မဲခေါင်၊ အောက်တိုဘာ ၆
ဆိုင်ကယ်ကို တိုက်မိပြီး မောင်းပြေးသည့်ကားမှ အခြားယာဉ်များကို ဆင့်တိုက်သည့်ဖြစ်စဉ်တွင် ကွယ်လွန်သွားသည့် ၁နှစ် ၄လသား ကလေးငယ် မောင်ကောင်းပြည့်လင်းနှင့် မိခင်ဖြစ်သူ အသက် ၂၁ အရွယ် မအဘူးရာ(ခ)မာရိယာ အသက် (၂၁)နှစ်၏ နာရေးကို ကိုလှမိုးတာချီလိတ်လူမှုကူငယ်ရေးအသင်းမှ ယနေ့ အောက်တိုဘာ ၆ရက်တွင် ကူညီပို့ဆောင်ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အောက်တိုဘာလ ၅ရက် နံနက် ၁၁ နာရီခန့်က တာချီလိတ်မြို့ ရွှေတိဂုံဘုရားလမ်း၌ ဆိုင်ကယ်တစ်စီးကို တိုက်ပြီး မောင်းပြေးလာသည့် Ford Raptor တစ်စီးမှ အခြားယာဉ်များကို ဆက်ကာတိုက်မိသည့် ဖြစ်စဉ်တွင် ကလေးငယ်တစ်ဦးနှင့် မိခင်ဖြစ်သူတို့ သေဆုံးခဲ့ပြီး ၂ဦး စိုးရိမ်ရဒဏ်ရာရကာ တစ်ဦးမှာ ခြေထောက်ကျိုးပြီး တစ်ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့သည်။
ယာဉ်တိုက်မှုတွင် ယာဉ်မောင်းဖြစ်သူ ရှမ်းလူမျိုး အိုက်ကျိုင်းဆိုသူကို ယာဉ်မဆင်မခြင်မောင်းနှင်မှု၊ လူသေစေမှုများဖြင့် တရားစွဲဆိုထားပြီး ဘေးတွင်ပါသည့် ထိုင်းနိုင်ငံသားကို လဝကဥပဒေဖြင့် အရေးယူရန် လုပ်ဆောင်နေကြောင်း သိရသည်။
ဓာတ်ပုံ – ကိုလှမိုးတာချီလိတ်လူမှုကူညီရေးအသင်း
#MeKongNews
#တာချီလိတ်
#လဝက
#ကိုလှမိုး
#ရွှေတိဂုံဘုရားလမ်း








