နေ့စဥ်သတင်း

လားရှိုးမြို့မှ ဖမ်းဆီးလာသည့် စစ်သုံ့ပန်း ၄၅ ဦးကို MNDAA စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်း

မဲခေါင် 16 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၁၅ လားရှိုးမြို့အား MNDAA အဖွဲ့ သိမ်းပိုက်စဥ်က ဖမ်းဆီးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၉ ဦး နှင့် ရဲတပ်ဖွဲ့ဝင် ၆ ဦး ကို MNDAA အဖွဲ့က ယမန်နေ့ အောက်တိုဘာလ ၁၄ ရက် ၌ စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း စစ်ရေးသတင်းအရင်းအမြစ်ထံမှ သိရသည်။ ယင်းစစ်ကောင်စီသုံ့ပန်းများတွင် အရာရှိ ဗိုလ်မှူးအဆင့် ၃ဦးနှင့် အခြားအဆင့်တွင် အရာခံ/အကြပ်ကြီး ၁၁ဦး၊ တက/ ဒုတက ၈ဦး၊ တပ်သား ၉ ဦး၊ တပ်သားသစ် ၆ ဦး စုစုပေါင်း ၃၇ ဦး ဖြစ်ကြောင်း သိရသည်။ အခြားသုံပန်းများမှာ ရဲအဖွဲ့ဝင်

မဲခေါင်၊ အောက်တိုဘာ ၁၅

လားရှိုးမြို့အား MNDAA အဖွဲ့ သိမ်းပိုက်စဥ်က ဖမ်းဆီးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၉ ဦး နှင့် ရဲတပ်ဖွဲ့ဝင် ၆ ဦး ကို MNDAA အဖွဲ့က ယမန်နေ့ အောက်တိုဘာလ ၁၄ ရက် ၌ စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း စစ်ရေးသတင်းအရင်းအမြစ်ထံမှ သိရသည်။

ယင်းစစ်ကောင်စီသုံ့ပန်းများတွင် အရာရှိ ဗိုလ်မှူးအဆင့် ၃ဦးနှင့် အခြားအဆင့်တွင် အရာခံ/အကြပ်ကြီး ၁၁ဦး၊ တက/ ဒုတက ၈ဦး၊ တပ်သား ၉ ဦး၊ တပ်သားသစ် ၆ ဦး စုစုပေါင်း ၃၇ ဦး ဖြစ်ကြောင်း သိရသည်။

အခြားသုံပန်းများမှာ ရဲအဖွဲ့ဝင် ၆ ဦးနှင့် စစ်မှုထမ်းဟောင်း ၂ ဦးတို့ဖြစ်ကြောင်း သိရသည်။

စစ်သုံ့ပန်းများမှာ အရာရှိအဆင့် ဗိုလ်မှူး ကျော်ဇေယျ (ခလရ ၂၇၇ / စကခ ၁၄)၊ ဗိုလ်မှူး မြင့်ဇော်ဦး (ထပရ ၇၂၇ / မပခ)၊ ဗိုလ်မှူး အောင်မြင့်ထူး (ဆသရ ၁ ခွဲ / စကခ ၁)၊ အရာခံ/ အကြပ်ကြီးအဆင့်တွင် အရာခံဗိုလ် အောင်မြင့် (ထပရ ၆၂၆ / ရမခ)၊ ဒုတိယ အရာခံဗိုလ် ကျော်ကျော် (တစသ ၄ / ရမခ)၊ ဒုတိယ အရာခံဗိုလ် ကျော်အေး (စခတ ၁၁)၊ တပ်ကြပ်ကြီး စာရေး အောင်မြင့်ခိုင် (တဆရ ၉/၁၀၀)၊ တပ်ကြပ်ကြီး စာရေး ဝင်းထွဋ်ဦး (ဝတရ ၁ / ရမခ)၊ တပ်ကြပ်ကြီး မင်းဇော်ထွန်း (ထပရ ၉၆၉ / ရမခ)၊ တပ်ကြပ်ကြီး ကျော်ကျော် (ခမရ ၃၁၁ / စခတ ၁၈)၊ တပ်ကြပ်ကြီး အောင်မင်း (ခမရ ၃၂၃ / တမဟ ၁၆)၊ တပ်ကြပ်ကြီး တင်ဦး (ခလရ ၄၉ / စကခ ၁၄)၊ တပ်ကြပ်ကြီး ကြာနေအောင် (ခလရ ၃၃) နှင့် တပ်ကြပ်ကြီး ဆန်းလင်း (ခမရ ၅၀၇) တို့ဖြစ်သည်။

