နေ့စဥ်သတင်း

ပင်လုံဂိတ်ရှိ စလော့ဂိမ်းစွဲသည့် စစ်ကောင်စီတပ်သားများ ငွေတောင်းကြမ်းနေ

မဲခေါင် 3 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၃ ရှမ်းပြည်တောင်ပိုင်း၊ ပင်လုံမြို့၊ ပင်လုံတက္ကသိုလ်ရှေ့ရှိ၊ စစ်ကောင်စစ်ဂိတ်မှ တပ်သားများ စလော့ဂိမ်းစွဲနေပြီး ကားသမားများထံမှ ငွေတောင်းကြမ်းနေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်၌ အိမ်စီးကားများ၊ ခရီးသည်တင် ကားငယ်များနှင့် ကုန်တင်ကားကြီးများ မကျန် ငွေတောင်းနေခြင်းဖြစ်သည်။ “စလော့ဂိမ်း ဆော့နေရင်းကို တောင်းတာ လူတောင် သေချာမကြည့်ဘူး။ ဂိမ်းဆော့နေရင်းကို ၅ သောင်းပေးခဲ့ တစ်သိန်းပေးခဲ့ဆိုပြီး ပြောင်ပြောင်တင်းတင်းပဲ တောင်းစားတာ၊ ကျွန်တော်ရဲ့ ၆ ဘီးကားဆို တစ်ခါ သွားတိုင်း ၅ သောင်းပေးရတယ်။ ၁၂ ဘီးကားတွေကိုကျ တစ်သိန်းတောင်းတယ်”ဟု ကိုယ်တိုင်ပေးခဲ့ရသည့် ကားသမားတစ်ဦးက ပြောသည်။ ထို့ပြင် အိမ်စီးကားငယ်များ ကုန်တင်ယာဉ်ငယ်များကို တစ်သောင်းကျပ်မှ ၃ သောင်းကျပ်အထိ

မဲခေါင်၊ ဒီဇင်ဘာ ၃

ရှမ်းပြည်တောင်ပိုင်း၊ ပင်လုံမြို့၊ ပင်လုံတက္ကသိုလ်ရှေ့ရှိ၊ စစ်ကောင်စစ်ဂိတ်မှ တပ်သားများ စလော့ဂိမ်းစွဲနေပြီး ကားသမားများထံမှ ငွေတောင်းကြမ်းနေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ယင်းဂိတ်၌ အိမ်စီးကားများ၊ ခရီးသည်တင် ကားငယ်များနှင့် ကုန်တင်ကားကြီးများ မကျန် ငွေတောင်းနေခြင်းဖြစ်သည်။

“စလော့ဂိမ်း ဆော့နေရင်းကို တောင်းတာ လူတောင် သေချာမကြည့်ဘူး။ ဂိမ်းဆော့နေရင်းကို ၅ သောင်းပေးခဲ့ တစ်သိန်းပေးခဲ့ဆိုပြီး ပြောင်ပြောင်တင်းတင်းပဲ တောင်းစားတာ၊ ကျွန်တော်ရဲ့ ၆ ဘီးကားဆို တစ်ခါ သွားတိုင်း ၅ သောင်းပေးရတယ်။ ၁၂ ဘီးကားတွေကိုကျ တစ်သိန်းတောင်းတယ်”ဟု ကိုယ်တိုင်ပေးခဲ့ရသည့် ကားသမားတစ်ဦးက ပြောသည်။

ထို့ပြင် အိမ်စီးကားငယ်များ ကုန်တင်ယာဉ်ငယ်များကို တစ်သောင်းကျပ်မှ ၃ သောင်းကျပ်အထိ တောင်းသည်ဟု သတင်းရင်းမြစ်များက ပြောသည်။

“တရားမဝင် ပစ္စည်းတင်တာလည်း မဟုတ်ဘူး၊ ခြံထွက် သီးနှံတွေ ကုန်စိမ်းတွေကို ပရိုဘောက်နဲ့ တင်တာတောင်မှ ၃ သောင်းတောင်းတယ်။ ၂ သောင်းနဲ့ အဆင်ပြေလိုက် သုံးသောင်းနဲ့ အဆင်ပြေလိုက်နဲ့ ညှိပြီး သွားနေရတာပဲ”ဟု ခြံထွက်သီးနှံ သယ်သူတစ်ဦးက ပြောသည်။

