိတ်ထိ MNDAA ဂိတ်များ ရုပ်သိမ်း ပေးလိုက်ရပြီး ပြည်ထောင်စု လမ်းမကြီးပေါ်တွင် နှစ်ဘက် မည်သည့်အဖွဲ့မှ ဂိတ်မထိုင်ရန် သဘောတူထားကြောင်း MNDAA တပ်တွင်း သတင်းအရင်းအမြစ်ကို ကိုးကား၍ ဒေသတွင်းသတင်း Wa News Land ကလည်း ဖော်ပြသည်။

ဆင်နှစ်ကောင်ဟိုတယ် တွေ့ဆုံမှုတွင် သီပေါ – လားရှိူးလမ်းကြောင်းနှင့် တန့်ယန်း – မိုင်းရယ် – လားရှိုး အထိ ကိုးကန့်တပ်များကို ၎င်းတို့၏ ရွေးကောက်ပွဲ အပိုင်း – ၂ ပြုလုပ်မည့် ဇန်နဝါရီ ၁၁ ရက်မတိုင်မီ စစ်ကောင်စီက ဆုတ်ခွာခိုင်းထားပြီး သိန္နီမြို့အထိ စွန့်ခွာရန် တရုတ် အကူအညီဖြင့် ဖိအားပေးနေသည်ဟု သတင်းရင်းမြစ်များက ဆိုသည်။

#MeKongNews
#သီပေါတံတား
#MNDAA
#ဆုတ်ခွာ
#စစ်ကောင်စီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now