စစ်ရေးသတင်း

ငွေတောင်ရွာတိုက်ပွဲ စစ်ကောင်စီတပ်ဘက်မှ ၁၅ ဦးထက်မနည်းသေဆုံး၊ တော်လှန်ရေးတပ်များ သေနတ် ၆လက်ရ

မဲခေါင် 31 Aug - 2025
မဲခေါင်၊ သြဂုတ် ၃၀ စစ်မှုထမ်းလူသစ် အများစု ပါဝင်ပြီး ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ရွာသစ်တွင်အင်အား ၁၀၀ ကျော်ဖြင့် တပ်စွဲထားသည့် စစ်ကောင်စီတပ်အား ရှမ်းတောင်၊ ကရင်နီ တော်လှန်ရေးတပ်ပေါင်းစုများ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်မှ ၁၅ ဦးထက်မနည်းသေဆုံးပြီး သေနတ်၆လက် ရရှိခဲ့ကြောင်း ရှမ်းတောင်၊ ကရင်နီစစ်တိုင်း ဗျူဟာအမှတ် ၁၁ က ဩဂုတ်လ ၃၀ ရက် ညနေပိုင်းတွင် ထုတ်ပြန်သည်။ သြဂုတ်လ ၂၉ ရက်၊ နံနက် ၁၀နာရီမှစတင်တိုက်ပွဲဖြစ်ပွားခဲ့ရာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁၅ ဦး ထက်မနည်းသေဆုံးပြီး ၃၀ကျော်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန် ရေးတပ်ပေါင်းစုဘက်မှ ၂ ဦး မစိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာရကြောင်း

မဲခေါင်၊ သြဂုတ် ၃၀

စစ်မှုထမ်းလူသစ် အများစု ပါဝင်ပြီး ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ရွာသစ်တွင်အင်အား ၁၀၀ ကျော်ဖြင့် တပ်စွဲထားသည့် စစ်ကောင်စီတပ်အား ရှမ်းတောင်၊ ကရင်နီ တော်လှန်ရေးတပ်ပေါင်းစုများ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်မှ ၁၅ ဦးထက်မနည်းသေဆုံးပြီး သေနတ်၆လက် ရရှိခဲ့ကြောင်း ရှမ်းတောင်၊ ကရင်နီစစ်တိုင်း ဗျူဟာအမှတ် ၁၁ က ဩဂုတ်လ ၃၀ ရက် ညနေပိုင်းတွင် ထုတ်ပြန်သည်။

သြဂုတ်လ ၂၉ ရက်၊ နံနက် ၁၀နာရီမှစတင်တိုက်ပွဲဖြစ်ပွားခဲ့ရာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁၅ ဦး ထက်မနည်းသေဆုံးပြီး ၃၀ကျော်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန် ရေးတပ်ပေါင်းစုဘက်မှ ၂ ဦး မစိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာရကြောင်း ဗျူဟာအမှတ် ၁၁ ဗျုဟာမှူး နတ်ဆိုးက မဲခေါင်သို့ ပြောသည်။

တိုက်ပွဲအတွင်းရန်သူ့လက်နက် MA-1 ၄ လက်၊ MA-2 တစ်လက် နှင့် MA-3 တစ်လက် စုစုပေါင်း (၆) လက်နှင့် ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့‌ကြောင်း ၎င်းက ပြောသည်။

“လူသစ် ပစ တွေများတယ်။ လူဟောင်းက နဲနဲပဲပါတယ်။ သူတို့က လမ်းပြင်ရင်းစစ်ကြောင်းထိုးလာတာ၊ ကျနော်ဦးဆောင်ပြီး ရွာထဲဝင်တိုက်တာ၊ ထွက်ပြေးကုန်တာ ပြန်ခံပစ်တာနည်းတယ်”ဟု ဗျူဟာမှူးနတ်ဆိုးက မဲခေါင်သို့ ပြောသည်။

ယင်းတိုက်ပွဲတွင် ရှမ်းတောင် ၊ ကရင်နီ စစ်တိုင်းဗျူဟာ(၁၁) နှင့် ကရင်နီပြည်နယ်ရှိ တပ်ပေါင်းစုများက ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့‌ကြပြီး ဒရုန်းတပ်ဖွဲ့များဖြစ်သည့် ရှမ်းတောင် ဒရုန်းတပ်ဖွဲ့ ၊ ဗျူဟာ (၁၁) ဒရုန်းတပ်ဖွဲ့ ၊ DMO Local ဒရုန်းတပ်ဖွဲ့၊ UAV ဒရုန်းတပ်ဖွဲ့ နှင့် KNA ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့‌ခြင်းဖြစ်ကြောင်း သိရသည်။

တော်လှန်ရေးတပ်ပေါင်းစုဘက်မှာ ကျားတက်ထိုးရာတွင် စစ်ကောင်စီဘက်မှ သေနတ်မောင်းပင်မတင်နိုင်သူများ၊ သေနတ်ချပြီး ထွက်ပြေးသူများပင်ရှိကြောင်း အခြားရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ကရင်နီအင်အား ၂၀၀ ခန့် ညာသံပေးပြီးကျားတက်ထိုးတော့ သေနတ်မောင်းမတင်နိုင်သူရှိတယ်။ သေနတ်ပစ်ချပြီး ထွက်ပြေးသူများတယ်။ ခံပစ်သူနည်းပါတယ်။ တဝင်းပူမျဉ်းစောင်းတွေက ဆရာကြီးတွေလုပ်ပြီး ၂နှစ်သားစစ်သည်တွေဆိုတာ တိုက်ပွဲအတွေ့ကြုံနည်းတော့ တိုက်ပွဲဖြစ်တာနဲ့ ပြေးကြတာ။ ဒီးမော့ဆိုမြို့ သိမ်းနိုင်ပြီဆိုပြီး လိုင်းပေါ်မှာစစ်တပ်ကကြွားလုံးထုတ်ပေမယ့် မြေပြင်မှာတော့ စစ်တပ်အင်အားအနည်းငယ်နဲ့ မြို့စောင့်ထားပြီး သံချပ်ကာကားကအစ လွိုင်ကော်ပြန်ဆုတ်ထားနေတာ” ဟု ၎င်းကပြောသည်။

