– ဦးဝင်းနိုင်(မိုးလေဝသပညာရှင်)
ယခုတစ်ပတ်အတွင်း ရှမ်းပြည်တွင် မိုးရွာသွန်းနိုင်မည့် အခြေအနေ
ရှမ်းပြည်တွင် မိုးရွာသွန်းနိုင်သည့် အခြေအနေမရှိပါ။
အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ
– ယခုတစ်ပတ်အတွင်း ရှမ်းပြည်မြောက်ပိုင်းတွင် အမြင့်ဆုံးနေ့အပူချိန် ၂၃°C ရှိနိုင်ပြီး အနိမ့်ဆုံးညအပူချိန် ၁၃°C ခန့် ရှိနိုင်။
– ရှမ်းပြည်တောင်ပိုင်းတွင် အမြင့်ဆုံးနေ့အပူချိန် ၂၄°C ရှိနိုင်ပြီး အနိမ့်ဆုံးညအပူချိန် ၁၀°C ခန့် ရှိနိုင်။
– ရှမ်းပြည်အရှေ့ပိုင်းတွင် အမြင့်ဆုံးနေ့အပူချိန် ၂၉°C ရှိနိုင်ပြီး အနိမ့်ဆုံးညအပူချိန် ၂၁°C ခန့် ရှိနိုင်။
– ရှမ်းပြည်နယ်တခွင်တွင် ယခုတစ်ပတ်အတွင်း အရှေ့ဘက်နှင့် အရှေ့မြောက်ဘက်အရပ်များမှ လေတိုက်နှုန်းအမြင့်ဆုံး တစ်နာရီ ၅ မိုင်ခန့်ရှိနိုင်သည်။
– ရှမ်းပြည်အရှေ့ပိုင်းတွင် နေ့လည်ပိုင်း လေထုစိုထိုင်းဆ ၄၀% ဝန်းကျင် ရှိနိုင်ပြီး၊ ညနေပိုင်း၊ ညပိုင်းနှင့် မနက်အစောပိုင်းအချိန်များတွင် ၈၀% ရှိနိုင်။
– ရှမ်းပြည်မြောက်ပိုင်းနှင့် တောင်ပိုင်းတို့တွင် နေ့လည်ပိုင်း လေထုစိုထိုင်းဆ ၅၀% ခန့် ရှိနေနိုင်ပြီး ညနေပိုင်း၊ ညပိုင်းနှင့် မနက်အစောပိုင်းအချိန်များတွင် ၁၀၀% ရှိနေနိုင်သည်။
– နေ့လည်ပိုင်း လေထုစိုထိုင်းဆမြင့်မားသည့် ဒေသများတွင် ခံစားရသည့်အပူချိန် (Feels Like Temperature) မှာ ၂၈°C ခန့်ရှိနေနိုင်သည်။
– ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၏ လေထုညစ်ညမ်းမှုအခြေအနေ (AQI Value) သည် ၅၀ ရှိနိုင်ပြီး ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်တွင် ၈၀ ရှိနိုင်သည်။
– ရှမ်းပြည်မြောက်ပိုင်းတွင် ၃၀ ဝန်းကျင်သာရှိနိုင်ပြီး လေထုညစ်ညမ်းမှုအညွှန်းကိန်း အနည်းဆုံးဖြစ်မည်။
– ရှမ်းပြည်တစ်ခုလုံးတွင် ယခုတစ်ပတ်အတွင်း လေထုညစ်ညမ်းမှု အန္တရာယ်မရှိပါ။
ပင်လယ်ပြင်မှ ထူးခြားသည့်မိုးလေဝသအခြေအနေ
– ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း၊ မလက္ကာရေလက်ကြားတွင် စတင်ဖြစ်ပေါ်လျှက်ရှိသည့် INVEST-95B သည် နိုဝင်ဘာ ၂၂ ရက်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်မှ နိုဝင်ဘာ၂၄ ရက်တွင် အားကောင်းသော လေဖိအားနည်းရပ်ဝန်းအဖြစ် ပိုမိုအားကောင်းလာကာ၊ နိုဝင်ဘာ ၂၆ ရက်မှ ၂၇ ရက်အတွင်း မုန်တိုင်းငယ်၊ ဆိုင်ကလုန်းမုန်တိုင်း SENYAR အဖြစ်ရောက်ရှိနိုင်သည်။
– မူလလမ်းကြောင်း ကြိုတင်ခန့်မှန်းချက်များအရ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် အနောက် – အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး ဒီဇင်ဘာလ ၁ ရက်တွင် ဩရိဿပြည်နယ်ကမ်းခြေ Bhubaneshwar မြို့အနီးမှ ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း ခန့်မှန်းရသည်။
– မုန်တိုင်းအကြွင်းအကျန်များ ဆက်လက်ရွေ့လျားနိုင်မည့် လမ်းကြောင်းအရ ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်တို့တွင် မိုးအနည်းငယ်ရွာသွန်းနိုင်ပြီး ကျန်ပြည်နယ်/တိုင်းဒေသများတွင် မိုးရွာနိုင်မည့်အခြေအနေမရှိပါ။
#MeKongNews
#မိုးလေဝသခန့်မှန်းချက်
#ရှမ်းပြည်
#ဦးဝင်းနိုင်