တပ်ကြပ်နှင့် ဒုတပ်ကြပ်အဆင့်တွင် (ခမရ ၅၀၇) ၊ တပ်ကြပ် တင်မောင်အေး (ခမရ ၅၀၅ / စကခ ၁)၊ တပ်ကြပ် ကျော်ဝင်းထွန်း (ခမရ ၄၁၇ / တမဟ ၉၉)၊ တပ်ကြပ် ဗိုလ်ယု (ဆသရ ခွဲ ၁၄ / စကခ ၁၄)၊ တပ်ကြပ် ထွန်းအေး (တခရ ၃)၊ ဒုတိယ တပ်ကြပ် ပိုင်စိုးဦး (ခမရ ၃၂၃ / ရမခ)၊ ဒုတိယ တပ်ကြပ် ဇော်မြင့် (စခတ ၁၁)၊ ဒုတိယ တပ်ကြပ် သန်းဝင်းအောင် (စအရ ၉၁၂)၊ ဒုတိယ တပ်ကြပ် အောင်ဟန် (အဆရ ၇) တို့ ဖြစ်သည်။

တပ်သားအဆင့်တွင် တပ်သား မြင့်ကြည် (စနခ ၂၄၂)၊ တပ်သား ခေါင်ထောင်း (ခလရ ၆၈)၊ တပ်သား ကျော်ဦး (ဝတရ ၁ / ရမခ)၊ တပ်သား သန့်ဇော်ဦး (ခမရ ၁၇ / စကခ ၁)၊ တပ်သား ဇော်နိုင်ဝင်း (တထပ ၂)၊ တပ်သား အန်ပခရာဆို (ခမရ ၃၁၁ / စကခ ၁၈)၊ တပ်သား ကျော်သက် (ခလရ ၂၃)၊ တပ်သား ညီညီလင်းမောင် (စခတ ၁၁)၊ တပ်သား တင်ဇေယျာထွန်း (ခလရ ၃) တို့ ဖြစ်သည်။

သင်တန်းတက်ဆဲ တပ်သားသစ်များတွင် တပ်သားသစ် ကျော်ဇင်လတ် (စခတ ၁၁ / ရမခ)၊ တပ်သားသစ် မျိုးဝင်းထွန်း (စခတ ၁၁ / ရမခ)၊ တပ်သားသစ် ချန်သန့်ဝေယံဖြိုး (စခတ ၁၁ / ရမခ)၊ တပ်သားသစ် ကောင်းထက်ထွေး (စခတ ၁၁ / ရမခ)၊ တပ်သားသစ် ချစ်ဖူး (စခတ ၁၁ / ရမခ)၊ တပ်သားသစ် သက်ဝေအောင် (စခတ ၁၁ / ရမခ) တို့ ဖြစ်သည်။

ရဲအဖွဲ့ဝင် သုံ့ပန်းများမှာ ရဲတပ်ကြပ်ကြီး လွန်းထန် (အမှတ် ၂ / လားရှိုး)၊ ရဲတပ်ကြပ်ကြီး သက်နိုင် (လေကြောင်းရဲ / လားရှိုး)၊ ရဲတပ်ကြပ်ကြီး ကျော်စိုး (ဒုရပရ / လားရှိုး)၊ ရဲတပ်ကြပ်ကြီး ရွှေထန် (သိန္နီရဲ)၊ ရဲတပ်ကြပ်ကြီး ဇော်ဇော်ချို (သိန္နီရဲ)၊ ရဲတပ်ကြပ် ဝင်းအောင် (ယာဥ်ထိန်း / လားရှိုး) တို့ဖြစ်ပြီး စစ်သားဟောင်းများအနေဖြင့်မူ တပ်ကြပ်ကြီး ဟယ်ထောင် (ခလရ ၄၁ / စစ်မှုထမ်းဟောင်း) နှင့် ဗိုလ်ကြီး ဇော်လွင် (ခလရ ၆၈ / စစ်မှုထမ်းဟောင်း) တို့ဖြစ်ကြောင်း သိရသည်။

၎င်းတို့သည် လားရှိုးမြို့ကို MNDAA အဖွဲ့ တိုက်ခိုက်စဥ်က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ဖမ်းဆီးခံထားရသည်မှ တစ်နှစ်ကျော်အကြာတွင် ပြန်လည်လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။

MNDAA အဖွဲ့က လားရှိုးမြို့ ကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ​ဩဂုတ်လ ၃ ရက် က တိုက်ခိုက်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်တွင် တရုတ်၏ဖိအားကြောင့် စစ်ကောင်စီသို့ ပြန်လည်ပေးအပ်လိုက်ရသည်။

ယနေ့အချိန်အထိ MNDAA က ဖမ်းဆီးရမိထားသည့် စစ်သုံပန်းများ များပြားစွာ ကျန်ရှိနေသေးကြောင်း သတင်းရင်းမြစ်များထံက သိရသည်။

#MeKongNews
#လားရှိုး
#စစ်သုံ့ပန်း
#MNDAA
#စစ်ကောင်စီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now