နေ့စဥ်သတင်း

မြန်မာနှင့် ကမ္ဘောဒီးယားမှ ကျားဖြန့်သမား အွန်ကွမ်ဝီးနှင့် ဆာ့ချ်ကျန်းဟို တို့အား စင်ကာပူစွဲချက်တင်

မဲခေါင် 14 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၁၄ အသက် ၄၄ နှစ်အရွယ် စင်ကာပူနိုင်ငံသား ကျားဖြန့်ရာဇဝတ်သား ၂ ဦးဖြစ်သော အွန်ကွမ်ဝီးနှင့် ဆာ့ချ်ကျန်းဟိုတို့အား ထိုင်းနှင့် ကမ္ဘောဒီးယားရဲတပ်ဖွဲ့တို့မှ ဖမ်းဆီး လက်လွှဲပေးပြီးနောက် စင်ကာပူ ရဲတပ်ဖွဲ့က စတင် စွဲချက်တင်လိုက်ပြီဖြစ်ကြောင်း နိုဝင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ၎င်းတို့ ၂ ဦးစလုံးကို နိုဝင်ဘာ ၁၁ ရက်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကာ ထိုင်းရဲတပ်ဖွဲ့က ဘန်ကောက်တွင် အွန်ကွမ်ဝီးအား မြန်မာနိုင်ငံ မြ၀တီမြို့ KK Park ကျားဖြန့်ဝင်းမှ ထွက်ပြေးလာစဉ် ဘန်ကောက်၌ ဖမ်းမိ ခဲ့ခြင်းဖြစ်ကာ ဆာ့ချ်ကျန်းဟိုကိုလည်း ကမ္ဘောဒီးယားရဲတပ်ဖွဲ့က ဖမ်းဆီးပြီး စင်ကာပူသို့ လွှဲပြောင်းပေး အပ်ခဲ့ကြခြင်းဖြစ်သည်။ အွန်ကွမ်ဝီးသည်

မဲခေါင်၊ နိုဝင်ဘာ ၁၄

အသက် ၄၄ နှစ်အရွယ် စင်ကာပူနိုင်ငံသား ကျားဖြန့်ရာဇဝတ်သား ၂ ဦးဖြစ်သော အွန်ကွမ်ဝီးနှင့် ဆာ့ချ်ကျန်းဟိုတို့အား ထိုင်းနှင့် ကမ္ဘောဒီးယားရဲတပ်ဖွဲ့တို့မှ ဖမ်းဆီး လက်လွှဲပေးပြီးနောက် စင်ကာပူ ရဲတပ်ဖွဲ့က စတင် စွဲချက်တင်လိုက်ပြီဖြစ်ကြောင်း နိုဝင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

၎င်းတို့ ၂ ဦးစလုံးကို နိုဝင်ဘာ ၁၁ ရက်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကာ ထိုင်းရဲတပ်ဖွဲ့က ဘန်ကောက်တွင် အွန်ကွမ်ဝီးအား မြန်မာနိုင်ငံ မြ၀တီမြို့ KK Park ကျားဖြန့်ဝင်းမှ ထွက်ပြေးလာစဉ် ဘန်ကောက်၌ ဖမ်းမိ ခဲ့ခြင်းဖြစ်ကာ ဆာ့ချ်ကျန်းဟိုကိုလည်း ကမ္ဘောဒီးယားရဲတပ်ဖွဲ့က ဖမ်းဆီးပြီး စင်ကာပူသို့ လွှဲပြောင်းပေး အပ်ခဲ့ကြခြင်းဖြစ်သည်။

