နေ့စဥ်သတင်း

ရှမ်းရွှေသံ သံရည်ကျိုစက်ဖွင့်ပြီးနောက် ကျိုင်းတုံတွင် သံတိုသံစ ဂိတ်ပိတ်ဝယ်ရုံသာမ အခြားကီလိုကောက်ပစ္စည်းများပါ ပြည်မတင်ပို့ခွင့်ပိတ်

မဲခေါင် 11 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၁၁ ကျိုင်းတုံမြို့တွင် ရှမ်းရွှေသံ သံရည်ကျိုစက်ဖွင့်လှစ်လိုက်ပြီးနောက် ဒေသတွင်း ကီလိုဒိုင်များမှ သံတိုသံစများသာမ အခြားကီလိုကောက်ပစ္စည်းများကိုပါ ပြည်မတင်ပို့ခွင့်ကို ပိတ်ပြီး လက်ဝါးကြီးအုပ်သည့်အတွက် ယင်းလုပ်ငန်းနှင့် ဆက်စပ်လုပ်ကိုင်သူများ အခက်အခဲဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။ ယခုလဆန်းပိုင်းက အသစ်ဖွင့်လိုက်သည့် သံရည်ကျိုစက်က အခြား သံတိုသံစကီလိုကားများကို သယ်ခွင့်မပေးဘဲ ၎င်းစက်ရုံသို့သာ ပေးသွင်းရန် လက်ဝါးကြီးအုပ် လုပ်လာနေကြောင်း၊ စက်ရုံပိုင်ရှင်အမည်မှာ ဦးအိုက်ရှိန်ဆိုသူဖြစ်ပြီး တြိဂံစစ်တိုင်းမှ အရာရှိတစ်ဦး ရှယ်ယာပါသည့်အတွက် ယင်းကဲ့သို့ အမိန်အာဏာသုံးကာ ပိတ်ပင်ခြင်းဖြစ်ကြောင်း ကီလိုလုပ်ငန်း လုပ်ကိုင်သူများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “သံရည်ကျိုစက်ရုံ ဖွင့်တာနဲ့ ကီလိုဆိုင်တွေရဲ့ကီလိုကားတွေကို ကျိုင်းတုံ-တောင်ကြီးအထွက် ကျိုင်းဖောင်းဂိတ်မှာ တိုင်းအမိန့်နဲ့ထွက်ခွင့်ပိတ်လိုက်ပါတယ်။ အဲဒီသံရေကျိုစက်ရုံ ရှယ်ယာက တိုင်းပေါ်က အရာရှိတစ်ဦးလည်း

မဲခေါင်၊ နိုဝင်ဘာ ၁၁

ကျိုင်းတုံမြို့တွင် ရှမ်းရွှေသံ သံရည်ကျိုစက်ဖွင့်လှစ်လိုက်ပြီးနောက် ဒေသတွင်း ကီလိုဒိုင်များမှ သံတိုသံစများသာမ အခြားကီလိုကောက်ပစ္စည်းများကိုပါ ပြည်မတင်ပို့ခွင့်ကို ပိတ်ပြီး လက်ဝါးကြီးအုပ်သည့်အတွက် ယင်းလုပ်ငန်းနှင့် ဆက်စပ်လုပ်ကိုင်သူများ အခက်အခဲဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ယခုလဆန်းပိုင်းက အသစ်ဖွင့်လိုက်သည့် သံရည်ကျိုစက်က အခြား သံတိုသံစကီလိုကားများကို သယ်ခွင့်မပေးဘဲ ၎င်းစက်ရုံသို့သာ ပေးသွင်းရန် လက်ဝါးကြီးအုပ် လုပ်လာနေကြောင်း၊ စက်ရုံပိုင်ရှင်အမည်မှာ ဦးအိုက်ရှိန်ဆိုသူဖြစ်ပြီး တြိဂံစစ်တိုင်းမှ အရာရှိတစ်ဦး ရှယ်ယာပါသည့်အတွက် ယင်းကဲ့သို့ အမိန်အာဏာသုံးကာ ပိတ်ပင်ခြင်းဖြစ်ကြောင်း ကီလိုလုပ်ငန်း လုပ်ကိုင်သူများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“သံရည်ကျိုစက်ရုံ ဖွင့်တာနဲ့ ကီလိုဆိုင်တွေရဲ့ကီလိုကားတွေကို ကျိုင်းတုံ-တောင်ကြီးအထွက် ကျိုင်းဖောင်းဂိတ်မှာ တိုင်းအမိန့်နဲ့ထွက်ခွင့်ပိတ်လိုက်ပါတယ်။ အဲဒီသံရေကျိုစက်ရုံ ရှယ်ယာက တိုင်းပေါ်က အရာရှိတစ်ဦးလည်း ပါတယ်ပြောပါတယ်။ ကီလိုဆိုင်တွေကလည်း နှစ်တိုင်း သက်ဆိုင်ရာအခွန်ကို ဆောင်ပြီးလုပ်ကြတာပါ။ အခုလို အာဏာသုံးပြီး ကားတွေထွက်ခွင့်ပိတ်လိုက်တာ အတော်လေးထိခိုက်နေကြပါတယ်”ဟု ၎င်းကမဲခေါင်သို့ ပြောသည်။

