နေ့စဥ်သတင်း

စစ်အာဏာသိမ်း ၄ နှစ်တာကာလအတွင်း ရှမ်းပြည်တွင် ဆန်ဈေး ၇၂ ရာခိုင်နှုန်းမြင့်တက်

မဲခေါင် 8 Sep - 2025
မဲခေါင်၊ စက်တင်ဘာ ၈ စစ်ကောင်စီအာဏာသိမ်းထားသည့် ၄နှစ်တာ ကာလအတွင်း ရှမ်းပြည်သည် ကုန်ဈေးနှုန်း အမြင့်ဆုံး မြင့်တက်ခဲ့သည့် ပြည်နယ်နှင့်တိုင်းဒေသကြီးစာရင်းတွင် ပါဝင်နေပြီး ဆန်ဈေးနှုန်းမှာ ၇၂ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး အစီရင်ခံစာကို မြန်မာဘာသာဖြင့် UN – OHCHR Myanmar က စက်တင်ဘာလ ၈ ရက်နေ့တွင် ဖြန့်ချိထုတ်ဝေခဲ့ခြင်းဖြစ်ပြီး အစီရင်ခံစာတွင် အထူးစိုးရိမ်စရာကောင်းသည်မှာ မြန်မာနိုင်ငံ၏ စားသောက်ကုန်ဈေးနှုန်းများမှာ အမြင့်ဆုံးအထိ မြင့်မားလာနေကြောင်း၊ ၂၀၂၄ခုနှစ်တွင် ပျှမ်းမျှ စားသောက်ကုန်ဈေးနှုန်းသည် ဝင်ငွေထက် ပိုမိုမြင့်မားလာနေကာ ၃၀ ရာခိုင်နှုန်းအထိ တိုးမြင့်လာ၍ မြို့ပြများတွင်

မဲခေါင်၊ စက်တင်ဘာ ၈

စစ်ကောင်စီအာဏာသိမ်းထားသည့် ၄နှစ်တာ ကာလအတွင်း ရှမ်းပြည်သည် ကုန်ဈေးနှုန်း အမြင့်ဆုံး မြင့်တက်ခဲ့သည့် ပြည်နယ်နှင့်တိုင်းဒေသကြီးစာရင်းတွင် ပါဝင်နေပြီး ဆန်ဈေးနှုန်းမှာ ၇၂ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး အစီရင်ခံစာကို မြန်မာဘာသာဖြင့် UN – OHCHR Myanmar က စက်တင်ဘာလ ၈ ရက်နေ့တွင် ဖြန့်ချိထုတ်ဝေခဲ့ခြင်းဖြစ်ပြီး အစီရင်ခံစာတွင် အထူးစိုးရိမ်စရာကောင်းသည်မှာ မြန်မာနိုင်ငံ၏ စားသောက်ကုန်ဈေးနှုန်းများမှာ အမြင့်ဆုံးအထိ မြင့်မားလာနေကြောင်း၊ ၂၀၂၄ခုနှစ်တွင် ပျှမ်းမျှ စားသောက်ကုန်ဈေးနှုန်းသည် ဝင်ငွေထက် ပိုမိုမြင့်မားလာနေကာ ၃၀ ရာခိုင်နှုန်းအထိ တိုးမြင့်လာ၍ မြို့ပြများတွင် ဝယ်ယူသုံးစွဲနိုင်စွမ်း ကျဆင်းခဲ့သည်ဟု ဖော်ပြထားသည်။

အစီရင်ခံစာ တင်သွင်းနေသည့် ၂၀၂၅ ခုနှစ် စက်တင်ဘာလအတွင်း ဆန်ဈေးနှုန်းသည် ချင်းပြည်တွင် ၈၇ ရာခိုင်နှုန်း၊ ရှမ်းပြည်တွင် ၇၂ ရာခိုင်နှုန်းနှင့် စစ်ကိုင်းတိုင်းတွင် ၅၀ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့သည်ဟု ဖော်ပြထားရာ မြန်မာနိုင်ငံတွင် တိုင်းနှင့် ပြည်နယ် ၁၄ခုအနက် ရှမ်းပြည်မှာ ဒုတိယ ဆန်ဈေးအမြင့်ဆုံး ပြည်နယ် ဖြစ်လာခဲ့သည်။

စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း ရှမ်းပြည်အတွင်း ဆန်ဈေးဆက်တိုက်မြင့်တက်နေကြောင်း ရှမ်းပြည်တောင်ပိုင်းတွင် နေထိုင်သူ တစ်ဦးကပြောသည်။

“ဆန်ဈေးနှုန်းက နှစ်တိုင်းလိုလို တောက်လျှောက် မြင့်တက်လာနေတာပဲ။ ဒေသဆန်တွေလည်း လိုက်မြင့်တက်လာခဲ့တာ” ဟု ၎င်းကပြောသည်။

ရှမ်းပြည်ဒေသထွက်ဆန်တစ်အိတ်သည် ၂၀၂၁ ခုနှစ်ကာလက ကျပ် ၇၀၀၀၀ ဝန်းကျင်သာ ရှိရာမှ ၂၀၂၅ ခုနှစ်တွင် ကျပ် ၁၆၀၀၀၀ အထိဈေးမြင့်တက်လာခဲ့သည်။

မြန်မာနိုင်ငံ၏ စားနှပ်ရိက္ခာမလုံလောက်မှု အခြေအနေမြင့်မားနေခြင်းက စိုးရိမ်ဖွယ်ရာ ဖြစ်နေပြီး အစားအစာ လက်လီဈေးနှုန်းများ နှစ်အလိုက် စံချိန်တင် မြင့်တက်နေသကဲ့သို့ ဆက်လက်မြင့်တက်နေဆဲ ဖြစ်ကာ ပဋိပက္ခ ဖြစ်ပွားနေသော ရခိုင်၊ ချင်း၊ ကယားနှင့် ရှမ်းပြည်တို့သည် ကုန်ဈေးနှုန်း အမြင့်ဆုံး ဖြစ်ခဲ့ကြောင်း ကမ္ဘာ့ဘဏ် အစီရင်ခံစာကလည်း ဆိုထားသည်။

ကျပ်ငွေ တန်ဖိုး ကျဆင်းခြင်း၊ ပဋိပက္ခ ပိုမိုဆိုးရွာလားခြင်း၊ ကုန်စည်ပို့ဆောင်ရေး ပြတ်တောက်ခြင်းများကြောင့် ကုန်ဈေးနှုန်းမြင့်တက်လာခြင်း စသည့်အခြေအနေများက စားနပ်ရိက္ခာ မလုံလောက်မှုကို ဖြစ်စေပြီး နိုင်ငံတွင်းရှိ အဆင်းရဲဆုံး ပြည်သူများသည် မြင့်တက်လာသည့် စားသောက်ကုန်ဈေးနှုန်းဒါဏ်ကို ပြင်းပြင်းထန်ထန် ခံရသူများ ဖြစ်လာသည် ဟုလည်း ဖော်ပြထားသည်။

#MeKongNews
#ရှမ်းပြည်
#ဆန်ဈေးအမြင့်ဆုံး
#ကုန်ဈေးနှုန်း
#OHCHR

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now