နေ့စဥ်သတင်း

အင်းလေး မြောင်းဝကြီးတွင် ရာအိမ်မှူးအလွဲသုံးစားလုပ်သဖြင့် ငလျင်ဒဏ်သင့် နေအိမ် ၂၂ လုံး အထောက်အပံ့လုံးဝ မရ

မဲခေါင် 5 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၅ ရာအိမ်မှူးက ၎င်း၏ ဆွေမျိုးသားချင်းများကိုသာ အကူအညီစာရင်း ထည့်သွင်းပေးသည့််အတွက် ရှမ်းပြည်တောင်ပိုင်း၊ အင်လေးဒေသရှိ နန်းသဲအုပ်စု၊ မြောင်းဝကြီးကျေးရွာမှ အိမ်၂၂ လုံးမှာ ငလျင်ဒဏ်ခံရသော်လည်း မည်သည့် အထောက်အပံ့မျှ မရကြောင်း ရွာခံပြည်သူများက မဲခေါင်သို့ ပြောသည်။ မြောင်းဝကြီးကျေးရွာတွင် ငလျင်ဒဏ်သင့် အိမ်စုစုပေါင်း ၈၆ အိမ်ရှိသည့်အနက် ၆၄ အိမ်ကိုသာ အုပ်ချုပ်ရေးပိုင်းမှ ထောက်ပံ့ကြေးပေးခဲ့ပြီး ကျန်၂၂ အိမ်မှာ ယခုအချိန်အထိ မည့်သည့်ထောက်ပံ့ကြေးမျှ ရရှိခဲ့ခြင်း မရှိသည့်အတွက် ပြောကြားရခြင်းဖြစ်ကြောင်း မြောင်းဝကြီးရွာသူတစ်ဦးက မဲခေါင်သို့ ပြောသည်။ “ရာအိမ်မှူးက သူ့အမျိုးအဆွေတွေကိုပဲ လာသမျှ၊ ရသမျှ အကူအညီတွေ ပေးနေတာ။ ရာအိမ်မှူးကတော့ အိမ်မရှိတဲ့သူကိုတောင် အိမ်မရှိဘဲ ထောက်ပံ့ကြေး

မဲခေါင်၊ နိုဝင်ဘာ ၅

ရာအိမ်မှူးက ၎င်း၏ ဆွေမျိုးသားချင်းများကိုသာ အကူအညီစာရင်း ထည့်သွင်းပေးသည့််အတွက် ရှမ်းပြည်တောင်ပိုင်း၊ အင်လေးဒေသရှိ နန်းသဲအုပ်စု၊ မြောင်းဝကြီးကျေးရွာမှ အိမ်၂၂ လုံးမှာ ငလျင်ဒဏ်ခံရသော်လည်း မည်သည့် အထောက်အပံ့မျှ မရကြောင်း ရွာခံပြည်သူများက မဲခေါင်သို့ ပြောသည်။

မြောင်းဝကြီးကျေးရွာတွင် ငလျင်ဒဏ်သင့် အိမ်စုစုပေါင်း ၈၆ အိမ်ရှိသည့်အနက် ၆၄ အိမ်ကိုသာ အုပ်ချုပ်ရေးပိုင်းမှ ထောက်ပံ့ကြေးပေးခဲ့ပြီး ကျန်၂၂ အိမ်မှာ ယခုအချိန်အထိ မည့်သည့်ထောက်ပံ့ကြေးမျှ ရရှိခဲ့ခြင်း မရှိသည့်အတွက် ပြောကြားရခြင်းဖြစ်ကြောင်း မြောင်းဝကြီးရွာသူတစ်ဦးက မဲခေါင်သို့ ပြောသည်။

“ရာအိမ်မှူးက သူ့အမျိုးအဆွေတွေကိုပဲ လာသမျှ၊ ရသမျှ အကူအညီတွေ ပေးနေတာ။ ရာအိမ်မှူးကတော့ အိမ်မရှိတဲ့သူကိုတောင် အိမ်မရှိဘဲ ထောက်ပံ့ကြေး ရယူပေးထားတာ၊ မရလို့သွားပြောတော့လည်း တိုင်ချင်ရာတိုင်လို့ ရန်စကားပြန်ပြောတယ်။ လူကြီးတွေက ခေါ်ယူညှိနှိုင်းပေးပေမယ့် လုပ်မပေးဘူး။ အမှန်တကယ်ပျက်စီးနေလို့ အထောက်အပံ့ လိုအပ်နေတာပါ” ဟု ၎င်းက ပြောသည်။