တြိဂံတိုင်းမှ လုပ်ငန်းရှင်တစ်ဦး သံရည်ကျိုစက်တွင် ရှယ်ယာပါသည့် ကိစ္စကို မဲခေါင်သတင်းဌာနမှ သီးခြားအတည်မပြုနိုင်သေးပေ။

သံတိုသံစအပါအဝင် ကီလိုကောက်လုပ်ငန်းမှ ပစ္စည်းများဖြစ်သည့် ကော်တိုကော်စများ၊ စက္ကူအဟောင်း၊ ပုလင်း၊ စာအုပ်၊ ဒန်ဘီယာဗူးခွံစသည့် ကုန်ပစ္စည်းများပါ ပို့ခွင့်မပြုတော့သည့်အတွက် ကီလိုကောက် လက်လုပ်လက်စားများ၊ ကီလိုလုပ်ငန်း လုပ်ကိုင်သူများ အခက်အခဲဖြစ်နေကြောင်း ယင်းလုပ်ငန်းနှင့် နီးစပ်သည့် ဒေသခံများက ပြောသည်။

ရှမ်းရွှေသံ​ သံရည်ကျိုစက်ရုံမှ သံတိုသံစများဝယ်သော်လည်း ပြည်မသို့ တင်ပို့သည့်ဈေးနှင့် နှိုင်းယှဉ်ပါက တစ်ပိသာလျင် ကားခနှုတ်ပြီး ကျပ် ၃၀၀ မှ ၅၀၀ ကွာခြားကြောင်း၊ ဈေးကွာသည့်အပြင် ပြည်မရှိ ကီလိုဒိုင်များမှ ငွေကြေထုတ်ပေးသည့်အတွက် ရှမ်းအရှေ့ ကီလိုလုပ်ငန်းအများစုမှာ ပြည်မသို့သာ တင်ပို့လိုကြောင်း ကီလိုလုပ်ငန်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“သူ့ဆီဘဲ သံတွေသွင်းရမယ်တဲ့။ ဆိုင်တွေ တော်တော်လေး ဒုက္ခရောက်နေပါတယ်။ တခြားမြို့ အေးသာယာစက်မှုဇုံတို့၊ ရန်ကုန်က စက်ရုံတို့လဲရှိပါတယ်၊ အခုလို မြို့ဂိတ်ကို ပိတ်ပြီးဝယ်တာ မရှိပါဘူး။ ကိုယ်ကြိုက်တဲ့ဆီ ရောင်းလို့ရပါတယ်။ အခုမှ ဖွင့်ပြီး ဒီလိုမြို့ဂိတ်ကိုပိတ်ပြီးဝယ်တယ်ဆိုတာ အရမ်းနစ်နာနေပါတယ်” ဟု ၎င်းကပြောသည်။

သံတိုသံစ၊ ကပ်ထူ ကီလို ကောက်ယူသွင်းသည့် အခြေခံ လုပ်ငန်းလိုအပေါ်တွင် ယခုလို အနိုင်ကျင့်ပြီး လက်ဝါးကြီးအုပ်လုပ်မည့်အစား ဈေးပြိုင်ပေးပြီး သံတိုသံစဝယ်ယူကာ အခြားပစ္စည်းများကို ယခင်ကလိုပင် လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပြုစေလိုကြောင်း ဒေသခံများထံမှ သိရသည်။

#MeKongNews
#ရှမ်းရွှေသံ
#ကျိုင်းတုံ
#သံရည်ကျိုစက်ရုံ
#ကီလိုလုပ်ငန်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now