အွန်ကွမ်ဝီးသည် စင်ကာပူနိုင်ငံသားများကို ပစ်မှတ်ထားပြီး အစိုးရအကြီးအကဲများအဖြစ် ဟန်ဆောင် ကာ မြန်မာ KK Park ကျားဖြန့်ဝင်းအတွင်း စီမံခန့်ခွဲသူအကြီးအကဲတစ်ဦးအဖြစ် လိမ်လည်ခဲ့သူဖြစ်ကာ စင်ကာပူဘဏ်အကောင့်ကို မည်သူမှန်းမသိရသော အားဖန်ဆိုသည့် အမည်ဖြင့် ဧပြီလက လွှဲပြောင်း ပေးပြီး ငွေစာရင်းလိုက်ခံရမှုမှ လွတ်မြောက်ရန် ကြိုးစားခဲ့သူဟု သိရသည်။

၎င်းကို တင်ထားသည့် စွဲ ချက်အရ ထောင်ဒဏ် ၂ နှစ်နှင့် ဒဏ်ငွေ သို့မဟုတ် ပြစ်ဒဏ် ၂ ရပ်စလုံး ကျခံရနိုင်ကာ နိုဝင်ဘာ ၂၀ တွင် နောက်ထပ် တရားရုံး ရုံးချိန်းရက် သတ်မှတ်ခဲ့သည်။

ဆာ့ချ်ကျန်းဟိုသည်လည်း ကမ္ဘောဒီးယားကျားဖြန့် ရပ်ဝန်း ကရောင်ဘာဗတ်မှ စင်ကာပူ နိုင်ငံသားများကို ပစ်မှတ်ထားလိမ်လည်ခဲ့သူဖြစ်ပြီး စကားပြန် အဖြစ် ကမ္ဘောဒီးယားကျားဖြန့်လုပ်ငန်းသို့ သွားလုပ်ရာမှ တရားမဝင် ကျားဖြန့် လိမ်လည်ငွေများအား ၎င်း၏ ဘဏ်အကောင့်အတွင်းမှ လွှဲပြောင်းမှု ပြုလုပ်ခဲ့သည်ကို တွေ့ရကြောင်း၊ ဘဏ်စာရင်းထဲတွင် ၂၀၂၁ အောက်တိုဘာနှင့် ဒီဇင်ဘာလအတွင်းမှာပင် စင်ကာပူဒေါ်လာ ၄၇၆၁၆ ဝင်လာသည်ကို တွေ့ရ ကြောင်း၊ စွဲဆိုထားသည့် ပုဒ်မအရ ထောင်ဒဏ် ၃ နှစ်နှင့် စင်ကာပူဒေါ်လာ ၁၅၀၀၀၀ ထက်မပိုသော ငွေဒဏ် သို့မဟုတ် ပြစ်ဒဏ် ၂ ခုစလုံးချမှတ်ခံရနိုင်ကြောင်း သိရသည်။

၂၀၂၅ ခုနှစ် ပထမနှစ်ဝက်ကာလအတွင်း စင်ကာပူနိုင်ငံတွင် ကျားဖြန့် ငွေလိမ်ခံရမှုမှာ ၂၀၂၄ ခုနှစ် ပထမ နှစ်ဝက်ကထက် ၃ ဆ ကျော်ပိုများလာခဲ့ပြီး ၁၉၉ ဒသမ ၂ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်။

၂၀၂၄ ပထမနှစ်ဝက် က ကျားဖြန့်လိမ်လည်ခံရသည့် အမှုပေါင်း ၅၈၉ ခုသာရှိခဲ့ရာမှာ ၂၀၂၅ ပထမနှစ်ဝက်တွင် ၁၇၆၂ မှုအထိ တိုးလာကာ ထို ၆ လတာကာလအတွင်းမှာပင် စင်ကာပူဒေါ်လာ ၁၂၆ ဒသမ ၅ သန်း လိမ်လည်ခံခဲ့ရသည်ဟု စင်ကာပူစီးပွားကူးသန်းဌာန ညွှန်ကြားရေးမှူး ဒေးဗစ်ချူးက ထုတ်ပြန်ပြောဆိုခဲ့သည်။

ကိုကလင်း
Ref: Asiaone
#MeKongNews
#စင်ကာပူ
#ကျားဖြန့်
#ကမ္ဘောဒီးယား
#မြန်မာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now