လမ်းပေါ်တွင်ရှိသည့် စစ်ကောင်စီဂိတ်မှ အချို့ တပ်ဖွဲ့များသည် စလော့ကျွဲဂိမ်းဆော့နေကြသည်ကို မကြာခဏမြင်ရပြီး ယင်းကဲ့သို့ ဂိမ်းဆော့ခြင်းသည် ငွေတောင်းကြမ်းခြင်း အကြောင်းအရင်း တစ်ခုဖြစ်သည်ဟု ကားသမားတစ်ဦးက ဆိုသည်။

“ရှမ်းတောင်မှာရှိတဲ့ ဂိတ်တော်တော်များများမှာ တွေ့ရတယ်။ စစ်သားတွေက ဂိတ်စောင့်ရင်း စလော့ဂိမ်းတွေ ဆော့နေကြတာ။ အဲ့ဂိမ်းဆော့လို့ ငွေတောင်းကြမ်း လာတာလားလို့လည်း တွေးမိတယ်လေနော်။ ဂိမ်းကြောင့် ငွေလိမ်တာတွေ ငွေခိုးတာတွေလည်းခဏခဏ ကြားဖူးလို့ သူတို့လည်း ငွေလိုလို့ ပိုပြီး အတောင်းကြမ်း လာတယ်လို့ ထင်တယ်ပေါ့နော်”ဟု ၎င်းက ပြောသည်။

ပင်လုံမြို့သည် လဲချား ၊မိုင်းကိုင်၊ ကျေးသီး၊ မိုင်းရှုးမြို့များသို့ သွားရောက်ရာတွင် အဓိကကျသည့် အချက်အချာဖြစ်ကာ ရှမ်းမြောက်မှ ရှမ်းတောင်သို့ ကုန်စည်စီးဆင်းသည့် လမ်းကြောင်းပေါ်တွင် တည်ရှိသည့်မြို့လည်း ဖြစ်သည်၊
#MeKongNews
#ပင်လုံ
#စလော့ဂိမ်းစွဲ
#ငွေတောင်းကြမ်း
#ရှမ်းပြည်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်က ရဲအုပ်စိန်အေး တရားခံဧည့်တွေ့ခွင့် တစ်ယောက် ဘတ် ၅၀၀၀ တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၅ တာချီလိတ်မြိုနယ်နှင့် ခရိုင်ရုံးတွင် တာဝန်ကျနေသည့် ရဲအုပ်စိန်အေးသည် တရားရုံ၌ တရားခံဧည့်တွေ့ခွင့်အတွက် တစ်ကြိမ်လျှင် ဘတ် ၅၀၀၀
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး မယ်ဟန်စစ်ဆေးရေးဂိတ်တွင် တပ်ထိန်းက စစ်ဆေးရေးလုပ်ငန်းများအားလုံးကို တစ်ဦးတည်းချယ်လှယ်ကာ ငွေတောင်းလည်းကြမ်းနေ

မဲခေါင်၊ အောက်တိုဘာ ၅ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီ ထိန်းချုပ်ထားသည့် လားရှိုးမြို့၊ မယ်ဟန် မြို့ဝင်၊ မြို့ထွက် စစ်ဆေးရေးဂိတ်တွင် တာဝန်ယူနေသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်ဗျူဟာမှ G2 ညီညီအောင်သွေး စာရင်းဖျောက်ရောင်းစားသည့်ထဲတွင် အွန်လိုင်းဂိမ်းနှင့် ကျားဖြန့်များမှ သိမ်းထားသည့်ဖုန်းပင် အလုံး ၁၀၀၀ ကျော်ရှိ

