နေ့စဥ်သတင်း

အင်းလေး ငလျင်ဒဏ် ထောက်ပံ့ကြေး အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူများသာရ

မဲခေါင် 9 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၉ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် ငလျင်ဒဏ်သင့် ပြည်သူများအား စစ်ကောင်စီက ထောက်ပံ့မှုကို အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူများသာ ရကြောင်း ဒေသခံများထံမှ သိရသည်။ သစ်သားအိမ်ဖြစ်ပြီး အကုန် ပြိုကျပျက်စီးသော နေအိမ် ကျပ်သိန်း ၁၈၀၊ သစ်သားတစ်ထပ်အိမ် သိန်း ၁၂၀ နှင့် ယိုင်သွားသောအိမ်ကို သိန်း ၈၀ ထောက်ပံ့ကြေး ပေးနေကြောင်း ဒေသခံများက ပြောသည်။ “အုပ်ချုပ်ရေးမှူးတွေ၊ ရွာသူကြီးတွေ၊ ဆယ်အိမ်ခေါင်းတွေရဲ့ အမျိုးတွေပဲ ရတယ်၊ ရွာမှာ ဘာရာထူးမှမရှိ မဖားတတ်ရင် အိမ်အလုံးလိုက် ပြိုလည်း ပိုက်ဆံကရမှာ မဟုတ်ဘူး။ ရချင်လို့တော့ မဟုတ်ဘူး စာရင်း လာကောက်တုန်းက တိတိကျကျ ဒီလောက်ရမယ်

မဲခေါင်၊ ဒီဇင်ဘာ ၉

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် ငလျင်ဒဏ်သင့် ပြည်သူများအား စစ်ကောင်စီက ထောက်ပံ့မှုကို အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူများသာ ရကြောင်း ဒေသခံများထံမှ သိရသည်။

သစ်သားအိမ်ဖြစ်ပြီး အကုန် ပြိုကျပျက်စီးသော နေအိမ် ကျပ်သိန်း ၁၈၀၊ သစ်သားတစ်ထပ်အိမ် သိန်း ၁၂၀ နှင့် ယိုင်သွားသောအိမ်ကို သိန်း ၈၀ ထောက်ပံ့ကြေး ပေးနေကြောင်း ဒေသခံများက ပြောသည်။

“အုပ်ချုပ်ရေးမှူးတွေ၊ ရွာသူကြီးတွေ၊ ဆယ်အိမ်ခေါင်းတွေရဲ့ အမျိုးတွေပဲ ရတယ်၊ ရွာမှာ ဘာရာထူးမှမရှိ မဖားတတ်ရင် အိမ်အလုံးလိုက် ပြိုလည်း ပိုက်ဆံကရမှာ မဟုတ်ဘူး။ ရချင်လို့တော့ မဟုတ်ဘူး စာရင်း လာကောက်တုန်းက တိတိကျကျ ဒီလောက်ရမယ် ပြောပြီးမှ ပိုက်ဆံ ထုတ်ချိန်ကျ သူတို့တွေပဲ ထုတ်သွားတယ်၊ သူတို့ အမျိုးတွေပဲ ရ‌တယ်။ တကယ် ခက်ခဲတဲ့သူက မရဘူး ရတဲ့သူကျတော့ NGO အဖွဲ့လာလည်း သူတို့ပဲ ဘယ်အဖွဲ့ပဲ လာလာ သူတို့ပဲ ရနေတာ”ဟု အင်းလေး ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။

အုပ်ချုပ်ရေးအဖွဲ့ဝင် မဟုတ်သည့် သာမာန်ရွာခံများမှာ အိမ်ပျက်စီးမှု အပေါ်မူတည်၍ ကျပ်သိန်း ၃၀၊ ၁၂ သိန်း၊ ၆ သိန်း စသဖြင့်သာ ရရှိကြကြောင်း ဆိုသည်။

ထို့ပြင် ရသည့်ပမာဏကို အခြား သူများအား မပြောရန်၊ ပြဿနာ မရှာရန်နှင့် လူမှုကွန်ရက်ပေါ် မတင်ကြရန်လည်း ကျေးရွာ အုပ်ချုပ်ရေးမှုများက ဖိအားပေးထားကြောင်း ဒေသခံများက‌ ပြောသည်။

“တချို့ဆို အိမ်လည်းမပျက်ဘူး၊ အလှူငွေယူပြီး ကုန်းပေါ်မှာ အိမ်ဝယ် ကားဝယ်နိုင်ကြတယ်။ အဲလို လူတွေကြောင့် တကယ်ခံစားရတဲ့ ပြည်သူတွေ အရမ်းနစ်နာတယ်။ ထွေအုပ်ရုံးလူကြီးရယ် အုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူးတွေက ပေါင်းပြီး ဝေစားမျှစားပဲ လုပ်နေတာ၊ အထက်လူကြီးများ ကွင်းဆင်းပြီးတော့ လေ့လာပြီး အရေးယူစေချင်ပါတယ် “ဟု နောက်ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။

မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်ကြောင့် အင်းလေးဒေသတွင် လူနေအိမ် ၃ ထောင် ကျော် ပျက်စီးသွားပြီး ၂၀၀ ကျော် သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

#MeKongNews
#အင်းလေး
#ငလျင်ဒဏ်သင့်
#ထောက်ပံ့ကြေး
#အုပ်ချုပ်ရေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now