နေ့စဥ်သတင်း

မိုင်းတုံတွင် ပြည်သူ့စစ်များ ရုရှားနှင့်ဖက်စပ် သတ္တုတူးရန် ကြိုးပမ်းနေ

မဲခေါင် 3 Sep - 2025
မဲခေါင်၊ စက်တင်ဘာ ၃ ခရိုနီနေဝင်းထွန်း ကုမ္ပဏီအပါအဝင် ပြည်သူ့စစ်များက ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံခရိုင်အတွင်းရှိ သတ္တုများကို ရုရှားနှင့် ဖက်စပ်တူးဖော်ရန် ကြိုးပမ်းနေကြောင်း ရှမ်းအရှေ့သတ္တုအသိုင်းအဝိုင်းမှ သိရသည်။​ ပြီးခဲ့သည့် ဇွန်လအတွင်းက မိုင်းတုံမြို့ ၁၃မိုင်ရှိ ခနောက်စိမ်းထွက်ရှိရာနေရာသို့ ရုရှားသံရုံးမှ ၃ဦးပါအဖွဲ့ လာရောက်ကြည့်ရှုပြီးနောက် လာမည့် မကြာမီကာလအတွင်း ဖက်စပ်တူးဖော်နိုင်ချေ ရှိနေကြောင်း သတ္တုအသိုင်းအဝိုင်း သတင်းရင်းမြစ်တစ်ဦးက မဲခေါင်သို့ ပြောသည်။ “ကုမ္ပဏီတစ်ခုက နေပြည်တော်သတ္တုတွင်းကိုလျှောက်တာ အဲလုပ်ကွက်တွေက ဦးပိုင်နဲ့ ရုရှားဖက်စပ်လုပ်ဖို့ရှိလို့ မရဘူး ပြောတယ်။ PNOနဲ့ ဒေသခံပြည်သူ့ စစ်လည်း ပါမယ်ကြားတယ်။ မကြာဘူး လာလုပ်တော့မယ်” ၎င်းက စက်တင်ဘာ၂ရက်တွင် ပြောသည်။ ခနောက်စိမ်း ထွက်ရှိသည့် မိုင်းတုံ-မိုင်းဆတ်သွားလမ်း၏ ၁၃

မဲခေါင်၊ စက်တင်ဘာ ၃

ခရိုနီနေဝင်းထွန်း ကုမ္ပဏီအပါအဝင် ပြည်သူ့စစ်များက ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံခရိုင်အတွင်းရှိ သတ္တုများကို ရုရှားနှင့် ဖက်စပ်တူးဖော်ရန် ကြိုးပမ်းနေကြောင်း ရှမ်းအရှေ့သတ္တုအသိုင်းအဝိုင်းမှ သိရသည်။​

ပြီးခဲ့သည့် ဇွန်လအတွင်းက မိုင်းတုံမြို့ ၁၃မိုင်ရှိ ခနောက်စိမ်းထွက်ရှိရာနေရာသို့ ရုရှားသံရုံးမှ ၃ဦးပါအဖွဲ့ လာရောက်ကြည့်ရှုပြီးနောက် လာမည့် မကြာမီကာလအတွင်း ဖက်စပ်တူးဖော်နိုင်ချေ ရှိနေကြောင်း သတ္တုအသိုင်းအဝိုင်း သတင်းရင်းမြစ်တစ်ဦးက မဲခေါင်သို့ ပြောသည်။

“ကုမ္ပဏီတစ်ခုက နေပြည်တော်သတ္တုတွင်းကိုလျှောက်တာ အဲလုပ်ကွက်တွေက ဦးပိုင်နဲ့ ရုရှားဖက်စပ်လုပ်ဖို့ရှိလို့ မရဘူး ပြောတယ်။ PNOနဲ့ ဒေသခံပြည်သူ့ စစ်လည်း ပါမယ်ကြားတယ်။ မကြာဘူး လာလုပ်တော့မယ်” ၎င်းက စက်တင်ဘာ၂ရက်တွင် ပြောသည်။

