နေ့စဥ်သတင်း

စစ်ကောင်စီတပ်များ အကျအဆုံးများစွာဖြင့် နောင်ပိန်ကို ထိန်းချုပ်

မဲခေါင် 31 Aug - 2025
မဲခေါင်၊ သြဂုတ် ၃၁ ကျောက်မဲမြို့နယ် ထန်းတပင်ရွာမှ ခြေကုတ်ရယူပြီး နောင်ပိန်ကို လေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့် အင်အားသုံးတိုက်နေသည့် စစ်ကောင်စီစစ်ကြောင်းသည် နောင်ပိန်ကျေးရွာကို သြဂုတ်လ ၂၉ ရက်၌ ထိန်းချုပ်သွားနိုင်ပြီဖြစ်ကြောင်း မြေပြင် သတင်းအရင်းအမြစ်များထံမှ သိရသည်။ တရုတ်ကူမင်းဆွေးနွေး​မှု၌ နိုင်ငံရေးအရ ရယူမှုမရှိတော့ဘဲ စစ်ရေးအရသာ တိုက်ယူမည်ဆိုသည့် စစ်ရေးအသာစီးလုပ်ရပ်ဟုနိုင်ငံရေးအကဲခတ်များက သုံးသပ်သည်။ “သူတို့သေတာ အနည်းဆုံး ၃၀ ကျော်မယ်။ တော်လှန်ရေးဘက်ကလည်း ကျတယ်။ ပြည်သူလည်း ၁၀ဦးကျော်သေပြီလေ။ ဒဏ်ရာရတာ ၄၀ကျော်၊ အိမ်တွေလည်း အများကြီး မီးလောင်ပျက်စီးခဲ့ပြီ”ဟု ဒေသခံတစ်ဦးက ပြောသည်။ နောင်ပိန်မှာ ထန်းတပင်နှင့် ၂ မိုင်ခန့်သာဝေးကွာသည်ကို သြဂုတ်လ ၁၉ ရက်မှ ၂၉ ရက်အထိ

မဲခေါင်၊ သြဂုတ် ၃၁

ကျောက်မဲမြို့နယ် ထန်းတပင်ရွာမှ ခြေကုတ်ရယူပြီး နောင်ပိန်ကို လေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့် အင်အားသုံးတိုက်နေသည့် စစ်ကောင်စီစစ်ကြောင်းသည် နောင်ပိန်ကျေးရွာကို သြဂုတ်လ ၂၉ ရက်၌ ထိန်းချုပ်သွားနိုင်ပြီဖြစ်ကြောင်း မြေပြင် သတင်းအရင်းအမြစ်များထံမှ သိရသည်။

တရုတ်ကူမင်းဆွေးနွေး​မှု၌ နိုင်ငံရေးအရ ရယူမှုမရှိတော့ဘဲ စစ်ရေးအရသာ တိုက်ယူမည်ဆိုသည့် စစ်ရေးအသာစီးလုပ်ရပ်ဟုနိုင်ငံရေးအကဲခတ်များက သုံးသပ်သည်။

“သူတို့သေတာ အနည်းဆုံး ၃၀ ကျော်မယ်။ တော်လှန်ရေးဘက်ကလည်း ကျတယ်။ ပြည်သူလည်း ၁၀ဦးကျော်သေပြီလေ။ ဒဏ်ရာရတာ ၄၀ကျော်၊ အိမ်တွေလည်း အများကြီး မီးလောင်ပျက်စီးခဲ့ပြီ”ဟု ဒေသခံတစ်ဦးက ပြောသည်။

နောင်ပိန်မှာ ထန်းတပင်နှင့် ၂ မိုင်ခန့်သာဝေးကွာသည်ကို သြဂုတ်လ ၁၉ ရက်မှ ၂၉ ရက်အထိ ၁၂ ရက်ကြာ တိုက်ယူခဲ့ရခြင်းဖြစ်သည်။

“ကျောက်မဲနဲ့တော့ ၈ မိုင်လောက်ဝေးတဲ့နေရာ စစ်တပ်တွေရောက်နေတယ်ကြားတယ်။ အဲမှာ စစ်ကြောင်းတွေဆိုင်ထားတယ်” ဟုဒေသခံတစ်ဦးက ပြောသည်။

သြဂုတ်လ ၂၉ ရက်၊ နေ့လယ် ၂ နာရီဝန်းကျင်တွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောက်မဲမြို့နယ် ခိုက်တုန်ဟုန်းရွာအတွင်း လက်နက်ကြီးကျပြီး ပီမောင်ဆိုသူ စစ်ရှောင်ရင်း အိမ်ခဏပြန် ဆန်၊ ဆီ တစ်ခေါက်ပြန်ယူသူ လက်နက်ကြီး ထိမှန်သေဆုံးရကြောင်း သိရသည်။.

အလားတူ စစ်ကောင်စီက ယင်းနေ့ နေ့လယ်ပိုင်းတွင် ကျောက်မဲမြို့ပြည်ထောင်စုလမ်းမဘေး လွယ်ခေါ်ရွာနတ်စင်မျက်နှာချင်းဆိုင်ရှိ တောင်ပေါ်နှင့် ရွာအထွက်လမ်းကွေ့အနီး ဒရုန်းဖြင့် ဗုံး၂လုံးလာရောက်ပစ်ချခဲ့သော်လည်း ထိခိုက်ပျက်စီးမူမရှိကြောင်းသိရသည်။

လတ်တလောတွင် စစ်ရေးအသားစီးရနေသည့် စစ်ကောင်စီက ​တိုက်ပွဲသတင်းများကို ဆက်တိုက်ဖော်ပြနေပြီး လက်ရှိစစ်ဆင်ရေးကို ဩဂုတ် ၁၉ ရက်မှ ၂၉ ရက်အထိ ရက်ပေါင်း ၁၂ ရက်ကြာ ဆင်နွှဲခဲ့ပြီး ရွာများနှင့်နေရာအချို့ကို သိမ်းပိုက်ခဲ့ကာ တိုက်ပွဲကြီးငယ် ၄၇ ကြိမ် ဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားသည်။

မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးရဲ့ အဓိကလမ်းပိုင်းဖြစ်သည့် နောင်ချို – ကျောက်မဲ လမ်းပိုင်းကို ကုန်စည်စီးဆင်းမှု ပုံမှန်ပြန်ဖြစ်စေဖို့ ရည်ရွယ်ပြီး နယ်မြေရှင်းလင်းရေး စစ်ဆင်ရေး ဆင်နွှဲနေခြင်းဖြစ်သည်ဟု စစ်ကောင်စီဘက်က ဖော်ပြထားသည်။

#MeKongNews
#ကျောက်မဲ
#နောင်ပိန်
#စစ်ကောင်စီ
#TNLA
Photo – Visit Kyaukme

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now