နေ့စဥ်သတင်း

တောင်ကြီးတွင် လူသေလောင်းကိစ္စ ကားဖြင့်တိုက်ပြီးချိတ်ပါလာရာမှ သေဆုံးခြင်းဖြစ်ပြီး တရားခံကိုဖမ်းမိပြီဟုဆို

မဲခေါင် 18 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၁၈ တောင်ကြီးမြို့၊ မြို့မရပ်ကွက်တွင် ဒဏ်ရာများနှင့် အမျိုးသားအလောင်းမှာ စွန့်ပစ်ခံရခြင်းမဟုတ်ဘဲ ကားတိုက်ပြီးချိတ်ပါလာခြင်းဖြစ်ပြီး တရားခံကိုလည်း ဖမ်းမိပြီဖြစ်ကြောင်း ရဲစခန်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်ကပြောသည်။ အောက်တိုဘာ ၁၆ ရက်နေ့ ည ၁၁ နာရီခွဲအချိန်ခန့်က တောင်ကြီးမြို့၊ မြို့မရပ်၊ စဝ်စံထွန်းလမ်း၊ မေမြို့လက်ဖက်ရည်ဆိုင်အနီးတွင် တွေ့ခဲ့သည့် အမျိုးသားအလောင်းအား ကားနှင့်တိုက်သွားသူကို ယမန်နေ့ ၁၇ ရက် ညနေပိုင်းတွင် တောင်ကြီးမြို့နယ်၊ အမှတ်(၁) ရဲစခန်းမှ ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ရဲများရရှိထားသော CCTV မှတ်တမ်းအရ ထိုဖြစ်စဥ်မှာ လူပြောများနေသကဲ့သို့ အလောင်းစွန့်ပစ်မှုမဟုတ်ဘဲ ယာဥ်မတော်တဆမှုသာဖြစ်သည်ဟု ရဲစခန်းနှင့် နီးစပ်သော သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။ “မနေ့က(အောက်တိုဘာ ၁၆ ရက်)

မဲခေါင်၊ အောက်တိုဘာ ၁၈

တောင်ကြီးမြို့၊ မြို့မရပ်ကွက်တွင် ဒဏ်ရာများနှင့် အမျိုးသားအလောင်းမှာ စွန့်ပစ်ခံရခြင်းမဟုတ်ဘဲ ကားတိုက်ပြီးချိတ်ပါလာခြင်းဖြစ်ပြီး တရားခံကိုလည်း ဖမ်းမိပြီဖြစ်ကြောင်း ရဲစခန်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်ကပြောသည်။

အောက်တိုဘာ ၁၆ ရက်နေ့ ည ၁၁ နာရီခွဲအချိန်ခန့်က တောင်ကြီးမြို့၊ မြို့မရပ်၊ စဝ်စံထွန်းလမ်း၊ မေမြို့လက်ဖက်ရည်ဆိုင်အနီးတွင် တွေ့ခဲ့သည့် အမျိုးသားအလောင်းအား ကားနှင့်တိုက်သွားသူကို ယမန်နေ့ ၁၇ ရက် ညနေပိုင်းတွင် တောင်ကြီးမြို့နယ်၊ အမှတ်(၁) ရဲစခန်းမှ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ရဲများရရှိထားသော CCTV မှတ်တမ်းအရ ထိုဖြစ်စဥ်မှာ လူပြောများနေသကဲ့သို့ အလောင်းစွန့်ပစ်မှုမဟုတ်ဘဲ ယာဥ်မတော်တဆမှုသာဖြစ်သည်ဟု ရဲစခန်းနှင့် နီးစပ်သော သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

