နေ့စဥ်သတင်း

တရားမဝင်ကုန်စည်၊ မူးယစ်ဆေးဝါး၊ ကျောက်စိမ်းကိစ္စများဖြင့် ရပခတိုင်းမှူးနိုင်ဇော်ဦး အဖမ်းခံထားရပြီး တိုင်းမှူးအသစ်ခန့်

မဲခေါင် 24 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၂၄ တရားမဝင်ကုန်စည်ကိစ္စများဖြင့် နံမည်ထွက်နေသူ ရှမ်းပြည်တောင်ကြီးအခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်နိုင်ဇော်ဦးကို နေပြည်တော်၌ ဖမ်းဆီးချုပ်နှောင်ထားပြီး စစ်​ဆေးနေကြောင်း ခိုင်လုံသည့် သတင်းအရင်းအမြစ်များက မဲခေါင်သို့ အတည်ပြုပြောဆိုသည်။ ပြီးခဲ့သည့် အောက်တိုဘာ၂၁ရက်က နေပြည်တော်သို့ သတင်းပို့ခိုင်းပြီး ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု သတင်းအရင်းအမြစ်က ပြောသည်။ “သူ့ PSO ပါတဲ့ ရပ်စောက်မှာမိတဲ့ တရားမဝင်ကုန်တွေ၊ မူးယစ်ဆေးဝါးတွေ၊ ကျောက်စိမ်းကိစ္စတွေကို PSO က ဝန်ခံတယ်။ အဲအပေါ်မှာ တိုင်းမှူးကိုဖမ်းတာပဲ။ သူ့အစား DSA 40 က တစ်ယောက်ကိုခန့်တယ်”ဟု ၎င်းကပြောသည်။ ယခုဖမ်းခံရသည့် နိုင်ဇော်ဦးအစား DSA 40 ဆင်း တမခ – ၈၈ မကွေးမှ ဗိုလ်မှူးချုပ်

မဲခေါင်၊ အောက်တိုဘာ ၂၄

တရားမဝင်ကုန်စည်ကိစ္စများဖြင့် နံမည်ထွက်နေသူ ရှမ်းပြည်တောင်ကြီးအခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်နိုင်ဇော်ဦးကို နေပြည်တော်၌ ဖမ်းဆီးချုပ်နှောင်ထားပြီး စစ်​ဆေးနေကြောင်း ခိုင်လုံသည့် သတင်းအရင်းအမြစ်များက မဲခေါင်သို့ အတည်ပြုပြောဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာ၂၁ရက်က နေပြည်တော်သို့ သတင်းပို့ခိုင်းပြီး ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု သတင်းအရင်းအမြစ်က ပြောသည်။

“သူ့ PSO ပါတဲ့ ရပ်စောက်မှာမိတဲ့ တရားမဝင်ကုန်တွေ၊ မူးယစ်ဆေးဝါးတွေ၊ ကျောက်စိမ်းကိစ္စတွေကို PSO က ဝန်ခံတယ်။ အဲအပေါ်မှာ တိုင်းမှူးကိုဖမ်းတာပဲ။ သူ့အစား DSA 40 က တစ်ယောက်ကိုခန့်တယ်”ဟု ၎င်းကပြောသည်။

ယခုဖမ်းခံရသည့် နိုင်ဇော်ဦးအစား DSA 40 ဆင်း တမခ – ၈၈ မကွေးမှ ဗိုလ်မှူးချုပ် ကျော်နိုင်ဦးကို ခန့်ထားလိုက်ကြောင်း CDM ဗိုလ်ကြီးဇင်ယော်ထံမှ သိရသည်။

ဖမ်းဆီးခံရသည့် တိုင်းမှူး နိုင်ဇော်ဦးမှာ အလုပ်သင်ဗိုလ် (တေဇ)OTC 25 ဆင်းဖြစ်ပြီး ဗထူး ဗိုလ်သင် တန်းကျောင်းအုပ်ကြီးမှ ပြီးခဲ့သည့် သြဂုတ်လကမှ ရပခတိုင်းမှူး ဖြစ်လာသူဖြစ်သည်။

၎င်းသည် တိုင်းမှူး မဖြစ်ခင် ဗထူးတပ်နယ်တာဝန်ယူရစဥ်ကတည်းက PSO ဗိုလ်ကြီးရဲသူအောင်ကို တရားမဝင်ကုန်စည်များကိစ္စ ခိုင်းစေခဲ့သလို တိုင်းမှူးဘဝတွင်လည်း ရပ်စောက်ဘက်မှ တရားမဝင်ကောက်ခံရရှိသည့် လိုင်းကြေးများကို ဂါရဝကြေးအဖြစ် ရယူနေခဲ့သည်ဟု သတင်းအရင်းအမြစ်က ဆိုသည်။

