နေ့စဥ်သတင်း

အင်းလေးတွင် ဖောင်တော်ဦးဘုရား ပင့်ဆောင်စဉ် ဆွဲလှေတစ်စင်းနစ်မြုပ်

မဲခေါင် 26 Sep - 2025
မဲခေါင်၊ စက်တင်ဘာ ၂၆ စစ်ကောင်စီပြုလုပ်သည့် အင်းလေးဖောင်တော်ဦး ဘုရားပွဲအတွင်း ဒေသစာရီကြွချီလျက်ရှိသော ဖောင်တော်ဦးဘုရားအား ပင့်ဆောင်စဉ် ယနေ့ နံနက်ပိုင်းတွင် ဆွဲလှေတစ်စင်း မတော်တဆနစ်မြုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ စက်တင်ဘာ ၂၆ ရက်နေ့ မနက်ပိုင်း ၇ နာရီကျော်ခန့်က အင်းလေးကန်၊ ငါးဖယ်ချောင်းရွာ၊ ငါးဖယ်ချောင်းကျောင်း(ကြောင်ခုန်ကျောင်း)မှ ကြေးစားကုန်းရွာ၊ ကြေးစားကုန်းကျောင်းသို့ ဖောင်တော်ဦးဘုရားပင့်လာရာ အင်းလေးကန်၏ ရေပြင်အကျယ်ဆုံးနေရာတွင် ဘုရားပင့်ရန်လိုက်ပါလာသော လင်းကင်းကျေးရွာအုပ်စု၊ ကံရွာမှ ရွာသား ၅၀ခန့် လှော်ခတ်လာသော ဆွဲလှေတစ်စင်း နစ်မြုပ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ “မြုပ်သွားတဲ့ဆွဲလှေရွာက ကံရွာပါ။ ကြေးစားကုန်းရွာ အရှေ့ဘက်နားမှာ မြုပ်ပါတယ်။ ဒီနေ့ငါးဖယ်ချောင်းရွာမှ ကြေးစားကုန်းရွာကို ဆွဲမဲ့အချိန် ဘုရားမဆွဲခင်လေးမြုပ်တာပါ”

မဲခေါင်၊ စက်တင်ဘာ ၂၆

စစ်ကောင်စီပြုလုပ်သည့် အင်းလေးဖောင်တော်ဦး ဘုရားပွဲအတွင်း ဒေသစာရီကြွချီလျက်ရှိသော ဖောင်တော်ဦးဘုရားအား ပင့်ဆောင်စဉ် ယနေ့ နံနက်ပိုင်းတွင် ဆွဲလှေတစ်စင်း မတော်တဆနစ်မြုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ စက်တင်ဘာ ၂၆ ရက်နေ့ မနက်ပိုင်း ၇ နာရီကျော်ခန့်က အင်းလေးကန်၊ ငါးဖယ်ချောင်းရွာ၊ ငါးဖယ်ချောင်းကျောင်း(ကြောင်ခုန်ကျောင်း)မှ ကြေးစားကုန်းရွာ၊ ကြေးစားကုန်းကျောင်းသို့ ဖောင်တော်ဦးဘုရားပင့်လာရာ အင်းလေးကန်၏ ရေပြင်အကျယ်ဆုံးနေရာတွင် ဘုရားပင့်ရန်လိုက်ပါလာသော လင်းကင်းကျေးရွာအုပ်စု၊ ကံရွာမှ ရွာသား ၅၀ခန့် လှော်ခတ်လာသော ဆွဲလှေတစ်စင်း နစ်မြုပ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“မြုပ်သွားတဲ့ဆွဲလှေရွာက ကံရွာပါ။ ကြေးစားကုန်းရွာ အရှေ့ဘက်နားမှာ မြုပ်ပါတယ်။ ဒီနေ့ငါးဖယ်ချောင်းရွာမှ ကြေးစားကုန်းရွာကို ဆွဲမဲ့အချိန် ဘုရားမဆွဲခင်လေးမြုပ်တာပါ” ဟု မျက်မြင်တွေ့ခဲ့ရသူ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

စက်လှေနစ်မြုပ်မှုကြောင့် ထိခိုက်သေဆုံးသူမရှိကြောင်း မျက်မြင်တွေ့သူများထံမှ သိရသည်။

ယနေ့၌ပင် ကြာတောရွာမှ ဆွဲလှေလည်း ဘုရားပင့်ဆောင်ရန် လှော်ခတ်လာစဉ် လှေဝမ်းပေါက်ပြီး ရေဝင်လာသဖြင့် ပြန်လှည့်ခဲ့ရကြောင်း သိရသည်။