“မနေ့က(အောက်တိုဘာ ၁၆ ရက်) ည ၈ နာရီကျော်လောက်မှာ စူဠာမုဏိဘုရားဘက်ကိုသွားတယ်။ ၉ နာရီအချိန်လောက်မှာ ဘုရားကနေပြန်လာတယ်။ ဘုရားအဆင်း ဗိုလ်ချုပ်လမ်းအရောက်မှာ Slowdown တစ်ခုရှိတယ်၊ အဲ့ Slowdown ကိုရောက်တဲ့အချိန် လမ်းဘေးမှာ အိပ်ပျော်နေတဲ့သူကို တိုက်မိတာ တရွတ်တိုက်ဆွဲပါလာပြီးတော့ မြို့မရပ်၊ စဝ်စံထွန်းလမ်းမှာ ကားကိုကွေ့လိုက်တဲ့အချိန်မှာ ကားအောက်ပါလာတဲ့ အမျိုးသားအလောင်းက ပြုတ်ကျသွားတာ။ ရဲက အောက်တိုဘာ ၁၇ ရက်မှာ ဖမ်းပြီးတော့ သူကလည်း တိုက်မိခဲ့ကြောင်း ဝန်ခံတယ်” ဟု ၎င်းက ပြောပြသည်။

သေဆုံးသူသည် လမ်းဘေးတွင် အိပ်ပျော်နေသည့် အသက် ၃၀ ခန့် အိမ်ခြေယာမဲ့ အမျိုးသားတစ်ဦးဖြစ်ပြီး ကားဖြင့် တိုက်ခံရပြီးနောက် ပုဆိုးဖြင့်ကားအောက်တွင် တရွတ်တိုက် ချိတ်ပါသွားခြင်းဖြစ်ကြောင်း သိရသည်။

ကားမောင်းသူသည် ၎င်းနေထိုင်ရာအိမ်သို့ ရောက်ခါနီး ကားကွေ့လိုက်သည့်အခါမှ လူတစ်ဦးချိတ်ပါလာသည်ကိုသိပြီး တိုက်မိသူကိုလည်း ဒီတိုင်းထားခဲ့ပြီးနောက် ကားကို ကံကြီးရပ်ကွက်၊ ရွှေတောင်ကြားလမ်းရှိ အသိမိတ်ဆွေအိမ်တွင် သွားထားခဲ့သေးကြောင်းသိရသည်။ ယမန်နေ့ အောက်တိုဘာ ၁၇ရက် ညနေ ၅နာရီကျော်ခန့်တွင် အမှတ်(၁)စခန်းမှ ရဲများက CCTV မှတ်တမ်းပါ ကားနံပါတ််မှတဆင့် တရားခံအားဖမ်းမိခဲ့ကြောင်း သိရသည်။

တရားခံမှာ ကျောက်မဲမြို့မှ စစ်ရှောင်လာပြီး အမှတ် ၁၃၄၊ စဝ်စံထွန်းလမ်း၊ မြို့မရပ်တွင်နေထိုင်ကာ ဆံပင်ညှပ်လုပ်ငန်း လုပ်ကိုင်သူ ကိုစိုင်းဆေးဟန် ဖြစ်ကြောင်း သိရသည်။

၎င်းသည် အဖြူရောင် Honda Fit GK3 အမျိုးအစားယာဥ်ဖြင့် မောင်းနှင်လာစဥ် လမ်းဘေးတွင် အိပ်ပျော်နေသူအား တိုက်မိသည်ကို မသိဘဲဲ ဆက်မောင်းလာမိခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသူများ ကားရှေ့တွင် ခြေထောက်တန်းလန်းထွက်ကာ လမ်းတလျှောက် တရွတ်တိုက်ပါလာသည်ကို မဲခေါင်မှရရှိထားသော CCTV မှတ်တမ်း ဓာတ်ပုံအရတွေ့ရသည်၊။

ထိုအခင်းဖြစ်ရာ ဗိုလ်ချုပ်လမ်းနှင့် စဝ်စံထွန်းလမ်းတလျှောက်တွင် CCTV ကင်မရာ ၁၀ လုံးခန့်ရှိသော်လည်း ၇လုံးပျက်ကာ ၃လုံးသာ အလုပ်လုပ်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။

#MeKongNews
#တောင်ကြီး
#အလောင်းပစ်
#ကားတိုက်မှု
#အိမ်ခြေမဲ့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now