၎င်းအပြင် ဒုချုပ်စိုးဝင်း၏ လူဖြစ်သည့် ဟိုပုံးတပ်မတော် ကွန်ပျူတာနှင့်နည်းပညာသိပ္ပံ ကျောင်းအုပ် ဗိုလ်မှူးချုပ်သန့်ထင်စိုးက တရားမဝင်သစ်များသယ်ယူမှု နယ်ကျော်ဖမ်းသည့်ကိစ္စတွင် တိုင်းမှူး၏အကူအညီမပေးသည့်အပေါ် ဒုချုပ်သို့တိုင်ကြားသည့်ကိစ္စလည်း အဖမ်းခံရသည့် အကြောင်း အချက်တစ်ခုဟု အရင်းအမြစ်က ပြောသည်။

“သန့်ထင်စိုးက ရပခနဲ့ ရလခ နယ်ခြားအနီး ဆိုက်ခေါင်၊ ပွန်ချောင်းရလခနယ်ထဲ အထိဝင်ပြီး သစ်မှောင်ခိုတွေ၊ ယိုးဒယားကုန်တွေကို ကိုယ်တိုင်ဆင်းဖမ်းတယ်။ အဲဒီမှာ PNO နဲ့ပြဿနာတက်တော့ PNO က စနိုက်ပါနဲ့ ထောက်ပြီး ပစ်မယ်ခတ်မယ်ဖြစ်တယ်။ အဲဒါကို ရလခနဲ့ ရပခ တိုင်းမှူးနှစ်ယောက်က သန့်ထင်စိုးကို ဆွဲထုတ်ရတယ်။ ဒါကို သန့်ထင်စိုးက အဲလို ပြန်ဖမ်းဖို့ ပြန်ထွက်ဖို့ တိုင်းမှူးဆီ အင်အားအကူအညီတောင်းတာ ရပခတိုင်းမှူးက မလုပ်ပေးဘူး။ အဲတာကို သူ့ဆရာ ဒုချုပ် လက်ဖက်ခြောက် စိုးဝင်းကို လှမ်းတိုင်တာ” ဟု သတင်းအရင်းအမြစ် တစ်ဦးက ပြောသည်။​

စစ်တပ်အတွင်း တပ်မှူးကြီးများအဆင့်တွင် ယခုလိုဖြစ်စဥ်များကို ဇတ်တူသားစားခြင်း Dog Eats Dog World ဟု သုံးနှုန်းပြီး လက်သင့်ရာစားတော်ခေါ်၊ ဆရာတပည့်ဂိုဏ်းဖွဲ့၍ တစ်ဖွဲ့နှင့်တစ်ဖွဲ့ နှိပ်ကွပ်နေခြင်းများ ပြုလုပ်နေသည့်အတွက် စစ်တပ်ပြိုဆင်းနေပြီဟု စစ်တပ်အငြိမ်းစားအရာရှိကြီးတစ်ဦးက မဲခေါင်သို့ ပြောသည်။

ဗိုလ်မှူးချုပ်သန့်ထင်စိုးမှာ DSA 41 ဆင်းဖြစ်ပြီး ၎င်းမှာ လားရှိုးမြို့သိမ်းတိုက်ပွဲတွင် MNDAA ၏ စစ်သုံ့ပန်းအဖြစ် ရမခ တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်၊ အမှတ် ၁ စကခမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးတို့နှင့်အတူ ဖမ်းဆီးခံခဲ့ရပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ဟိုပုံး နည်းပညာကျောင်းအုပ်အဖြစ် ပြန်လည်ခန့်ထားခံရသူ ဖြစ်ကြောင်းစုံစမ်းသိရသည်။

Updated – 11:30 am, Oct 24
[မူလသတင်းတွင် “ဖမ်းခံရသည့် နိုင်ဇော်ဦးနေရာ၌ ပြင်ဦးလွင် စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် စိုးမြတ်ထွဋ် DSA 40 ကိုခန့်ထားကြောင်း” ဖော်ပြချက်အစား “ယခုဖမ်းခံရသည့် နိုင်ဇော်ဦးအစား DSA 40 ဆင်း တမခ – ၈၈ မကွေးမှ ဗိုလ်မှူးချုပ် ကျော်နိုင်ဦးကို ခန့်ထားလိုက်ကြောင်း” ဖော်ပြချက်ဖြင့် ပြန်လည်ပြင်ဆင်ထားပါသည်]

#MeKongNews
#ရပခ
#နိုင်ဇော်ဦး
#တရားမဝင်ကုန်စည်
#ဗိုလ်မှူးချုပ်သန့်ထင်စိုး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now