ဖောင်တော်ဦး ဘုရားပွဲစတင်သည့် ၂၂ ရက်နေ့ကလည်း ရွှေအင်းတိမ်စံကျောင်းသို့ ဘုရားပင့်ဆောင်ရန် ရေသာချောင်းအတိုင်း လှော်ခတ်လာသော သာလေးကျေးရွာအုပ်စု၊ ရွာကြီးမြောက်ရွာမှ ဆွဲလှေတစ်စင်းလည်း မတော်တဆဖြစ်ကာ ချောင်းအတွင်း နစ်မြုပ်ခဲ့သေးသည်။ ယင်းနစ်မြုပ်မှုကြောင့်လည်း ထိခိုက်ဒဏ်ရာရသူ၊ သေဆုံးသူများမရှိကြောင်း သိရသည်။

ဖောင်တော်ဦးပွဲတော်ကာလတွင် ဆွဲလှေများလှော်ခတ်စဉ် ရေလှိုင်းမငြိမ်မသက်ဖြစ်ပြီး မတော်တဆ နစ်မြုပ်ခြင်းများ နှစ်စဉ်ဖြစ်လေ့ရှိကြပြီး ၂၀၁၉ခုနှစ်တွင် လူသေဆုံးသည်အထိ ဖြစ်ခဲ့ဖူးကြောင်း ဒေသခံများထံမှ သိရသည်။

ကိုဗစ်ကာလမတိုင်မီ ယခင်နှစ်များက ဆွဲလှေ ၇၀ ခန့် လိုက်ပါလေ့ရှိကြသော်လည်း ယခုနှစ်တွင်မူ ဆွဲလှေ ၃၄ စီးသာ လိုက်ပါနိုင်ကြကြောင်းသိရသည်။

ပြီးခဲ့သည့် နှစ်တွင် အင်းလေးကန်၌ ရေကြီးမှု အဆိုးဆုံးဖြစ်ခဲ့ပြီး ဖော်တော်ဦးဘုရားရင်ပြင်ထိ ရေနစ်မြုပ်ခဲ့တာကြောင့် စစ်ကောင်စီက ဖောင်တော်ဦးဘုရားပွဲအား ကျင်းပနိုင်ခြင်း မရှိခဲ့ပေ။

ယခုနှစ်တွင်မူ ယခင်လပိုင်းခန့်က မိုးများမှုကြောင့် ပုံမှန်ထက်ရေတက်လျက်ရှိကာ မုန်တိုင်းအန္တရာယ်ရှိသော်လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဘုရားပွဲအား မဖြစ်မနေ စက်တင်ဘာလ ၂၂ ရက်မှ အောက်တိုဘာ ၉ ရက်နေ့ထိ ၂၆ ရက်တိုင် ပြုလုပ်ရန် ရှမ်းပြည်နယ် အစိုးရထံ ညွှန်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။

အင်းလေးဒေသခံများကမူ မုန်တိုင်းအန္တရာယ်ကို စိုးရိမ်သော်လည်း ပွဲတော်ရှိပါက စားဝတ်နေရေး အဆင်ပြေစေသောကြောင့်သာ ကျင်းပလိုခြင်းဖြစ်ကြောင်း ဆိုကြသည်။

ဆွဲလှေသည် အင်းလေးဒေသ၏ ရိုးရာပွဲတော်များတွင် ခြေထောက်ဖြင့်လှော်ခတ်သည့် လှေသမား ၅၀ မှ ၁၀၀ခန့် လိုက်ပါနိုင်ရန် ပြုလုပ်ထားသည့် လှေကြီးအမျိုးအစားဖြစ်သည်။

ယခင်ကရိုးရိုးလှေကြီးများကိုသာ သုံးခဲ့သော် နောက်ပိုင်းတွင် စတီးဖရိန်များဖြင့် လက်ကိုင်ရန် လက်တန်းများပါ ထည့်သွင်းပြီး ပြင်ဆင်မွမ်းမံ လာကြသည်။

အင်းလေးကန်ရှိ ရွာတိုင်းနီးပါး ရွာပိုင်ဆွဲလှေတစ်စီးစီရှိပြီး ဖောင်တော်ဦးပွဲတွင် ညောင်ရွှေမြို့မှ အင်းသားများပါ ရပ်ကွက်အလိုက်၊ အဖွဲ့အလိုက် ဆွဲလှေများဖြင့် လှေလှော်ပြိုင်ကြသလို ဘုရားပင့်ဆောင်တတ်ကြသည်။

နန်းမွန်း

#MeKongNews
#အင်းလေး
#ဆွဲလှေ
#ဖော်တော်ဦးဘုရားပွဲ
#ဆွဲလှေမြုပ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်က ရဲအုပ်စိန်အေး တရားခံဧည့်တွေ့ခွင့် တစ်ယောက် ဘတ် ၅၀၀၀ တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၅ တာချီလိတ်မြိုနယ်နှင့် ခရိုင်ရုံးတွင် တာဝန်ကျနေသည့် ရဲအုပ်စိန်အေးသည် တရားရုံ၌ တရားခံဧည့်တွေ့ခွင့်အတွက် တစ်ကြိမ်လျှင် ဘတ် ၅၀၀၀
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး မယ်ဟန်စစ်ဆေးရေးဂိတ်တွင် တပ်ထိန်းက စစ်ဆေးရေးလုပ်ငန်းများအားလုံးကို တစ်ဦးတည်းချယ်လှယ်ကာ ငွေတောင်းလည်းကြမ်းနေ

