နေ့စဥ်သတင်း

DPLA ထံ ချိုးဖြူတပ်ဖွဲ့ ပူးပေါင်း

မဲခေါင် 10 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၁၀ တော်လှန်ရေး အရွေ့တစ်ခု လျင်မြန်စွာ ဖြစ်ပေါ်လာစေရေး ရည်ရွယ်ကာ ရှမ်းပြည်တောင်ပိုင်း၊ ဓနုဒေသအခြေစိုက် ရွာငံ PDF ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့- JPRF က ဓနုပြည်သူ့လွတ် မြောက်ရေးတပ်ဦး-DPLF/DPLA တပ်ဖွဲ့ထံ ပူးပေါင်းလိုက်ပြီး DPLF/DPLA တပ်အဖြစ် ဆက်လက်လှုပ်ရှားသွားမည်ဟု အောက်တိုဘာ ၈ရက် ညတွင်ထုတ်ပြန်ကြေညာသည်။ တော်လှန်ရေးအကျိုးကို ရှေးရှုသောအားဖြင့် အရွေ့တစ်ခုလျင်မြန်စွာဖြစ်ပေါ်နိုင်ရန် တစ်ဖွဲ့တည်းရပ် တည်လှုပ်ရှားခြင်းမပြုတော့ဘဲ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး – DPLF/DPLA တပ်ဖွဲ့နှင့် ပူးပေါင်းလိုက်ခြင်းဖြစ်သည်ဟု ရွာငံ JPRF ၏ ကြေညာချက်တွင်ဖော်ပြထား သည်။ ထို့ကြောင့် ရှေ့ဆက်လှုပ်ရှားမှုများကို DPLF/DPLA တပ်အဖြစ် စစ်သုံးစစ် အမြစ်ဖြတ်ချေမှုန်းရေးနှင့် အဖိနှိပ်ခံ ပြည်သူလူထုတရပ်လုံးလွတ်မြောက်ရေးအတွက် တော်လှန်သွားမည်ဟု ထုတ်ပြန်ချက်တွင်

မဲခေါင်၊ နိုဝင်ဘာ ၁၀

တော်လှန်ရေး အရွေ့တစ်ခု လျင်မြန်စွာ ဖြစ်ပေါ်လာစေရေး ရည်ရွယ်ကာ ရှမ်းပြည်တောင်ပိုင်း၊ ဓနုဒေသအခြေစိုက် ရွာငံ PDF ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့- JPRF က ဓနုပြည်သူ့လွတ် မြောက်ရေးတပ်ဦး-DPLF/DPLA တပ်ဖွဲ့ထံ ပူးပေါင်းလိုက်ပြီး DPLF/DPLA တပ်အဖြစ် ဆက်လက်လှုပ်ရှားသွားမည်ဟု အောက်တိုဘာ ၈ရက် ညတွင်ထုတ်ပြန်ကြေညာသည်။

တော်လှန်ရေးအကျိုးကို ရှေးရှုသောအားဖြင့် အရွေ့တစ်ခုလျင်မြန်စွာဖြစ်ပေါ်နိုင်ရန် တစ်ဖွဲ့တည်းရပ် တည်လှုပ်ရှားခြင်းမပြုတော့ဘဲ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး – DPLF/DPLA တပ်ဖွဲ့နှင့် ပူးပေါင်းလိုက်ခြင်းဖြစ်သည်ဟု ရွာငံ JPRF ၏ ကြေညာချက်တွင်ဖော်ပြထား သည်။

ထို့ကြောင့် ရှေ့ဆက်လှုပ်ရှားမှုများကို DPLF/DPLA တပ်အဖြစ် စစ်သုံးစစ် အမြစ်ဖြတ်ချေမှုန်းရေးနှင့် အဖိနှိပ်ခံ ပြည်သူလူထုတရပ်လုံးလွတ်မြောက်ရေးအတွက် တော်လှန်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

JPRF က DPLF/DPLA နှင့်ပူးပေါင်းလာသည်မှာ မှန်ကန်ပြီးယခင်ကတည်းက လှုပ်ရှားမှုများအတူတကွ ဆောင်ရွက်ခဲ့သည်ဟု DPLF/DPLA ဥက္ကဌ ဦးထွန်းထွန်းနိုင်က ဆိုသည်။