ခနောက်စိမ်း ထွက်ရှိသည့် မိုင်းတုံ-မိုင်းဆတ်သွားလမ်း၏ ၁၃ မိုင်ရွာအနောက်ဘက် ၆အိုင်ခန့်အကွာအထိ ရုရှားများ လာရောက်စမ်းသပ်ခဲ့ကြောင်း သတ္တုမြေပုံတွင်ဖော်ပြထားသည်ဟု ယင်းသတင်းအရင်းအမြစ်က ဆိုသည်။

သတ္တုတူးဖော်ရာတွင် မိုင်းဆတ်အခြေစိုက် ရွှေလားဟူကုမ္ပဏီနှင့် ခရိုနီနေဝင်းထွန်း ကုမ္ပဏီများပါဝင်ကြောင်း ဒေသခံတစ်ဦးကလည်းပြောသည်။

“ရွှေလားဟူကုမ္ပဏီပိုင်ရှင် ပြည်သူ့စစ်ခေါင်းဆောင်နဲ့ ဦးနေဝင်းထွန်းကုမ္ပဏီတွေ ပါတယ်လို့ သိရတယ်။ ရွှေလားဟူက နေရာပြ၊ PNOက စရိတ်ခံပေါ့။ ရုရှားနဲ့ဦးပိုင်လုပ်မှာဖြစ်လို့ မြို့အရှေ့ဘက် ဟွေပါလောင်းမှာ ပြည်သူ့စစ်တွေစက်နဲ့ တူးနေတာတောင်ရပ်ထားရပြီ။ လက်တူးတာတော့ ရှိနေသေးတယ်” ဟု ၎င်းက မဲခေါင်သို့ ပြောသည်။

ယင်းသတ္တုလုပ်ကွက်များဆီသို့ အရပ်သားများ သွားရောက်ခွင့်မရဘဲ လက်နက်ကိုင်ပြည်သူ့စစ်များ ကင်းအထပ်ထပ်ဖြင့် လုံခြုံရေးရယူထားကြောင်း ဒေသခံများထံမှ သိရသည်။

ရုရှားအဖွဲ့မှာ အခြားခနောက်စိမ်းထွက်ရှိရာ ပုံပါကျင်အနီးမှ မုံးကျွတ်၌ စမ်းသပ်ရန် ကြိုးပမ်းခဲ့သော်လည်း ‘ဝ’ တပ်ဖွဲ့၏ ခွင့်ပြုချက်မရသဖြင့် သွားရောက်ခဲ့နိုင်ခြင်းမရှိကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

လက်ရှိ သတ္တုတူးဖော်မှုစနစ်တွင် ဦးပိုင်မှ ၄၀ရာ ခိုင်နှုန်းပါရှိမှသာ တူးဖော်ခွင့်နှင့် သက်တမ်းတိုးခွင့် ရှိကြောင်း သတ္တုကုမ္ပဏီများထံမှ သိရသည်။

သတ္တုတူးဖော်ခွင့်တွင် စမ်းသပ်တူးဖော်ခွင့်ကာလကို ၂နှစ်သတ်မှတ်ထားပြီး သက်တမ်းတစ်နှစ်စီဖြင့် ၂ကြိမ်သက်တမ်းတိုးခွင့်ရှိကာ ယင်းကာလအတွင်း ထွက်ရှိသတ္တုများကို ဝန်ကြီးဌာနသို့မသွင်းရဘဲ တူးဖော်ခွင့်ကျမှသာ ထွက်ရှိမှု၏ ၂၀ရာခိုင်နှုန်းပေးသွင်းကြရကြောင်း လုပ်ထုံးလုပ်နည်းများအရ သိရသည်။

အချို့သော ကုမ္ပဏီများအနေဖြင့် ခနောက်စိမ်းဟု တရားဝင်ပြပြီး ရွှေတူးဖော်သည်များလည်း ရှိနေသဖြင့် သတ္တုစစ်ဆေးရေးက ရှောင်တခင်နှင့် ပုံမှန်စစ်ဆေးနေရကြောင်း ဒေသခံများထံမှ သိရှိရသည်။

#MeKongNews
#ခနောက်စိမ်း
#သတ္တုတူးဖော်ရေး
#မိုင်တုံ
#ရှမ်းအရှေ့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now