နေ့စဥ်သတင်း

ပင်လောင်း၊ တခါးယာဉ်ရွာတွင် ကျည်ဖိုး တစ်အိမ် ၅ သိန်း PNO ကောက်

မဲခေါင် 30 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၃၀ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ လိန်းညာကျေးရွာအုပ်စု၊ တခါးယာဉ်ရွာတွင် PNO ပြည်သူ့စစ်က ကျည်ဆံဖိုးဟုဆိုကာ တစ်အိမ် ကျပ် ၅ သိန်း ကောက်ခံ‌နေကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းငွေကို ဒီဇင်ဘာ ပထမပတ်တွင် ကောက်ခံပြီး လကုန်တွင် အပြီးထည့်ခိုင်းသဖြင့် အခက်အခဲဖြစ်နေကြောင်း ဒေသခံများက ပြောသည်။ “ငွေတအားကောက်တာ။ ကောက်တဲ့ ပမာဏကလည်း နည်းတာမဟုတ်ဘူး၊ ၅ သိန်းဆိုတာ ပြည်သူတွေအတွက် အရမ်းများတဲ့ ပမာဏဖြစ်တယ်။ ပြည်သူတွေက စားဖို့‌တောင် အနိုင်နိုင် လုပ်စားရတာ၊ ပြည်သူကို မစာမနာ ငွေအများကြီး ကောက်ရက်ကြတယ်။ ထည့်နိုင်တဲ့သူလည်း ထည့်ပြီးပြီ၊ မထည့်နိုင်သေးတဲ့ လူလည်းများတယ်။ တချို့ကျ ပိုက်ဆံကို အတိုးယူပြီး

မဲခေါင်၊ ဒီဇင်ဘာ ၃၀

ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ လိန်းညာကျေးရွာအုပ်စု၊ တခါးယာဉ်ရွာတွင် PNO ပြည်သူ့စစ်က ကျည်ဆံဖိုးဟုဆိုကာ တစ်အိမ် ကျပ် ၅ သိန်း ကောက်ခံ‌နေကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းငွေကို ဒီဇင်ဘာ ပထမပတ်တွင် ကောက်ခံပြီး လကုန်တွင် အပြီးထည့်ခိုင်းသဖြင့် အခက်အခဲဖြစ်နေကြောင်း ဒေသခံများက ပြောသည်။

“ငွေတအားကောက်တာ။ ကောက်တဲ့ ပမာဏကလည်း နည်းတာမဟုတ်ဘူး၊ ၅ သိန်းဆိုတာ ပြည်သူတွေအတွက် အရမ်းများတဲ့ ပမာဏဖြစ်တယ်။ ပြည်သူတွေက စားဖို့‌တောင် အနိုင်နိုင် လုပ်စားရတာ၊ ပြည်သူကို မစာမနာ ငွေအများကြီး ကောက်ရက်ကြတယ်။ ထည့်နိုင်တဲ့သူလည်း ထည့်ပြီးပြီ၊ မထည့်နိုင်သေးတဲ့ လူလည်းများတယ်။ တချို့ကျ ပိုက်ဆံကို အတိုးယူပြီး ထည့်ကြတယ်။ တချို့ကျ ရှိတဲ့ပစ္စည်းတွေ ရောင်းချပြီး ထည့်ရတယ်”ဟု ရွာခံတစ်ဦးက မဲခေါင်သို့ ပြောသည်။

မထည့်နိုင်သူများကို ရွာသူကြီး၊ ဆယ်အိမ်ခေါင်းများက တစ်အိမ်တက်၊ တစ်အိမ်ဆင်းပြီး လိုက်ကောက်နေပြီး အမျိုးမျိုးလည်း ခြိမ်းခြောက် ပြောဆိုနေကြောင်း ၎င်းက ဆက်ပြောသည်။

တခါးယာဉ်ရွာတွင် စစ်စရိတ်အပြင် ပြီးခဲ့သည့်လများတွင် ဒရုန်းဖိုး၊ ကားဖိုး၊ စစ်သားဝတ်စုံဖိုး၊ ဖိနပ်ဖိုး စသည့် ခေါင်းစဉ် အမျိုးမျိုးတပ်ပြီး လစဉ် သိန်းဂဏန်း ကောက်ခံနေကြောင်း ဒေသခံများက ပြောသည်။

တခါးယာဉ်ရွာသည် တိုက်ပွဲ ဖြစ်ပွားခဲ့သည့် ဆောင်းပြောင်း ကျေးရွာနှင့် ကပ်ရပ်ရှိပြီး ကျေးရွာရှိ လူငယ် အားလုံးလည်း PNO တပ်သားအဖြစ် ဝင်ခဲ့ရကြောင်း ဒေသခံများက ဆိုသည်။

နမ်းနိန်း၊ တောင်မဲသင်း၊ တောင်စလုံးဖက် တိုက်ပွဲ ဖြစ်ပွားသည့် အချိန်တွင်လည်း တခါးယာဉ်ရွာတွင် PNO တပ်များက လက်နက်ကြီး အထိုင်ချ ပစ်ခတ်နေသည့်အပြင် ‌ရွာခံများ၏ နေအိမ်ထဲလည်း ဝင်ရောက် နေထိုင်လျက် ရှိကြောင်း ၎င်းတို့က ပြောသည်။

#MeKongNews
#ပင်လောင်း
#တခါးယာဉ်
#ကျည်ဖိုး
#PNO

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now