နေ့စဥ်သတင်း

မန္တလေး-လားရှိုး လမ်းပွင့်သော်လည်း ငွေတောင်းသည့် စစ်တပ်ဂိတ်များသဖြင့် ယာဉ်စီးခ ဈေးမကျ

မဲခေါင် 21 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၂၁ စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့် နောင်ချို-ကျောက်မဲ-သီပေါ ​မြို့များကိုဖြတ်သန်းသည့် ပြည်ထောင်စုလမ်းမကြီးမန္တလေး-လားရှိုး ကုန်သွယ်သွားလာမှုလမ်းကြောင်း ပုံမှန်သွားလာ နိုင်ပြီဖြစ်သော်လည်း လမ်းကြေးဂိတ်များ ပိုမိုများလာသည့်အတွက် ယာဥ်စီးခများ မသက်သာပဲရှိနေကြောင်း ခရီးသည်နှင့် ယာဥ်မောင်းများထံက သိရသည်။ မန္တလေးမှ လားရှိုး ယာဥ်စီးခ ယခင် ကျပ် ၂ သိန်းခွဲမှာ ယခုလမ်းကြောပွင့်လာသော်လည်း လမ်းတွင်ငွေတောင်းသည့် ဂိတ်များ ပိုများလာခြင်းကြောင့် ယာဥ်စီးခများ စျေးမကျဖြစ်နေကြောင်း ယာဉ်မောင်းတစ်ဦးက ပြောသည်။ “ကားခလျော့ပေးဖို့လုပ်တယ်။ ဒါပေမယ့် လမ်းစစ်တပ်ဂိတ်တွေက တောင်းတာရက်စက်တယ်။ သူတို့တောင်းပုံနဲ့ ကားခ ဘယ်လိုမှ မကျနိုင်ဘူး” ဟု ၎င်းက ဆိုသည်။ ၎င်း၏ လမ်းတစ်လျှောက်ပေးရသည့် ငွေကြေးစာရင်းတွင် မန္တလေးမှ ပြင်ဦးလွင် ၁၆

မဲခေါင်၊ အောက်တိုဘာ ၂၁

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့် နောင်ချို-ကျောက်မဲ-သီပေါ ​မြို့များကိုဖြတ်သန်းသည့် ပြည်ထောင်စုလမ်းမကြီးမန္တလေး-လားရှိုး ကုန်သွယ်သွားလာမှုလမ်းကြောင်း ပုံမှန်သွားလာ နိုင်ပြီဖြစ်သော်လည်း လမ်းကြေးဂိတ်များ ပိုမိုများလာသည့်အတွက် ယာဥ်စီးခများ မသက်သာပဲရှိနေကြောင်း ခရီးသည်နှင့် ယာဥ်မောင်းများထံက သိရသည်။

မန္တလေးမှ လားရှိုး ယာဥ်စီးခ ယခင် ကျပ် ၂ သိန်းခွဲမှာ ယခုလမ်းကြောပွင့်လာသော်လည်း လမ်းတွင်ငွေတောင်းသည့် ဂိတ်များ ပိုများလာခြင်းကြောင့် ယာဥ်စီးခများ စျေးမကျဖြစ်နေကြောင်း ယာဉ်မောင်းတစ်ဦးက ပြောသည်။

“ကားခလျော့ပေးဖို့လုပ်တယ်။ ဒါပေမယ့် လမ်းစစ်တပ်ဂိတ်တွေက တောင်းတာရက်စက်တယ်။ သူတို့တောင်းပုံနဲ့ ကားခ ဘယ်လိုမှ မကျနိုင်ဘူး” ဟု ၎င်းက ဆိုသည်။

၎င်း၏ လမ်းတစ်လျှောက်ပေးရသည့် ငွေကြေးစာရင်းတွင် မန္တလေးမှ ပြင်ဦးလွင် ၁၆ မိုင် – ၅ ဂိတ်၊ ဇီးပင်ကြီး-တစ်ဂိတ်၊ ပြင်ဦးလွင် အထွက် -၂ ဂိတ်၊ မြိုင်ကြီး – တစ်ဂိတ်၊ ဝက်ဝံ- ၃ ဂိတ်၊ ခြေမြစ်ပင်-၂ ဂိတ်၊ လွန်းကျော်-တစ်ဂိတ်၊ ဘန့်ဘွေး-တစ်ဂိတ်၊ နောင်ချိုအဝင်- ၂ ဂိတ်၊ နောင်ချို အထွက်-၂ ဂိတ်၊ ဂုတ်တွင်း-ဂိတ်များစွာနှင့် နောင်ပိန်-၂ ဂိတ်၊ ကျောက်မဲအဝင်-တစ်ဂိတ်၊ ကျောက်မဲ-သီ​ပေါကြား ၄ ဂိတ် စုစုပေါင်း ၂၇ ဂိတ်နှင့် အထက်ရှိနေကာ ယင်းဂိတ်များတွင် ဂိတ်တစ်ဂိတ်လျင် ကျပ် တစ်သောင်းခွဲနှုန်းပေးရရာ ကျပ် ၄ သိန်း ၁ သောင်း ကုန်ကျရသည်ဟု ဆိုသည်။

