နေ့စဥ်သတင်း

SSPP ၏ (၅) ကြိမ်မြောက် ပါတီကွန်ဂရက်တွင် လူငယ်များပါဝင်လာသော်လည်း အဓိကဦးဆောင်မှု အပြောင်းအလဲမရှိ

မဲခေါင် 15 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၁၅ ရှမ်းပြည်တိုးတက်ရေးပါတီ – SSPP ၏ (၅) ကြိမ်မြောက် ပါတီကွန်ဂရက်ကို ကျင်းပခဲ့ပြီး ခေါင်းဆောင်မှုပိုင်းတွင် လူငယ်များပါဝင်လာသော်လည်း အဓိကဦးဆောင်မှုတွင် အပြောင်းအလဲမရှိကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ ယင်းကွန်ဂရက်ကို ဌာနချုပ်ရှိရာ ဝမ်ဟိုင်းတွင် နိုဝင်ဘာ ၈ ရက်မှ ၁၃ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်သည်။ ယခုအစည်းအဝေးကို ၈ နှစ်ကြာမှ ပြန်လည်ကျင်းပနိုင်ခဲ့ခြင်းဖြစ်ပြီး ကွန်ဂရက်တွင် ဗဟိုကော်မတီ၊ အရန်ဗဟိုကော်မတီ၊ ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူးအဖွဲ့၊ ဗဟိုစည်းကမ်းထိန်းသိမ်းရေးနှင့် လုပ်ငန်းစိစစ်ရေးကော်မရှင် စသည်တို့ကို ရွေးချယ်တင်မြှောက်နိုင်ခဲ့သည် ဟု SSPP က သတင်းထုတ်ပြန်သည်။ ယခုရွေးချယ်လိုက်သည့် ပါတီဦးဆောင်မှုများတွင် လူငယ် ၅ ဦးခန့် အသစ်အနေဖြင့်

မဲခေါင်၊ နိုဝင်ဘာ ၁၅

ရှမ်းပြည်တိုးတက်ရေးပါတီ – SSPP ၏ (၅) ကြိမ်မြောက် ပါတီကွန်ဂရက်ကို ကျင်းပခဲ့ပြီး ခေါင်းဆောင်မှုပိုင်းတွင် လူငယ်များပါဝင်လာသော်လည်း အဓိကဦးဆောင်မှုတွင် အပြောင်းအလဲမရှိကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ယင်းကွန်ဂရက်ကို ဌာနချုပ်ရှိရာ ဝမ်ဟိုင်းတွင် နိုဝင်ဘာ ၈ ရက်မှ ၁၃ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်သည်။

ယခုအစည်းအဝေးကို ၈ နှစ်ကြာမှ ပြန်လည်ကျင်းပနိုင်ခဲ့ခြင်းဖြစ်ပြီး ကွန်ဂရက်တွင် ဗဟိုကော်မတီ၊ အရန်ဗဟိုကော်မတီ၊ ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူးအဖွဲ့၊ ဗဟိုစည်းကမ်းထိန်းသိမ်းရေးနှင့် လုပ်ငန်းစိစစ်ရေးကော်မရှင် စသည်တို့ကို ရွေးချယ်တင်မြှောက်နိုင်ခဲ့သည် ဟု SSPP က သတင်းထုတ်ပြန်သည်။

ယခုရွေးချယ်လိုက်သည့် ပါတီဦးဆောင်မှုများတွင် လူငယ် ၅ ဦးခန့် အသစ်အနေဖြင့် ပါဝင်လာသော်လည်း ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူးအဖွဲ့ များအနေဖြင့် အပြောင်းအလဲမရှိကြောင်း SSPP ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းဖုန်းဟန်ကပြောသည်။

“ပါတီကွန်ဂရက်ကို လုပ်ထုံးလုပ်နည်းအတိုင်း ကျင်းပနိုင်ခဲ့ပါတယ်။ အသစ်အနေနဲ့ လူငယ်အချို့ ၄၊ ၅ဦး ပါဝင်လာတာရှိပါတယ်။ ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူးအဖွဲ့ များကတော့ အရင်အတိုင်း အပြောင်းအလဲမရှိပါဘူး” ဟု ၎င်းက ပြောသည်။

အစည်းအဝေးအပြီးတွင် ရရှိလာသည့် ရလဒ် ၅ ချက်ကိုလည်း SSPP က ထုတ်ပြန်ကြေညာထားသည်ကို တွေ့ရသည်။

ယင်းထုတ်ပြန်ချက်များတွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် နိုင်ငံရေးရည်မှန်းချက် နှင့် နိုင်ငံရေးရပ်တည်ချက်ချင်း တူညီသော ပါတီအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဖော်ပြ ထားသည်။

ထို့ပြင် ကျားဖြန့်မရှိစေရေးနှင့် မူးယစ်ဆေးဝါး ကင်းစင်ပပျောက်ရေးတို့ကိုလည်း အထူးဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုအစည်းအဝေးတွင် ကွန်ဂရက်ကိုယ်စားလှယ်များ ဌာနဆိုင်ရာများမှ စုစုပေါင်း ၃၇၁ ဦး တက်ရောက်ခဲ့သည် ဟု ဆိုသည်။

#MeKongNews
#SSPP
#ပါတီကွန်ဂရက်
#ဝမ်ဟိုင်း
#အဓိကဦးဆောင်မှု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now