နေ့စဥ်သတင်း

သီပေါ ဒေသခံများကို စစ်ကောင်စီ တပ်သားများ ဓားပြတိုက်

မဲခေါင် 2 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၂ ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်၌ ဒေသခံနေအိမ် ၂ အိမ်ကို စစ်ကောင်စီတပ်သား ၂ ဦးက အိမ်ရှင်များအား သေနတ်ထောက်ပြီး ဓားပြတိုက်သွားကြောင်း SSPP က သတင်းထုတ်ပြန်သည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက် နံနက် ၂ နာရီ ၂၀ မိနစ်တွင် သေနတ်ကိုင် စစ်ကောင်စီတပ်သား ၂ ဦးသည် သီပေါမြို့နယ်၊ မိုးတေကျေးရွာအုပ်စု၊ ကွန်စံလိတ်ကျေးရွာတွင် နေထိုင်သည့် လုံးကော၏ နေအိမ်တွင်းသို့ ကျုးကျော် ဝင်ရောက်ပြီး အိမ်ရှင်ကို သေနတ်ဖြင့် ထောက်ကာ အိမ်နှင့် စျေးဆိုင်အတွင်းရှိ ပစ္စည်းများအား မွှေနှောက်၍ ကျပ် ၇ သိန်းတန်ဖိုးရှိ ပစ္စည်းအချို့နှင့် ပိုက်ဆံများ

မဲခေါင်၊ ဒီဇင်ဘာ ၂

ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်၌ ဒေသခံနေအိမ် ၂ အိမ်ကို စစ်ကောင်စီတပ်သား ၂ ဦးက အိမ်ရှင်များအား သေနတ်ထောက်ပြီး ဓားပြတိုက်သွားကြောင်း SSPP က သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက် နံနက် ၂ နာရီ ၂၀ မိနစ်တွင် သေနတ်ကိုင် စစ်ကောင်စီတပ်သား ၂ ဦးသည် သီပေါမြို့နယ်၊ မိုးတေကျေးရွာအုပ်စု၊ ကွန်စံလိတ်ကျေးရွာတွင် နေထိုင်သည့် လုံးကော၏ နေအိမ်တွင်းသို့ ကျုးကျော် ဝင်ရောက်ပြီး အိမ်ရှင်ကို သေနတ်ဖြင့် ထောက်ကာ အိမ်နှင့် စျေးဆိုင်အတွင်းရှိ ပစ္စည်းများအား မွှေနှောက်၍ ကျပ် ၇ သိန်းတန်ဖိုးရှိ ပစ္စည်းအချို့နှင့် ပိုက်ဆံများ ယူဆောင်သွားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် ၎င်းတို့သည် ယင်းနေအိမ်အား ဓားပြတိုက်ပြီးနောက် နံနက် ၄ နာရီဝန်းကျင်တွင် ဦးမောင်လေး နေအိမ်ကိုလည်း ဝင်ရောက်ကာ အိမ်ရှင်ကို သေနတ်ဖြင့်ထောက်၍ စျေးဆိုင်နှင့် နေအိမ်အတွင်းရှိ ပစ္စည်းအချို့ကို မွှေနှောက် ယူဆောင်သွားခဲ့သည်ဟု ဆိုသည်။

“၂ အိမ်စလုံးက ဆိုင်ဖွင့်ထားတဲ့အိမ်တွေ ဟုတ်တယ်။ အိမ်ရှင်ကို သေနတ်နဲ့ ထောက်ထားပြီးတော့ ငွေတွေ၊ ပစ္စည်းတွေ ဆိုလာပြားတွေကိုပါ ဓားပြတိုက်သွားတာဗျ။ ငွေကတော့ သိန်း ၂၀ ကျော်ပါသွားတယ်လို့ သိရတယ်ဗျ”ဟု အမည်မဖော်လိုသည့် ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ယင်းအပေါ် ဒေသဆိုင်ရာ စစ်ကောင်စီ အရာရှိများထံ ရပ်ကျေး တာဝန်ရှိသူများက တိုင်ကြားထားရာ ပြစ်မှုကျုးလွန်သူ တပ်သားနှစ်ဦး ယူဆောင်သွားသည့် ဘက်ထရီနှင့် ဆိုလာပြားကို စစ်ကောင်စီဘက်က အိမ်ရှင်ထံ ပြန်ပေးခဲ့ပြီး အစားအသောက်များနှင့် ငွေကြေး အချို့ကိုလည်း တာဝန်ယူ ဆောင်ရွက်ပေးမည်ဟု ပြောဆိုခဲ့ကြောင်း SSPP ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့ရာတွင် ဆိုလာပြားနှင့် ဘက်ထရီကိုသာ စစ်ကောင်စီတပ်က ပြန်ပေးခဲ့ပြီး ကျန်ဆုံးရှုံးမှုများအား ယနေ့အထိ ဖြေရှင်းပေးခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

“အခုထိ မဖြေရှင်းပေးဘူးဗျ၊ ဆိုလာနဲ့ ဘက်ထရီပဲပြန်ပေးတယ်။ ဓားပြတိုက်တဲ့ တပ်သားကို အရေးယူတာလည်း မတွေ့ဘူး။ သူတို့ ရောက်လာကတည်းက ပြည်သူတွေလည်း သွားရလာရတာ ကြောက်နေရတယ်”ဟု အခြား ဒေသခံတစ်ဦးကလည်း ဆိုသည်။

မိုးတေကျေးရွာအုပ်စုကို ပြီးခဲ့သည့် အောက်တိုဘာလတွင် စစ်ကောင်စီတပ်က ထိုးစစ်ဆင် ဝင်ရောက်ခဲ့ပြီး လက်ရှိအချိန်ထိ တပ်စွဲထားသည်။
သီပေါမြို့နယ်အား တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA က တစ်နှစ်ကျော် ထိန်းချုပ်ထားခဲ့ပြီး ယခုနှစ် အောက်တိုဘာလတွင် စစ်ကောင်စီက တရုတ်အားကိုးဖြင့် ပြန်လည် ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

#MeKongNews
#သီပေါ
#စစ်ကောင်စီ
#ဓားပြတိုက်
#မိုးတေ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now