မဲခေါင်၊ အောက်တိုဘာ ၅ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီ ထိန်းချုပ်ထားသည့် လားရှိုးမြို့၊ မယ်ဟန် မြို့ဝင်၊ မြို့ထွက် စစ်ဆေးရေးဂိတ်တွင် တာဝန်ယူနေသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်ဗျူဟာမှ G2 ညီညီအောင်သွေး စာရင်းဖျောက်ရောင်းစားသည့်ထဲတွင် အွန်လိုင်းဂိမ်းနှင့် ကျားဖြန့်များမှ သိမ်းထားသည့်ဖုန်းပင် အလုံး ၁၀၀၀ ကျော်ရှိ

မဲခေါင်၊ အောက်တိုဘာ ၅ တာချီလိတ်အခြေချ စစ်ဗျူဟာမှ G2 ဗိုလ်မှူးညီညီအောင်သွေးက ဗျူဟာမှူးသိမ်းခိုင်းသည်ဟုဆိုကာ အွန်လိုင်းဂိမ်းနှင့် ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းရမိသည့် ဖုန်းများအား စာရင်းဖျောက်ကာ ရောင်းစားထားသည်မှာ အလုံး ၁၀၀၀ ကျော်ရှိကြောင်း ဖမ်းဆီးရေးအဖွဲ့များနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ကျပ်သိန်း ၈၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လူ ၂ ဦး ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၄ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင် ဒေသကာလတန်ဖိုး ကျပ် ၈၈၈ ဒသမ ၉၃ သိန်းခန့်ရှိ မူးယစ်ဆေးဝါးများနှင့်အတူ အမျိုးသား ၂ ဦးကို အောက်တိုဘာ ၃ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ကားနှင့် ဆိုင်ကယ်တိုက်မိ၍ အမျိုးသားတစ်ဦး စိုးရိမ်ရဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၄ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အောက်တိုဘာ ၃ ရက် ညပိုင်းက ကားနှင့် ဆိုင်ကယ်တိုက်မိရာ ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားတစ်ဦး ဦးခေါင်းနှင့် မျက်လုံးများ ထိခိုက်ဒဏ်ရာရပြီး စိုးရိမ်ရသည့် အခြေအနေဖြင့် ဆေးရုံတင်ပို့ခဲ့ရကြောင်း သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်ခရိုင် သာသနာရေးမှူးရုံး ထောက်ခံစာပါ သစ်ကား မိုင်းတွင်း၌ ဖမ်းဆီးခံရ

မဲခေါင်၊ အောက်တိုဘာ ၄ ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်၊ နားကောင်းမူးကျေးရွာမှ တာချီလိတ်မြို့သို့ သယ်ဆောင်လာသည့် သစ်ကားတစ်စီးကို မိုင်းဆတ်မြို့နယ်အတွင်းရှိ မိုင်းတွင်းစုပေါင်းဂိတ်၌ တရားမဝင် သစ်မှောင်ခိုမှုဖြင့် စက်တင်ဘာလ နောက်ဆုံးပတ်အတွင်းက ဖမ်းဆီးအရေးယူထားကြောင်း သတင်းရရှိသည်။ ယင်းသစ်ကား ပေါ်တွင် ကျွန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တရုတ်အမျိုးသားနေ့နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအစည်းအဝေးကာလအတွင်း “ဝ”တပ်ဖွဲ့က နယ်စပ်ကင်းလှည့် လုံခြုံရေးမြှင့်မည်

မဲခေါင်၊ အောက်တိုဘာ ၂ တရုတ်နိုင်ငံ၏ အမျိုးသားနေ့နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အစည်းအဝေးကာလအတွင်း နယ်စပ်ဒေသလုံခြုံရေးနှင့် ထိန်းချုပ်မှုများ တိုးမြှင့်ဆောင်ရွက်မည်ဟု “ဝ”တပ်ဖွဲ့ (UWSA) လက်အောက်ခံ “ဝ”ပြည်နယ် တရားရေးကော်မတီက (WSP) က ယမန်နေ့တွင် ညွှန်ကြားချက်ထုတ်ပြန်လိုက်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရလခ စစ်တိုင်းမှူးအသစ် ခန့်အပ်ပြီး ကရင်နီနှင့် နေပြည်တော် နယ်မြေများသို့ စစ်ဆင်ရေးအာဏာ တိုးမြှင့် သုံးစွဲလာနိုင်

မဲခေါင်၊ အောက်တိုဘာ ၁ ​စစ်ကောင်စီသည် ဒေသကွပ်ကဲရေးမှူး (လွိုင်ကော်) ဖြစ်သူ ဗိုလ်မှူးချုပ် ဝေလင်းအောင် (DSA 42) အား အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) ၏ တိုင်းမှူးအဖြစ် တိုးမြှင့်ခန့်အပ်လိုက်ကြောင်း သိရသည်။ ​အလားတူ ခိုလန်မြို့ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now