“DPLA အဖြစ် မလုပ်ခင်ကတည်းက ကျွန်တော်တို့အားလုံးက အချင်းချင်းလူရင်းတွေပဲဗျ။ အလုပ်တွေ လည်းတွဲလုပ်ခဲ့ကြတယ်။ တောတွင်းမှာလည်း အမြဲတမ်းပုံမှန်လိုအပ်တဲ့ဟာတွေ အပြန်အလှန်အတူ လုပ်ခဲ့တာတွေ အမြဲတမ်းတောက်လျောက် ရှိခဲ့တယ်ဗျ။ ကျွန်တော်တို့အတွက်ရော သူတို့အတွက်ရော ခက်ခက်ခဲခဲ ရှင်းစရာလင်းစရာမရှိဘူးဗျ။ ဒီအတိုင်း ရှင်းရှင်းလင်းလင်းလေးပဲ၊ ရိုးရိုးလေးပဲ လုပ်သွားတာ ပါဗျ” ဟု ၎င်းကပြောသည်။

ဓနုတပ်ဖွဲ့များ ယခုကဲ့သို့တစ်ဖွဲ့တည်းအဖြစ် ပူးပေါင်းဆောင်ရွက်နိုင်ခြင်းသည် ကောင်းမွန်သည့်တိုးတက်မှုဖြစ်ပြီး အားရဝမ်းသာသည်ဟု ဓနုလူငယ်တစ်ဦးက ပြောသည်။

“ဒီလိုမျိုးသတင်းကြားချင်တာကြာပြီ။ အကုန်လုံးစုစည်းနိုင်မှပဲ အလုပ်ပိုဖြစ်မှာ။ အခုလည်းဝမ်းသာတယ်။ ဓနုတွေလွတ်မြောက်ဖို့ ဓနုတွေ စုစုစည်းစည်းနဲ့ ညီညွတ်ကြဖို့လိုတယ်ဗျ” ဟု ၎င်းကပြောသည်။

JPRF ကို ၂၀၂၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ရှမ်းတောင်ဓနုဒေသတွင် အခြေစိုက်ကာစစ်အာဏာရှင် တပ်ဖွဲ့ကို သမားရိုးကျစစ်များ၊ ပြောက်ကျားစစ်များဖြင့် တော်လှန်တိုက်ခိုက်လျက်ရှိသည်။

DPLA မှာ ရှမ်းပြည်တောင်ပိုင်း၊ ဓနုဒေသဆက်စပ်ကျောက်ဂူနယ်အတွင်း TNLA နှင့်ပူးပေါင်းကာ ရှမ်းပြည်မြောက်ပိုင်းတွင်စစ်ကောင်စီကို ပြင်းထန်စွာတိုက်ပွဲဝင်နေသည့် တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့ဖြစ်သည်။

ထို့ကြောင့် ၎င်းတို့အနေဖြင့် DPLA ကဲ့သို့ TNLA နှင့် စစ်ရေးဆိုင်ရာ တွဲဖက်လုပ်ဆောင်ခြင်းများ ရှိ၊ မရှိ မဲခေါင်က မေးမြန်းမှုအပေါ် “ကျနော်တို့ DPLA ဖြစ်သွားပြီဗျ” ဟု JPRF ပြန်ကြားရေးတာဝန်ခံက ပြန်လည်ဖြေကြားသည်။

“TNLA က စစ်ရပ်ထားတော့ DPLA က သူ့ဒေသ ဓနုနယ်မြေအတွက် ခုလို JPRF နဲ့ ပူးပေါင်းမှုက အင်အားထု ပိုခိုင်မာလာပြီး တော်လှန်ရေးအရှိန်မြင့်လာမှာဖြစ်လို့ ရွာငံ၊ ပင်းတယတွေဘက် တိုက်ပွဲတွေ ပိုဖြစ်လာနိုင်တယ်” ဟု နိုင်ငံရေး၊ စစ်ရေး အကဲခတ် နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦးက သုံးသပ်သည်။

ရှမ်းတောင်၊ ဓနုဒေသ ရွာငံ၊ ပင်းတယဘက်တွင်JPRF ကဲ့သို့ပင် ဓနုပြည်အမျိုးသားကာကွယ်ရေးတပ်တော် – DSNDA ၊ ပြည်သူ့သားများတပ်ဖွဲ့- PSF တို့ကလည်း စစ်ကောင်စီကို ပြောက်ကျားစစ်ဖြင့် ခုခံတော်လှန်လျက်ရှိကြောင်း သိရသည်။

#MeKongNews
#ရွာငံ
#ဓနု
#JPRF
#DPLA

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now