နေ့စဥ်သတင်း

လားရှိုး ပြည်သူတစ်ဦးကို စစ်ကောင်စီတပ် ပစ်ခတ် သတ်ဖြတ်ပြီး လမ်းပေါ် ပစ်ခဲ့

မဲခေါင် 17 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၁၇ ရှမ်းမြောက်၊ လားရှိုးမြို့တွင် စစ်ကောင်စီတပ်က ပြည်သူတစ်ဦးအား ပစ်ခတ်သတ်ဖြတ်ပြီး လမ်းပေါ် ပစ်ထားခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။ ဒီဇင်ဘာ ၁၅ ရက်တွင် လားရှိုးမြို့၊ (၅) ရပ်ကွက်၊ ၃၉ လမ်းတွင် စစ်ကောင်စီတပ်က မူးယစ်ဆေးဝါး သုံးစွဲသူများကို လိုက်လံ ဖမ်းဆီးသည် ဟုဆိုကာ ပြည်သူတစ်ဦးကို ပစ်ခတ် သတ်ဖြတ်ခဲ့ခြင်း ဖြစ်ပြီး သေဆုံးသူ မည် သူဆိုသည်ကို မသိရသေးကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောသည်။ “ပစ်သတ်ခံရတဲ့သူက တကယ် မူးယစ်ဆေးဝါး သုံးနေတဲ့သူ ဟုတ် မဟုတ် အတိအကျ ပြောလို့မရပါဘူး။ မူးယစ်သုံးစွဲတာနဲ့ ပစ်သတ်လို့ ရတယ်လို့လည်း ကျနော်

မဲခေါင်၊ ဒီဇင်ဘာ ၁၇

ရှမ်းမြောက်၊ လားရှိုးမြို့တွင် စစ်ကောင်စီတပ်က ပြည်သူတစ်ဦးအား ပစ်ခတ်သတ်ဖြတ်ပြီး လမ်းပေါ် ပစ်ထားခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။

ဒီဇင်ဘာ ၁၅ ရက်တွင် လားရှိုးမြို့၊ (၅) ရပ်ကွက်၊ ၃၉ လမ်းတွင် စစ်ကောင်စီတပ်က မူးယစ်ဆေးဝါး သုံးစွဲသူများကို လိုက်လံ ဖမ်းဆီးသည် ဟုဆိုကာ ပြည်သူတစ်ဦးကို ပစ်ခတ် သတ်ဖြတ်ခဲ့ခြင်း ဖြစ်ပြီး သေဆုံးသူ မည် သူဆိုသည်ကို မသိရသေးကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

“ပစ်သတ်ခံရတဲ့သူက တကယ် မူးယစ်ဆေးဝါး သုံးနေတဲ့သူ ဟုတ် မဟုတ် အတိအကျ ပြောလို့မရပါဘူး။ မူးယစ်သုံးစွဲတာနဲ့ ပစ်သတ်လို့ ရတယ်လို့လည်း ကျနော် မကြားဖူးပါဘူး။ ဖမ်းဆီး အရေးယူတာဆို ဘာမှ မပြောလိုပါဘူး။ အခုက ပစ်သတ်ပြီး လမ်းပေါ်မှာပဲ ပစ်ထားတယ်။ နောက်မှ မြင်မကောင်းလို့ လူအချို့က လမ်းဘေးကို ရွှေ့ထားလိုက်တာ။ သေဆုံးသူ ဘယ်သူလဲတော့ မသိရသေးဘူး” ဟု လားရှိုးဒေသခံတစ်ဦးက ပြောသည်။

ထို့ပြင် မူးယစ်ဆေးဝါး သုံးစွဲသူများကို ဖမ်းဆီးသည်ဟု ဆိုကာ လူအချို့ကိုလည်း ဖမ်းဆီးသွားခဲ့ပြီး ဖုန်းနှင့် ငွေများကို သိမ်းယူထားကြောင်း သတင်း ရင်းမြစ်တစ်ဦးက ပြောသည်။
ပစ်ခတ်ခံရမှုကြောင့် သေဆုံးသူကို ဒီဇင်ဘာ ၁၆ ရက် မနက် ၁၁ နာရီအထိ လာရောက် သယ်ယူခြင်း မရှိသေး ကြောင်းလည်း သတင်းရင်းမြစ်ထံမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၅ ရက်တွင်လည်း စစ်ကောင်စီတပ်က မူးယစ်ဆေးဝါး သုံးစွဲသူကို ဖမ်းဆီးသည် ဟုဆိုကာ အမျိုးသားတစ်ဦးကို ပစ်ခတ် သတ်ဖြတ်ခဲ့သည်။

လားရှိုးမြို့ကို စစ်ကော်မရှင်က ပြန်လည် ထိန်းချုပ်ပြီးနောက် လောင်းကစားဝိုင်းများ မူးယစ်ဆေးဝါးများလည်း ပေါများလာပြီး လောင်းကစားဝိုင်းများက စစ်ကောင်စီအား တစ်လ ကျပ်သိန်း ၃၀၀ အထိ ဆက်ကြေး ပေးကာ ပြောင်ပြောင်တင်းတင်း ဖွင့်လှစ်လာကြသည်။

#MeKongNews
#လားရှိုး
#ပြည်သူ
#စစ်ကောင်စီ
#ပစ်ခတ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now