မြောင်းဝကြီးရွာ၏ ရာအိမ်မှူးမှာ ဦးစိုးနိုင်(ခေါ်) ဦးအောင်မြင့်ဦးဖြစ်ပြီး ၎င်းနှင့်အတူ ဆယ်အိမ်မှူးများကလည်း အလိုတူအလိုပါများဖြစ်ကြောင်း အထောက်အပံ့မရသူများက စွပ်စွဲထားသည်။

ပြီးခဲ့သည့် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြီးကြောင့် အင်းလေးဒေသတွင် လူအယောက် ၄၀ ကျော် သေဆုံးခဲ့ရပြီး အိမ်ခြေ ထောင်ကျော် ပျက်စီးခဲ့ရသည်။

ယင်းထိခိုက်ပျက်စီးမှုများအတွက် အလှူရှင်များက လှူဒါန်းမှုများလည်း ရှိခဲ့သလို စစ်ကောင်စီဖွဲ့စည်းထားသည့် ရှမ်းပြည်အစိုးရမှလည်း ငလျင်ကြောင့် ပျက်စီသွားသည့် သစ်သား ၂ ထပ်အိမ်တစ်လုံးလျင် ကျပ်သိန်း ၁၈၀၊ ခြေတံရှည်သစ်သားအိမ် တစ်လုံးလျင် ကျပ်သိန်း ၁၀၀ နှင့် ဝါးအိမ်တစ်လုံးလျင် ကျပ်သိန်း ၂၀ ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ထောက်ပံ့ပေးခဲ့သည်။

ယင်းထောက်ပံ့မှုအပေါ် ဒေသအုပ်ချုပ်ရေးပိုင်းဖြစ်သည့် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများက မမှန်မကန်ပြုလုပ်သည့်အတွက် ငလျင်ဒဏ်ထိခိုက်ခံစားခဲ့ရသူအချို့ ထောက်ပံ့ကြေးမရခဲ့သည့် ဖြစ်စဉ်များစွာ ရှိခဲ့သည်။

အင်းလေးဒေသ၊ ဟဲယာရွာမကျေးရွာတွင်လည်း ကျေးရွာအုပ်ချုပ်ရေးပိုင်းမှ တင်ပြသည့် စာရင်းထဲတွင် အမှန်တကယ်ပျက်စီးသွားသည့် နေအိမ်အချို့ ပါဝင်ခြင်း မရှိသလို ပျက်စီးခြင်းမရှိသညည့် နေအိမ်များကိုလည်း စာရင်းပြထားကြောင်း ဒေသခံများက ပြောသည်။

အလားတူဖြစ်ရပ်များမှာ အိုင်ကြီးထောင့်၊ နန်းပန် တို့တွင်လည်း ဖြစ်ပွားခဲ့ကြောင်း မဲခေါင်သတင်းဌာနမှ စုံစမ်းသိရသည်။

မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် စစ်ကိုင်းငလျင်ကြီးအတွင်း အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာ ၂၃ ရွာမှ အိမ်ခြေ ၃၈၅၀ ထိခိုက်ပျက်စီးခဲ့ရပြီး ယင်းထဲတွင် နန်းပန်၊ ပေါက်ပါးရွာမှ အိမ်ခြေ ၂၂၀ ၊ အိုင်ထောင့်ကြီးရွာမှ အိမ်ခြေ ၂၅၀ နှင့် ဟဲယာရွာမကျေးရွာမှ ရပ်ကွက်ပေါင်း ၁၄ ရပ်ကွက်ရှိ အိမ်ခြေ ၃၂၅ အိမ် ပါဝင်ကြောင်း Hand to Hand Charity Myanmar အဖွဲ့မှ ပြုစုထားသည့် မှတ်တမ်းအရ သိရသည်။

#MeKongNews
#အင်းလေးဒေသ
#စစ်ကိုင်းငလျင်
#မြောင်းဝကြီးကျေးရွာ
#အထောက်အပံ့
#ရာအိမ်မှူး
Photo Credit – TerraMyanmar
ပုံအညွှန်း – အင်းလေး၊ မြောင်းဝကြီးရွာကို ငလျင်မလှုပ်မီနှင့် လှုပ်ပြီး ဂြိုလ်တုမြေပုံမှ တွေ့ရစဉ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now