ဒီးမော့ဆိုမြို့နယ်တဝိုက်တွင် စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုများရှိနေသည့်အတွက် လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို လမ်းမကြီးကို ရက်အကန့်အသတ်မရှိ ပိတ်ထားမည်ဖြစ်‌ကြောင်း KNDF က ဩဂုတ်လ ၁၀ ရက်နေ့တွင်ထုတ်ပြန်ထားသည်။

မဟာ
#MeKongNews
#ရှမ်းတောင်
#ကရင်နီ
#ဗျူဟာအမှတ်၁၁
#ဗျူဟာမှူး
#ဗျူဟာမှူးနတ်ဆိုး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးအောင်ကိုကို ပို့ကုန်/သွင်းကုန် အမှု ၈မှုပေါင်းကို လာဘ်စားပြီး ထောင်တစ်လသာချ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၏ တပည့်ဟုဆိုကာ လာဘ်စားကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၈ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ပို့ကုန်/သွင်းကုန် အမှုပေါင်း ၈မှုကိုပေါင်းကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ထောင်ဒဏ်တစ်လသာ ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်ခံ TIH က ဆေးပညာဘွဲ့ (M.B.,B.S) ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

မဲခေါင်၊ စက်တင်ဘာ ၃ တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH” ၏ ဆေးပညာဘွဲ့ [Bachelor of Medicine, Bachelor of Surgery

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၃ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့မှ သိန္နီမြို့ဘက်အထွက်တွင် ရှိသည့် အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေသလို မြို့တွင်း ပစ္စည်းချယာဉ်များကိုလည်း အဖွဲ့စုံမှ ငွေလိုက်လံတောင်းရမ်းမှုများ ရှိနေသဖြင့် ယာဉ်မောင်းများ အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟု ယာဉ်မောင်းများက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက်လုပ်ခဲ့သည့်ကျောင်းများအပါအဝင် သီပေါမြို့နယ်ရှိ ကျောင်းများကို MNDAA ဆက်ဖွင့်မည်

မဲခေါင်၊ ဩဂုတ် ၃ စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက် လုပ်သည့် သီပေါမြို့နယ်ရှိ ကျောင်းနေရာများတွင် MNDAA-ကိုးကန့်တပ်ဖွဲ့ကလည်း ကျောင်းများ ထပ်မံဖွင့်လှစ်မည်ဟု ထုတ်ပြန်လာသည်ကို တွေ့ရသည်။ ကိုးကန့်တပ်ဖွဲ့အနေဖြင့် သီပေါဒေသဘက်တွင် ဒေသခံကျောင်းသား၊ ကျောင်းသူများအတွက် အမက ဆွတ်လန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

MNDAA ထိန်းချုပ်ဒေသတွင် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ မုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်

မဲခေါင် ၊ စက်တင်အာ ၃ ကိုးကန့်တပ်ဖွဲ့-MNDAAထိန်းချုပ်ဒေသတွင် ကွင်းဆင်းစစ်ဆေးရေးပြုလုပ်ပြီးနောက် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ သွားရည်စာမုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်လိုက်သည်ဟု ယနေ့တွင် သတင်းထုတ်ပြန်သည်။ ကိုးကန့်တပ်၏ ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်စန်မြို့လယ် ပစ်ခတ်မှုဖြစ်၊ ဗုံးခွဲမည်ဟု ခြိမ်းခြောက်သည့် စစ်ကောင်စီဗိုလ်ကြီးအား ရဲတပ်ဖွဲ့မှ ပစ်သတ်ခြင်းဟုဆို

မဲခေါင်၊ သြဂုတ် ၂၇ ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့လယ်တွင် ယမန်နေ့ည ၇ နာရီခန့်က စစ်သားတစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်တို့ အချင်းများရာမှ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်သားသေဆုံးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များအရ သိရသည်။ နမ့်စန်မြို့ပေါ် မြို့လယ်နာရီစင်အနီးတွင် ယမန်နေ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကြယ်တံခွန်မိုတယ် အွန်လိုင်းဂိမ်း ဖမ်းဆီးမှုမှ လူငယ် ၂၀၀ ကျော်ကို ၆ လ ကျော်ကြာမှ ပြင်းထန်သည့် ဥပဒေပုဒ်မဖြင့် စွဲချက်တင်ကာ ကျိုင်းတုံထောင်သို့ ပြောင်းရွှေ့ စစ်ဆေး၊ မိသားစုဝင်များ များစွာ အခက်အခဲဖြစ်နေရပြီး ပိုင်ရှင်နှင့် တာဝန်ခံများမှာမူ လွတ်မြောက်နေ

မဲခေါင်၊ ဩဂုတ် ၂၇ တာချီလိတ်မြို့ရှိ ကြယ်တံခွန်မိုတယ်တွင် အွန်လိုင်းဂိမ်း (အွန်လိုင်းလောင်းကစားလုပ်ငန်း) တွင် ဝင်ရောက်လုပ်ကိုင်းရင်း ဖမ်းဆီးခံရသည့် လူငယ် ၂၀၀ ကျော်ကို ပြင်းထန်သည့် ဥပဒေပုဒ်မ တစ်ခုဖြစ်သည့် အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၃၃(က)

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now