မဲခေါင်၊ အောက်တိုဘာ ၅ တာချီလိတ်အခြေချ စစ်ဗျူဟာမှ G2 ဗိုလ်မှူးညီညီအောင်သွေးက ဗျူဟာမှူးသိမ်းခိုင်းသည်ဟုဆိုကာ အွန်လိုင်းဂိမ်းနှင့် ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းရမိသည့် ဖုန်းများအား စာရင်းဖျောက်ကာ ရောင်းစားထားသည်မှာ အလုံး ၁၀၀၀ ကျော်ရှိကြောင်း ဖမ်းဆီးရေးအဖွဲ့များနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ကျပ်သိန်း ၈၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လူ ၂ ဦး ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၄ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင် ဒေသကာလတန်ဖိုး ကျပ် ၈၈၈ ဒသမ ၉၃ သိန်းခန့်ရှိ မူးယစ်ဆေးဝါးများနှင့်အတူ အမျိုးသား ၂ ဦးကို အောက်တိုဘာ ၃ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ကားနှင့် ဆိုင်ကယ်တိုက်မိ၍ အမျိုးသားတစ်ဦး စိုးရိမ်ရဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၄ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အောက်တိုဘာ ၃ ရက် ညပိုင်းက ကားနှင့် ဆိုင်ကယ်တိုက်မိရာ ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားတစ်ဦး ဦးခေါင်းနှင့် မျက်လုံးများ ထိခိုက်ဒဏ်ရာရပြီး စိုးရိမ်ရသည့် အခြေအနေဖြင့် ဆေးရုံတင်ပို့ခဲ့ရကြောင်း သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်ခရိုင် သာသနာရေးမှူးရုံး ထောက်ခံစာပါ သစ်ကား မိုင်းတွင်း၌ ဖမ်းဆီးခံရ

မဲခေါင်၊ အောက်တိုဘာ ၄ ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်၊ နားကောင်းမူးကျေးရွာမှ တာချီလိတ်မြို့သို့ သယ်ဆောင်လာသည့် သစ်ကားတစ်စီးကို မိုင်းဆတ်မြို့နယ်အတွင်းရှိ မိုင်းတွင်းစုပေါင်းဂိတ်၌ တရားမဝင် သစ်မှောင်ခိုမှုဖြင့် စက်တင်ဘာလ နောက်ဆုံးပတ်အတွင်းက ဖမ်းဆီးအရေးယူထားကြောင်း သတင်းရရှိသည်။ ယင်းသစ်ကား ပေါ်တွင် ကျွန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တရုတ်အမျိုးသားနေ့နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအစည်းအဝေးကာလအတွင်း “ဝ”တပ်ဖွဲ့က နယ်စပ်ကင်းလှည့် လုံခြုံရေးမြှင့်မည်

မဲခေါင်၊ အောက်တိုဘာ ၂ တရုတ်နိုင်ငံ၏ အမျိုးသားနေ့နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အစည်းအဝေးကာလအတွင်း နယ်စပ်ဒေသလုံခြုံရေးနှင့် ထိန်းချုပ်မှုများ တိုးမြှင့်ဆောင်ရွက်မည်ဟု “ဝ”တပ်ဖွဲ့ (UWSA) လက်အောက်ခံ “ဝ”ပြည်နယ် တရားရေးကော်မတီက (WSP) က ယမန်နေ့တွင် ညွှန်ကြားချက်ထုတ်ပြန်လိုက်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရလခ စစ်တိုင်းမှူးအသစ် ခန့်အပ်ပြီး ကရင်နီနှင့် နေပြည်တော် နယ်မြေများသို့ စစ်ဆင်ရေးအာဏာ တိုးမြှင့် သုံးစွဲလာနိုင်

မဲခေါင်၊ အောက်တိုဘာ ၁ ​စစ်ကောင်စီသည် ဒေသကွပ်ကဲရေးမှူး (လွိုင်ကော်) ဖြစ်သူ ဗိုလ်မှူးချုပ် ဝေလင်းအောင် (DSA 42) အား အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) ၏ တိုင်းမှူးအဖြစ် တိုးမြှင့်ခန့်အပ်လိုက်ကြောင်း သိရသည်။ ​အလားတူ ခိုလန်မြို့ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now