“ဒါတောင် လူစီးသီးသန့်ကားရဲ့လမ်းကြေးနော်။ ဒီအထဲမှာ ခရီးသည်တစ်ယောက်ကို တစ်သောင်းဆိုပြီး ဂိတ်ကြေးဖြတ်တဲ့ စားရိတ်တွေမပါသေးဘူး” ဟု ယာဉ်မောင်းကဆိုသည်။

သီပေါကျော်သည်နှင့် ကိုးကန့်တပ်ဖွဲ့များကလည်း အထူးဒေသ-၁ ဆိုသည့် ပြေစာများနှင့် တစ်ဂိတ်လျင် ကျပ် ၅ဝဝဝ တန် ၂ ဂိတ်၊ လားရှိုးအဝင် လုံခြုံရေးယူထားသူများအား ကျပ်တစ်သောင်း၊ လမ်းကြိုကြား ကြိုကြား လက်တားများအား ကျပ်တစ်သောင်း၊ ပေါင်း ကျပ် ၃ သောင်းပေးရရာ သီပေါ အထိ ကျပ် ၄ သိန်း ၁ သောင်းနှင့် သီပေါအကျော် ကျပ် ၃ သောင်း၊ လမ်းကြေးအားလုံး ကျပ် ၄ သိန်းခွဲခန့် ရှိကြောင်း ခရီးသည်တင်ယာဉ်မောင်းများထံမှ သိရသည်။

“အတက် တစ်ခြမ်းဆီဖိုးက ၂ သိန်းခွဲထား၊ အတက်မှာ လူစီးသီးသန့် ကားတစီးရဲ့ ကုန်ကျစားရိတ်က ၇ သိန်းအောက်ထစ်၊ ခရီးသည် ၄ ယောက်ကို တစ်ယောက် ၂ သိန်းခွဲ ရောင်းရင်တောင် ၁ဝ သိန်းရတဲ့အထဲက ကားမထွက်ခင် တရားဝင်ကားဂိတ်က ဘော်ဒါကြေး၊ဂိတ်ကြေး အကုန်နှုတ်ရင် လူ ၄ ယောက် ဘော်ဒါကြေး ၂ သိန်း ဂိတ်ကြေးဘာညာနဲ့ ၃ သိန်းနှုတ်သွားရင် ကားဆရာက ၇ သိန်းပဲရတော့ လမ်းမှာ ၇ သိန်းသုံးပြီး လားရှိုးရောက်တော့ ကားဆရာအတွက် ကျန်တာဆိုလို့ ကားနာတာနဲ့ ပင်ပမ်းတာပဲ အဖတ်တင်ကျန်တယ်” ဟု ​ခရီးသည်တင် ယာဉ်မောင်းတစ်ဦးက ရှင်းပြသည်။

အပြန် လူမရသည့် အခါ ကျန်ငွေ မရှိဘဲ စိုက်ငွေသာ ရှိသည့် အခေါက်မျိုးလည်းရှိနေပြီး အပြန် ခရီးသည်ရမှသာ ကားသမားအတွက် အဆင်ပြေကြောင်း ယာဉ်ပြေးဆွဲနေရသည့် အခြေအနေကို ၎င်းက ရှင်းပြသည်။

လမ်းမကြီးမပွင့်ခင်က မန္တလေးမှလားရှိုးသို့ သွားရာတွင် ရှမ်းတောင်မှ နမ့်လန်လမ်း၊ မိုင်းရယ်လမ်းတို့မှ ပတ်သွားရသည့်အတွက် ကားခမှာ ကျပ် ၂ သိန်းခွဲရှိခဲ့ရာ ယခုအခါ လမ်းပွင့်ပြီး ပတ်မသွားရသော်လည်း ငွေတောင်းသည့် ဂိတ်များပြားနေသည့်အတွက် ငွေကြေးကုန်ကျစရိတ် ထူးခြားစွာ သက်သာခြင်း မရှိပေ။

ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့ကို စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် အောက်တိုဘာလ ၁၈ ရက်နေ့ကစ၍ လားရှိုး – သီပေါ – မန္တလေး ပြည်ထောင်စုလမ်းမကြီး ပြန်ပွင့်သွားခဲ့ရာ ကုန်တင်တွဲကားများကလွဲပြီး ကားလေးများ ပုံမှန် ပြန်လည် သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

#MeKongNews
#လားရှိုး
#မန္တလေး
#ခရီးသွား
#စစ်ဆေးရေးဂိတ်
#ငွေတောင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now