နေ့စဥ်သတင်း

ကျောက်မဲနှင့် နမ့်ဆန်တွင် စစ်တပ်ဗုံးကြဲမှုကြောင့် ကလေးငယ် တစ်ဦးနှင့် သံဃာတစ်ပါး အပါအဝင် ပြည်သူ ၇ ဦး သေဆုံး

မဲခေါင် 20 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၂၀ စစ်တပ်က ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်နှင့် နမ့်ဆန်မြို့နယ်တို့တွင် အောက်တိုဘာလ ၁၈ရက် ညပိုင်းက လေယာဥ်နှင့် ဗုံးကြဲရာ ကလေးငယ်တစ်ဦးနှင့် သံဃာတစ်ပါး အပါအဝင် ပြည်သူ ၇ ဦးသေဆုံးကြောင်း ဒေသပြည်သူများထံမှ စုံစမ်းသိရှိရသည်။ အောက်တိုဘာ ၁၈ရက်နေ့ည ၈ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် TNLA ထိန်းချုပ်ထားသည့် နမ့်ဆန်မြို့နယ်၊ ကွမ်ဟယ်ကျေးရွာသို့ စစ်တပ်ကလေယာဉ်ဖြင့် ကျေးရွာ အလယ် လူနေအိမ်များပေါ်သို့ ဗုံးကြဲချခဲ့ရာ ဗုံးပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦး အပါအဝင် ပြည်သူ ၆ ဦးသေဆုံးခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ ၈ ဦးနှင့် အိမ်၁၀လုံးကျော်ပျက်စီးကြောင်း ဒေသခံများထံက သိရှိရသည်။ “ရွာလယ်က လက်ဖက်ခြောက် အခြောက်ခံစက်ရုံနားကိုကျတာ”ဟု

မဲခေါင်၊ အောက်တိုဘာ ၂၀

စစ်တပ်က ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်နှင့် နမ့်ဆန်မြို့နယ်တို့တွင် အောက်တိုဘာလ ၁၈ရက် ညပိုင်းက လေယာဥ်နှင့် ဗုံးကြဲရာ ကလေးငယ်တစ်ဦးနှင့် သံဃာတစ်ပါး အပါအဝင် ပြည်သူ ၇ ဦးသေဆုံးကြောင်း ဒေသပြည်သူများထံမှ စုံစမ်းသိရှိရသည်။

အောက်တိုဘာ ၁၈ရက်နေ့ည ၈ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် TNLA ထိန်းချုပ်ထားသည့် နမ့်ဆန်မြို့နယ်၊ ကွမ်ဟယ်ကျေးရွာသို့ စစ်တပ်ကလေယာဉ်ဖြင့် ကျေးရွာ အလယ် လူနေအိမ်များပေါ်သို့ ဗုံးကြဲချခဲ့ရာ ဗုံးပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦး အပါအဝင် ပြည်သူ ၆ ဦးသေဆုံးခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ ၈ ဦးနှင့် အိမ်၁၀လုံးကျော်ပျက်စီးကြောင်း ဒေသခံများထံက သိရှိရသည်။

“ရွာလယ်က လက်ဖက်ခြောက် အခြောက်ခံစက်ရုံနားကိုကျတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

အလားတူ အောက်တိုဘာလ ၁၈ရက် ညပိုင်း ၈ နာရီ ၄၀ မိနစ်ဝန်းကျင်တွင် စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နယ်၊ မိုင်းငေါ့၊ နမ့်မန်ကျေးရွာဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးကြဲချခဲ့ရာ သံဃာတော်တစ်ပါး ထိခိုက် ပျံလွန်တော်မူသွားပြီး ဘုန်းကြီးကျောင်းမှာလည်း ပျက်စီးသွားကြောင်း သိရှိရသည်။

“ဆရာတော်က ဒဏ်ရာပြင်းထန်လို့ ဆေးကုဖို့လုပ်တုန်း ပျံလွန်တာလို့သိရတယ်”ဟု ကျောက်မဲမြို့ ၈ ရပ်ကွက်နေသူတစ်ဦးက မဲခေါင်သို့ပြောသည်။

စစ်ကောင်စီသည် နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့တို့ကို TNLA လက်မှ ပြန်လည်ထိန်းချုပ်နိုင်သည်ဆိုသော်လည်း မြို့နယ်ဧရိယာများအတွင်း လေယာဥ်ဖြင့် အများပြည်သူနေအိမ်များ၊ သံဃိက အဆောက်အဦများကို ဗုံးကြဲတိုက်နေဆဲဖြစ်သည်။

သီပေါမြို့နယ်အတွင်း မြေပြင်စစ်ကြောင်းများက နမ္မတူမြို့ဘက်သို့ ဆက်လက်ထိုးစစ်ဆင်နေပြီး ယခင် ခလ၂၃ ရှိသည့်နေရာသို့ အောက်တိုဘာလ ၁၈ရက်ညနေပိုင်းက စစ်ကောင်စီတပ်များရောက်ရှိနေသည်ဟု မြေပြင်သတင်းများအရ သိရသည်။

စစ်ကောင်စီက ရှမ်းပြည်မြောက်ပိုင်းဏှိ ၎င်းလက်လွှတ်ဆုံးရှုံးခဲ့ရသည့် နယ်မြေများကို ပြန်လည်သိမ်းပိုက်ရေး ထိုးစစ်ဆင်များ ဆင်နွှဲနေပြီးနောက် ပြည်သူများနေထိုင်သည့် ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်နေသဖြင့်ပြည်သူများ ထိခိုက်သေဆုံးမှုများ တောက်လျှောက်ဆိုသလိုဖြစ်ပွားလျက်ရှိကြောင်း TNLA ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

#MeKongNews
#စစ်ကောင်စီ
#ဗုံးကြဲ
#ကျောက်မဲ
#နမ့်ဆန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now