နေ့စဥ်သတင်း

မဲခေါင် 12 Nov - 2025
မိုးဗြဲနယ်တိုက်ပွဲအတွင်း တော်လှန်ရေးဘက်မှ တပ်ခွဲမှူးအပါ ၂ ဦး ကျဆုံး၊ စစ်ကောင်စီတပ်လည်း သေဆုံးသူများ မဲခေါင်၊ နိုဝင်ဘာ ၁၂ ရှမ်းတောင်-ကရင်နီနယ်စပ်၊ မိုးဗြဲနယ်အတွင်း တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီ၊ PNO ပူးပေါင်းတပ်တို့ ရင်ဆိုင်တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားလျက်ရှိပြီး တော်လှန်ရေးဘက်မှ တပ်ခွဲမှူးအပါ ၂ ဦး ကျဆုံးခဲ့ကြောင်း တော်လှန်ရေးတပ်များထံမှ သိရသည်။ မိုးဗြဲမြို့အတွင်း လွယ်ယင်း၊ မင်္ဂလာ၊ စက်တော်နေရာများတွင် ထိတွေ့မှုများ ရက်ပိုင်းကဖြစ်ပွားခဲ့ပြီး နိုဝင်ဘာ ၇ ရက်က တပ်ခွဲမှူးတစ်ဦး ခေါင်းထိခိုက်ဒဏ်ရာဖြင့် ကျဆုံးခဲ့ကြောင်း သိရသည်။ မိုးဗြဲသာမက ပင်လောင်း၊ ဖယ်ခုံဘက်များတွင်လည်း စစ်မြေပြင်အခြေအနေမှာ အဆုတ်အတက်များနေသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ “လက်ရှိက စခတွေဘက် တိုးလိုက်၊ ထိတွေ့မှုဖြစ်လိုက်၊

မိုးဗြဲနယ်တိုက်ပွဲအတွင်း တော်လှန်ရေးဘက်မှ တပ်ခွဲမှူးအပါ ၂ ဦး ကျဆုံး၊ စစ်ကောင်စီတပ်လည်း သေဆုံးသူများ

မဲခေါင်၊ နိုဝင်ဘာ ၁၂

ရှမ်းတောင်-ကရင်နီနယ်စပ်၊ မိုးဗြဲနယ်အတွင်း တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီ၊ PNO ပူးပေါင်းတပ်တို့ ရင်ဆိုင်တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားလျက်ရှိပြီး တော်လှန်ရေးဘက်မှ တပ်ခွဲမှူးအပါ ၂ ဦး ကျဆုံးခဲ့ကြောင်း တော်လှန်ရေးတပ်များထံမှ သိရသည်။

မိုးဗြဲမြို့အတွင်း လွယ်ယင်း၊ မင်္ဂလာ၊ စက်တော်နေရာများတွင် ထိတွေ့မှုများ ရက်ပိုင်းကဖြစ်ပွားခဲ့ပြီး နိုဝင်ဘာ ၇ ရက်က တပ်ခွဲမှူးတစ်ဦး ခေါင်းထိခိုက်ဒဏ်ရာဖြင့် ကျဆုံးခဲ့ကြောင်း သိရသည်။

မိုးဗြဲသာမက ပင်လောင်း၊ ဖယ်ခုံဘက်များတွင်လည်း စစ်မြေပြင်အခြေအနေမှာ အဆုတ်အတက်များနေသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“လက်ရှိက စခတွေဘက် တိုးလိုက်၊ ထိတွေ့မှုဖြစ်လိုက်၊ ပြန်ဆုတ်သွားလိုက်ပဲ။ သူတို့အထိနာတော့ လေယာဥ်ပစ်ကူပါတယ်။ ပြီးတော့ ၄၂၂ ထဲပြန်ဆုတ်သွားတာပဲ၊ မိုးဗြဲစက်တော်ဘက်မှာ ဆိုင်ထားရာကနေ စခဘက်က စိုးမိုးကုန်းလိုချင်လို့ ထိုးတဲ့နေ့ကတစ်ယောက်ကျတယ်” ဟု ၎င်းကပြောသည်။

စစ်ကောင်စီဘက်မှ မိုးဗြဲဘက်၌ စကခ ၇၊ ခမရ ၄၂၂၊ ဖယ်ခုံဘက်၌ စကခ ၂၊ ခမရ ၄၂၁ တို့က PNO ပြည်သူ့စစ်အင်အား တစ်ထောင်နီးပါးခန့်နှင့် တိုက်ခိုက်နေခြင်းဖြစ်ပြီး ထိခိုက်သေဆုံးမှုများရှိကြောင်း မြေပြင်သတင်းအရင်းမြစ်များထံမှ သိရသည်။

“အောင်ပန်းခုတင် ၇၀၀ ကိုတော့ ၃ ယောက် ရောက်တယ်ကြားတယ်။ ၈ ရက်နေ့က ပင်လောင်း၊ ဖယ်ခုံအနောက်ခြမ်းမှာ ငါးကြင်းမြီး(စက်လတ်)နဲ့ လက်နက်ငယ်တချို့ရတာရှိတယ်” ဟု တော်လှန်ထောက်ပို့တစ်ဦးက ပြောသည်။

ဖယ်ခုံဘက် ဘောရန်တိုက်ပွဲအတွင်း ယင်းလက်နက်များ ရရှိခဲ့ခြင်းဖြစ်ပြီး ပင်လောင်း၊ မြောက်စလုံးရွာဘက်တွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက အတည်ပြုသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ ရက်က ပြန်လည်ဖြစ်ပွားလာသည့် ရှမ်းတောင်နှင့် ကရင်နီနယ်စပ်မိုးဗြဲ၊ ပင်လောင်း၊ ဖယ်ခုံမြို့နယ်များအတွင်း KNDF အပါအဝင် တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီ၊ PNO ပြည်သူ့စစ်ပူးပေါင်းတပ်တို့ တိုက်ပွဲများဖြစ်ပွားနေခြင်း ဖြစ်သည်။

#MeKongNews
#မိုးဗြဲ
#ကရင်နီ
#တပ်ခွဲမှူး
#ကျဆုံး
Photo – Nge Lay
ပုံအညွှန်း – တော်လှန်ရေးတပ်များ သိမ်းဆည်းရမိသည့် စစ်ကောင်စီလက်နက်များ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now